နိုင်ငံရေးသံဝေဂ

★ အသက် (၂၀) ကျော်၊ လူငယ်ဘဝမှာ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ထိစပ်ဖို့ အကြောင်း ဖန်လာခဲ့တယ်။ ကျနော်ဟာ ပါတီဝင်နိုင်ငံရေးသမား မဟုတ်ပေမယ့်၊ ပါတီနိုင်ငံရေးနဲ့ ထိထိစပ်စပ်၊ ပူးပူးကပ်ကပ်ရှိလွန်း လှတယ်လို့ ပြောနိုင်တယ်။ တစ်ဖက်မှာလည်း ကွန်မြူနတီအလုပ်မှာဝင်ရောက် ခြေဆန့်ရင်း၊ ဆက်နွှယ်တဲ့ အလုပ်တွေကို ခပ်များများ လုပ်ခဲ့တယ်။ ကွန်မြူနတီထဲမှာ အများဆုံးလုပ်ဖြစ်ခဲ့တာက တော့ နိုင်ငံရေးပါတီတွေကို နိုင်ငံရေးစာသင်တဲ့ ကျောင်းဆရာ...

လူ့အောက်ကျို့ဖို့ သင်ကြားခံရဖူးသလား

ကျနော်တို့ ငယ်စဉ်ကလေးဘဝတုန်းက၊ လူကြီးသူမတွေ ဆုံးမဖူးတဲ့စကားတွေထဲမှာ အမှတ်ထားခဲ့ရတာတွေ ရှိတယ်။ အဲသည့်ထဲက တစ်ခုက၊ ဟဲ့ခလေး….“ လူ့အောက်ကျို့လို့ လူပိမသေဘူး” တဲ့။ မြန်မာ့လူမှုဓလေ့ထုံးစံမှာ၊ လူအချင်းချင်းကြားမှာ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ထောင်လွှားမှု မလုပ်ဖို့၊ မာန မထောင်လွှားဖို့နဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချဖို့ သွန်သင်တာလို့ နားလည်ရပါတယ်။ သို့သော်လည်း ဒါဟာ ငယ်စဉ်ကလေးဘဝမှာ၊ ကျနော်တို့ကို ရိုကျိုး တတ်အောင် လုပ်ပေးလိုက်တာ၊...

▄ ဗမာလေ့လာရေး

▣ (မြန်မာ့လူမှုနိုင်ငံရေးဓလေ့) ဒီနေရာမှာ ဝေါဟာရ စကာလုံး လေးလုံးကို တွေ့နိုင်တယ်။ (၁) မြန်မာ၊ (၂) လူမှု၊ (၃) နိုင်ငံရေး နဲ့ (၄) ဓလေ့။ ဒီစကားလုံးလေးလုံးကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ မြန်မာတွေရဲ့ လူမှုနိုင်ငံရေးဓလေ့ကို လေ့လာဖြစ်အောင် ဒေါက်တာမောင်မောင်ကြီးရဲ့ ဗမာ့နိုင်ငံရေးတန်ဖိုး (Burmese Political Value) ကျမ်းက စပြီး လှုပ်နိုးလိုက်တာဖြစ်ပါတယ်။ ဗမာ့နိုင်ငံရေးတန်ဖိုးတွေကို...

▄ အချောင်စားတွေ

ပါမောက္ခချုပ်ဆရာတော်ကြီး ဟောတဲ့တရား နားထောင်ဖြစ်တယ်။ အဲသည့်အထဲမှာ၊ လူ့ပြည်ဆိုတာ ဝီရိယဘုံ…တဲ့။ နောက် ရှိသေးတယ်။ လူ့ပြည်ဆိုတာ - နတ်ပြည်နဲ့ ငရဲပြည်ဆက်ထားတဲ့ ဘုံ…တဲ့။ • နတ်ပြည်နဲ့ ဆက်နေတာဖြစ်ခြင်းကြောင့် လူ့ဘုံမှာ ချမ်းသာသုခဆိုတာ ရှိတယ်။• ငရဲပြည်နဲ့ ဆက်ထားတာ ဖြစ်ခြင်းကြောင့် လူ့ဘုံမှာ ဆင်းရဲဒုက္ခဆိုတာ ရှိတယ်။• လူ့ဘုံဆိုတာ ဆင်းရဲချမ်းသာ ရောထွေးနေတဲ့ ဘုံပဲ။ တခါတရံ...

▣ ဖေ့ဘုတ်ခ် ဆိုတာ ပန်းခြံလား

ဖေ့ဘုတ်ခ် (FACEBOOK) ဆိုတာ ပန်းခြံလားလို့ မေးလိုက်တော့ အမေးခံရသူရဲ့ အမြင်မှာ၊ သစ်ပင်ပန်းမန်တွေ စုံလင်ဖူးပွင့်နေတဲ့ ပဒေသစုံပန်းခင်းကြီးကို သွားမြင်လိမ့်မယ်။ သို့တည်းမဟုတ် နှင်းဆီပန်းတွေ၊ စံပယ်ပန်းတွေ၊ သစ်ခွပန်းတွေ စိုက်ပျိုးထားတဲ့ ပန်းခြံလေးကို သွားမြင်မိမယ်။ အနီးစပ်ဆုံးတော့ ကိုယ်ရောက်ဖူးခဲ့တဲ့ ကြည်နူးဖွယ် ပန်းခြံလေး၊ ပန်းခင်းလေးတွေကို ပြေးမြင်မိကြလိမ့်မယ်။ ကောင်းတဲ့အာရုံ၊ ကြည်လင်တဲ့အာရုံ၊ ငြိမ်းချမ်းတဲ့အာရုံ၊ အေးမြတဲ့အာရုံဓာတ်ကို စွဲလမ်းသူအဖို့ ဒီလို...

▄ ဆိုရှယ်လစ်လမ်းစဉ် နိဂုံး

• မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီအနေနှင့် ဆိုရှယ်လစ်စီးပွားရေးစနစ်အား နိုင်ငံပိုင်စီးပွားရေးစနစ်ဖြင့် ဖော်ဆောင်ရာတွင် နှစ်ကြာသည်နှင့်အမျှ အောင်မြင်မှု မရှိတော့ပါ။ ပါတီဝင်အားလုံးနှင့် ပြည်သူများ နှစ်ရှည်လများ ခြိုးခြံချွေတာ၍ မနေနိုင်ကြတော့ပေ။ ဇွဲမကောင်းနိုင်ကြတော့ပေ။ မျှတစွာ စားသုံးရ သော အချိုးကျစနစ်၊ မလောက်၍ မဲနှိုက်ရသောစနစ်၊ မကြိုက်တာရော ကြိုက်တာရော တွဲယူရသော စနစ်၊ မိမိပိုင်မြေတွင် စီမံကိန်း သီးနှံအား ကြိုက်ကြိုက် မကြိုက်ကြိုက် စိုက်ရသောစနစ်၊...

▣ ဗမာ့စိတ်ထား

ပုံပြင်တွေဟာ သမိုင်းမဟုတ်ပေမယ့်၊ သမိုင်းကို ခြေရာကောက်တဲ့နေရာမှာ အတော်အသုံးဝင်တဲ့အရာတွေ ဖြစ်ပါတယ်။ လူတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ စတိုရီ (ပုံပြင်) တွေ ပြောပြီး၊ ကိုယ့်ပတ်ဝန်းကျင်အကြောင်းကို နားလည်အောင် လက်ဆင့်ကမ်းခဲ့ကြတယ်။ ပုံပြင်တွေဟာ လူ့အဖွဲ့အစည်းရဲ့ အတွင်းစိတ်ဓာတ်ခံကို ညွှန်ပြနေပါတယ်။ သမိုင်းကို လေ့လာတဲ့နေရာမှာ၊ အချက်အလက်မှတ်တမ်းတွေကိုချည်းပဲ မလေ့လာဘဲ၊ အတိတ်သမိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့လူ့အဖွဲ့အစည်းရဲ့ ဝိညာဉ်ကိုလည်း ရှာဖို့ လိုပါတယ်။ သမိုင်းကို လေ့လာတဲ့အခါ...