ဆရာ – ဒကာ စီမံချက်ဖြင့် သိမ်းသွင်းခံလိုက်ရသော ဘုန်းကြီးများ

စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းမှာ၊ plan နဲ့ လုပ်တာ၊ အစီအစဉ်နဲ့ စနစ်တကျ လုပ်တာ၊ စီမံချက်နဲ့ လက်တွေ့ကျကျ လုပ်တာမျိုးကို တွေ့ရတယ်။ မိမိလိုချင်တဲ့ အရာကို မစ်ရှင်တစ်ခုလို သဘောထားပြီး အဆင့်လိုက် အဆင့်လိုက် အလွှာလိုက် အလွှာလိုက် လက်တွေ့ကျကျ အကောင်အထည်ဖော်တာမျိုးကို စစ်တပ်က လုပ်လေ့ရှိတယ်။ အုပ်ချုပ်ရေးအာဏာနဲ့ နိုင်ငံရေးအာဏာကို စစ်တပ်က ဦးစီးချုပ်ကိုင်ပြီးနောက်ပိုင်း နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း...

မင်းဆရာ ဘုန်းကြီး

★ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဗမာလူမျိုးတို့ ကြီးစိုးများပြားတဲ့တိုင်းပြည်တစ်ခုဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ မဟုတ်တဲ့ လူမျိုးစုတွေ အများအပြားရှိပေမယ့်၊ ဗမာလူအုပ်စုထက် မကျော်လွန်ပါ။ ဗမာအပြင် ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ လူမျိုးစုတွေလည်း ရှိနေပါသေးတယ်။ သူတို့နဲ့ပါ ပေါင်းလိုက်ရင်၊ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းဟာ မြန်မာနိုင်ငံမှာ အရေအတွက်အများဆုံး ဖြစ်တာတွေ့ရပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်တည်မှုအစကို လေ့လာကြည့်ရင်၊ တိုင်းပြည်တည်ထောင်ပြီး မရှေးမနှောင်းမှာပဲ သံဃာ့အဖွဲ့အစည်း လည်း ပေါ်ပေါက်လာတာကို...

ဘုန်းကြီးတွေ အနေကျုံ့လာတယ်

★ Critic-on-Buddhist-Monks-by-Min-ThaytDownload ဒီနေ့ခေတ် ဒီနေ့အချိန်လောက် ဗမာလူမျိုးတွေရဲ့ သူတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရား (ဗုဒ္ဓဘာသာ) အပေါ်မှာ - အခုလောက် ဝေဖန်စောကြောတာမျိုး မလုပ်ခဲ့ကြဘူးလို့ ပြောနိုင်ပါတယ်။ ဗုဒ္ဓဘာသာယဉ်ကျေးမှု ဓလေ့ ထုံးတမ်း အားကြီးတဲ့ လူ့အဖွဲ့အစည်း ဖြစ်နေတာလည်း ပါတယ်။ လူအများထဲကနေ တစ်ဦးတည်း တစ်ယောက်တည်း ဖဲ့ထွက်ပြီး စောဒကတက်တာ၊ ဝေဖန်စောကြောတာကို လုပ်ဖို့ ဝန်းကျင်က...

စာရိတ္တပြန်လည်တည့်မတ်ရေးနှင့် ဘုန်းကြီးသံဃာများ၏ အခန်းကဏ္ဍ

စာရိတ္တမဏ္ဍိုင်ပြန်လည် တည့်မတ်ရေးမှာ၊ ဘုန်းကြီးသံဃာတွေက တာဝန်ရှိတာလား၊ ဝတ္တရားရှိတာလား။ အမျိုးသားရေးမှာ ကိုယ်ကျင့်တရား အခြေခံပါ။ ခေတ်ဆိုးခေတ်ကျပ်ခေတ်ပျက်ထဲမှာ ပထမဆုံးယိုယွင်းတာက ကိုယ်ကျင့်တရားပါ။ စားဝတ်နေရေး မပြေလည်တဲ့ အခါ၊ အခြေအနေအရ ဆိုတဲ့ ဆင်ခြေကိုကိုင်ဆွဲပြီး၊ ကျူးလွန်ခဲ့ကြတဲ့ မကောင်းမှုတွေနဲ့ စာရိတ္တယိုယွင်းမှုတွေ။ ခေတ်သစ်ကို ပြန်ရောက်ခဲ့ရင်တောင်၊ ခေတ်ပျက်ထဲမှာ ပျက်ခဲ့တဲ့ ကိုယ်ကျင့်တရားတွေကို နဂိုမူလထက် ကောင်း အောင် ပြုပြင်နိုင်ဖို့ ခဲယဉ်းလှတယ်။...

ရဟန်း ၊ စာအုပ်ဝေဖန်ခန်း (၁)

(ရဟန်း - သံသရာမှ လွတ်မြောက်စေသူ ၊ဒေါက်တာတိုးလှ ၊ ပဉ္စဂံစာအုပ်တိုက်၊ ရန်ကုန်၊ ၂၀၁၉ ၊ နိုဝင်ဘာ၊ ပထမအကြိမ်) ၂၀၁၉ နိုဝင်ဘာလ၊ မြန်မာသမိုင်းပညာရှင် ဒေါက်တာတိုးလှ ရေးတဲ့ “ရဟန်း” ဆိုတဲ့စာအုပ်ကို ထုတ်ဝေပါ တယ်။ ဒေါက်တာတိုးလှဆိုတာ မြန်မာသမိုင်းအဖွဲ့ဝင်၊ အတွင်းရေးမှူး၊ ဒုဥက္ကဌတာဝန်တွေကိုလည်း ယူခဲ့သူဖြစ် ပါတယ်။ သမိုင်းဆိုင်ရာ စာအုပ်စာတမ်းတော်တော်များများကို ရေးသားခဲ့သူဖြစ်ပါတယ်။...

ဗုဒ္ဓဒဿန

လူတစ်ယောက်ဟာ ဒဿနိကဘာသာရပ်ကို လေ့လာသင်ယူသင့်တယ်လို့ ကျနော်ထင်တယ်။ စနစ်တကျ လေ့လာသင်ယူမှု မလုပ်နိုင်ဘူး ဆိုရင်တောင်၊ ဒဿနိကနယ်ပယ်ကို စိတ်ဝင်စားသင့်တယ်။ ဒဿနိကလို့ ပြောရင် စာဆန်ဆန်ဖြစ်နေလိမ့်မယ်။ အတွေးအမြင် ဒါမှမဟုတ် အတွေးအခေါ်လို့ ပြောရင် လူပိုနားလည်လိမ့် မယ်။ ဆောင်းပါးတွေထဲမှာလည်း အတွေးအမြင်ဆောင်းပါး ဆိုတဲ့အမျိုးအစားရှိတယ်။ စာပေထဲမှာလည်း ဒဿနစာပေ အခန်းကဏ္ဍဟာ ကြီးကြီးမားမား ရှိနေတယ်။ ပညာရပ်ဆိုင်ရာနယ်ပယ်မှာလည်း ဒဿနိကဗေဒ ဆိုတာ...

Burma Version Buddhism အကြောင်း ရှင်းချက်။

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာ,က ဟောကြားခဲ့ပြီးပါပြီ။ ဘုရားပေါ်ကို အမျိုးသမီး မတက်ရ ဆိုတာကို ‘it’s not Buddhism, it’s tradition’ လို့ ဟောခဲ့ပြီးပါပြီ။ အမျိုးသမီး၊ အမျိုးသားကိစ္စဟာ ဗုဒ္ဓ အဟော မဟုတ်ပါဘူး။ ဗုဒ္ဓအဆုံးအမလည်း မဟုတ်ပါဘူး။ ဗုဒ္ဓကိုယ်တိုင်က လူမျိုးအားဖြင့်၊ လိင်အားဖြင့်၊ ဆင်းရဲချမ်းသာအားဖြင့်၊ ရာထူးအာဏာအားဖြင့်၊ ဒေသအားဖြင့်၊ ဂုဏ်အဆင့်အတန်း ခွဲခြားဆက်ဆံခြင်း မရှိပါဘူး။...