သာသနာ့အာဏာရှင်တွေနဲ့ မဆိုင်

လူထုရဲ့ ဒုက္ခအဖိအစီးမှာ နှုတ်ဆိတ်နေခဲ့တဲ့ ဘုန်းကြီးတွေနဲ့ မဆိုင် အာဏာရှင်စစ်မင်းကို သစ္စာခံတဲ့ သာသနာ့အာဏာရှင်တွေနဲ့ မသက်ဆိုင် ဗုဒ္ဓသာသနာကို “ငါ ဘုန်းကြီး သာသနာ” လုပ်ချင်သူတွေနဲ့ မဆိုင် သာသနာကို ဘယ်သူပိုင်သလဲနိုင်ငံတော်ကို ဘယ်သူပိုင်သလဲပြည်သူကို ဘယ်သူပိုင်သလဲ  သမိုင်းဆရာ ဒေါက်တာသန်းထွန်းဟာ — “သာသနာကို ဘယ်သူမှ မပိုင်ဘူးကွ” လို့ ပြတ်ပြတ်သားသား ပြောခဲ့ဖူး တယ်။ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကို ရုပ်ပိုင်းနည်းနဲ့...

မင်းဆရာ ဘုန်းကြီး

★ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဗမာလူမျိုးတို့ ကြီးစိုးများပြားတဲ့တိုင်းပြည်တစ်ခုဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ မဟုတ်တဲ့ လူမျိုးစုတွေ အများအပြားရှိပေမယ့်၊ ဗမာလူအုပ်စုထက် မကျော်လွန်ပါ။ ဗမာအပြင် ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ လူမျိုးစုတွေလည်း ရှိနေပါသေးတယ်။ သူတို့နဲ့ပါ ပေါင်းလိုက်ရင်၊ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းဟာ မြန်မာနိုင်ငံမှာ အရေအတွက်အများဆုံး ဖြစ်တာတွေ့ရပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်တည်မှုအစကို လေ့လာကြည့်ရင်၊ တိုင်းပြည်တည်ထောင်ပြီး မရှေးမနှောင်းမှာပဲ သံဃာ့အဖွဲ့အစည်း လည်း ပေါ်ပေါက်လာတာကို...

ဘုန်းကြီးတွေ အနေကျုံ့လာတယ်

★ Critic-on-Buddhist-Monks-by-Min-ThaytDownload ဒီနေ့ခေတ် ဒီနေ့အချိန်လောက် ဗမာလူမျိုးတွေရဲ့ သူတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရား (ဗုဒ္ဓဘာသာ) အပေါ်မှာ - အခုလောက် ဝေဖန်စောကြောတာမျိုး မလုပ်ခဲ့ကြဘူးလို့ ပြောနိုင်ပါတယ်။ ဗုဒ္ဓဘာသာယဉ်ကျေးမှု ဓလေ့ ထုံးတမ်း အားကြီးတဲ့ လူ့အဖွဲ့အစည်း ဖြစ်နေတာလည်း ပါတယ်။ လူအများထဲကနေ တစ်ဦးတည်း တစ်ယောက်တည်း ဖဲ့ထွက်ပြီး စောဒကတက်တာ၊ ဝေဖန်စောကြောတာကို လုပ်ဖို့ ဝန်းကျင်က...

မဟာဂန္ဓာရုံဆရာတော်၏ သွန်သင်ချက်

လွန်ခဲ့တဲ့ (၈) နှစ်လောက်က ဖြစ်မယ်။ ၂၀၁၃ ခုနှစ်လောက်ကပေါ့။ စာကြည့်တိုက်မှူးလုပ်ရင်း၊ စာအုပ်တွေကို မွှေပြီး ဖတ်ရတာ ဘယ်လောက် ကံကောင်းလိုက်သလဲ။ မှတ်မှတ်ရရ မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ အဆိုအမိန့် စာအုပ်ကလေး။ အင်္ဂလိပ် - မြန်မာ တွဲလျက်ပေါ့။ အဲသည့်စာအုပ်ပါးပါးကလေးထဲက ဆရာတော်ကြီး မိန့်မှာချက် တွေကို မှတ်စုစာအုပ်ထဲမှာ အတော်များများ ကူးမှတ်ထားတယ်။ အခုလည်း ပြန်ပြန် ဖတ်မိတယ်။...

စာရိတ္တပြန်လည်တည့်မတ်ရေးနှင့် ဘုန်းကြီးသံဃာများ၏ အခန်းကဏ္ဍ

စာရိတ္တမဏ္ဍိုင်ပြန်လည် တည့်မတ်ရေးမှာ၊ ဘုန်းကြီးသံဃာတွေက တာဝန်ရှိတာလား၊ ဝတ္တရားရှိတာလား။ အမျိုးသားရေးမှာ ကိုယ်ကျင့်တရား အခြေခံပါ။ ခေတ်ဆိုးခေတ်ကျပ်ခေတ်ပျက်ထဲမှာ ပထမဆုံးယိုယွင်းတာက ကိုယ်ကျင့်တရားပါ။ စားဝတ်နေရေး မပြေလည်တဲ့ အခါ၊ အခြေအနေအရ ဆိုတဲ့ ဆင်ခြေကိုကိုင်ဆွဲပြီး၊ ကျူးလွန်ခဲ့ကြတဲ့ မကောင်းမှုတွေနဲ့ စာရိတ္တယိုယွင်းမှုတွေ။ ခေတ်သစ်ကို ပြန်ရောက်ခဲ့ရင်တောင်၊ ခေတ်ပျက်ထဲမှာ ပျက်ခဲ့တဲ့ ကိုယ်ကျင့်တရားတွေကို နဂိုမူလထက် ကောင်း အောင် ပြုပြင်နိုင်ဖို့ ခဲယဉ်းလှတယ်။...

ဦးဝိစာရ (သို့မဟုတ်) အာဏာဖီဆန်ရေး၏ သင်္ကေတ၊ တော်လှန်သော သတ္တိရှေ့ဆောင်

ဆရာတော် ဦးဝိစာရကို ဆရာတော် ဦးဥတ္တမထက် ပိုပြီး ထင်ရှားလူသိများစေတဲ့အရာတွေ ရှိပါတယ်။ တကယ်တော့၊ ဆရာတော် ဦးဥတ္တမဟာ ဆရာတော် ဦးဝိစာရရဲ့ နိုင်ငံရေးလမ်းပြ ပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။ သို့သော် ဆရာတော် ဦးဝိစာရဟာ ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြမှုနဲ့ ထင်ရှားပါတယ်။ ကိုလိုနီအစိုးရကို အာဏာဖီဆန်တဲ့နေရာမှာ၊ အဆုံးစွန်ဆုံးအထိ မလျော့သောဇွဲနပဲနဲ့ အာခံမှုဟာ ပြင်းထန်လွန်းတာကြောင့် ဦးဝိစာရကို လူအများက ပိုပြီး သတိရတာဖြစ်ပါလိမ့်မယ်။...

ရခိုင်လူမျိုး ဗမာ့ဝံသာနုနိုင်ငံရေးရှေ့ဆောင် ဆရာတော် ဦးဥတ္တမ

ဆရာတော် ဦးဥတ္တမဟာ ရခိုင်လူမျိုး ပညာတတ် ရဟန်းတစ်ပါးဖြစ်ပါတယ်။ ဦးဥတ္တမဟာ သာမန်ပညာတတ် ရဟန်းတစ်ပါး မဟုတ်ပါဘူး။ ပါဠိ ပိဋကတ်ကိုသာ တတ်ကျွမ်းတဲ့ ရဟန်းလည်း မဟုတ်ပါဘူး။ အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်တယ်။ ပါဠိ ပိဋကတ်ကိုလည်း ကျွမ်းကျင်တတ်မြောက်တယ်။ နိုင်ငံတကာကို ခရီးသွားလာ၊ လှည့်ပတ်ပြီးတော့ အထွေထွေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ဘာသာရေး အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်ထားတဲ့...

ဗမာ့လွတ်မြောက်ရေးတိုက်ပွဲတွင်းက ဆရာတော်နှစ်ပါး

မြန်မာထုရဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွင်းမှာ၊ ထင်ရှားတဲ့ လူပုဂ္ဂိုလ် အမြောက်အမြား ရှိခဲ့ပါတယ်။ ထိုလူတွေထဲမှာ၊ မျိုးချစ်တွေ ပါတယ်။ ပညာတတ်တွေ ပါတယ်။ ကျောင်းသားတွေ ပါတယ်။ သတင်းစာဆရာတွေ ပါတယ်။ စာပေ အနုပညာသမားတွေ ပါတယ်။ နိုင်ငံရေးသမားတွေ ပါတယ်။ တောင်သူလယ်သမားတွေ၊ အလုပ်သမားတွေလည်း ပါဝင်ကြတယ်။ လူမျိုးစုနိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်ကြတယ်။ ပြည်ပမှာ ပညာသင်ကြားလာတဲ့ မြန်မာပညာတတ်တွေ ပါဝင်ကြပါတယ်။ နောင်အခါမှာ၊...