စာအုပ်တွေ ထုတ်ဝေနေရခြင်း အကြောင်း 

ကျနော်ဟာ ဘယ်ကိစ္စ ဘယ်အရာကို လုပ်လုပ်၊ ပြောပြော အကြောင်းအကျိုးကို အမြဲတမ်းလိုလို စဉ်းစားလေ့ရှိ တယ်။ အမြဲတမ်း စဉ်းစားတယ်လို့ ရေးရင် ယုတ္တိမတန်မှာ စိုးလို့၊ “...လေ့ရှိတယ်” ဆိုတဲ့ အသုံးကိုပဲ သုံးပါတယ်။ မိတ်ဆွေ တချို့က ပြောတယ်၊ ခင်ဗျား ဘာ့ကြောင့် စာအုပ်တွေ စွတ်ထုတ်ဖို့ ကြိုးစားနေရသလဲ။ စာအုပ်တွေ ထုတ်တာ ကြီးပွားချမ်းသာနိုင်လို့လား။  စာအုပ်တွေ...

စခရင်နဲ့ စက္ကူပေါ်က ရာခိုင်နှုန်းများ

၂၀၂၁ ခုနှစ် ၊ အောက်တိုဘာ (၁၃)။ လွန်ခဲ့သော (၆) လကျော်လောက်က၊ “စာဖတ်သူ စစ်တမ်း” တစ်ခု ကျနော် ကောက်ခံခဲ့ပါတယ်။ မေးခွန်းအားလုံးကို ဖြေဆိုတဲ့သူ စုစုပေါင်း (၆၆၇) ယောက် ရှိပါတယ်။ ‘စာဖတ်သူစစ်တမ်း’ မှာ မေးတဲ့ မေးခွန်း နံပါတ် (၆) နဲ့ (၉) အတွက် တွေ့ရှိချက်တချို့ကို တင်ပြချင်တယ်။...

တို့မန္တလေး

လူထုဒေါ်အမာ၊ မန္တလေးသူ မန္တလေးသားများကြီးပွားရေးစာအုပ်တိုက်၊ ဒုတိယအကြိမ်။၂၀၁၉ ၊ ဧပြီလ။မန္တလေးသူ မန္တလေးသားတို့၏ ရုပ်ပုံလွှာများ။ လူထုဒေါ်အမာရေးမှ၊ မန္တလေးသားတစ်ယောက် မန္တလေးအကြောင်း ကောင်းကောင်းကန်းကန်း သိရသည်။ မန္တလေးပထဝီအရ ရေးဖွဲ့သည်များ ရှိသလို၊ မင်းနေပြည်တော်ဖြစ်သည့်အတွက် မြို့ပြလူနေမှုသဘော ရေးတာတွေ လည်း ဖတ်ဖူးသည်။ ယခု လူထုဒေါ်အမာ၏ မန္တလေးသူ မန္တလေးသားများ စာအုပ်မှာ၊ ရုပ်ပုံလွှာများဟု ပြောနိုင်ပါ သည်။ ပြောရပါမည်။...

ခေတ်ဟောင်းမြန်မာစာပေအညွှန်း

တိုက်စိုး နှင့် မင်းယုဝေ၊ မြန်မာစာမိတ်ဖွဲ့စိတ်ကူးချိုချိုစာပေ၊ စတုတ္ထအကြိမ်။၂၀၀၅ ဒီဇင်ဘာ။မြန်မာစာပေကိုလေ့လာလိုက်စားသူတို့အတွက် လက်စွဲစာအုပ်။ “ဒီစာအုပ်က စာပေအညွှန်း၊ စာရေးဆရာဝေဖန်ချက်ပဲ။ စာမိတ်ဆက်၊ စာအုပ်မိတ်ဆက်၊ စာရေးဆရာ မိတ်ဆက် ဖြစ်တယ်။ စာကြီးပေကြီးကို ဝေဖန်ရေးထက် ဖတ်ချင့်စဖွယ်၊ အကောင်းကို ဖော်ထုတ်ရေးသား၊ အတုယူဖွယ်ကို မြင်အောင်ပြုလျက်…. စာပေနယ်ကို ကျေးဇူးပြုစေ၏။ (မင်းသေ့၊ ၂၀၂၀ အောက်တိုဘာ ၅)” မြန်မာစာမိတ်ဖွဲ့စာအုပ်သည်၊ တိုက်စိုးနှင့်...

စစ်သေနင်္ဂဗျူဟာကျမ်း

မူရင်း - The ART of WAR by Sun-Tzuဆွန်ဇ၏ စစ်ပညာမြင့်သန်း - ဘာသာပြန်၊ တည်းဖြတ်၊ မှတ်ချက်ရေးသည်မုံရွေးစာပေ၊ ပထမအကြိမ်။၂၀၁၂ စက်တင်ဘာလ။ မြင့်သန်း၏ စာများကို ကျနော် သိပ်မခံတွင်းမတွေ့ပါ။ ကျနော့်လိုင်းမဟုတ်တာလည်း ပါပါလိမ့်မည်။ သို့သော် မြင့်သန်းစာအုပ်များကို တကူးတက ကျနော် ဝယ်စုပါသည်။ မြင့်သန်းသည် သာမန်ညောင်ညအားထုတ်မှုမျိုးဖြင့် စာရေးသူမဟုတ်ဟု ကျနော်...

သတင်းစာဆရာမှ စာရေးဆရာသို့

ကလောင်စုံ၊ နှစ် ၉၀ ပြည့် လူထုဦးလှလူထုကြီးပွားရေးစာအုပ်တိုက်၊ ပထမအကြိမ်။၂၀၀၀ ဇွန်။လူထုဦးလှ နှစ် ၉၀ ပြည့် အမှတ်တရစာများ။ စာပေဖြင့် နိုင်ငံနှင့်လူ့အဖွဲ့အစည်းကို ကျေးဇူးပြုခဲ့သူများထဲတွင်၊ လူထုဦးလှက ထိပ်ဆုံးမှ ပါဝင်ပါသည်။ စာပေ လောကတွင်၊ လူထုဦးလှထက် လူထုဒေါ်အမာအကြောင်းကို ပို၍ ကျယ်လောင်စွာ ပြောကြသည်။ အဘယ့်ကြောင့် နည်း။ မြန်မာ့လူ့အဖွဲ့အစည်း၏ နိုင်ငံရေးဓလေ့နှင့် သက်ဆိုင်သည်ဟု ထင်ပါသည်။...

လူထုစိန်ဝင်း၏ သွန်သင်ချက်မှ

(စာရေးတာကို တာဝန်တစ်ခုလို သဘောထားပါ) မန္တလေးစာပေမျိုးဆက် (၄) ဆက်မှာတွေ့ရတဲ့ စာရေးခြင်းစိတ်ဇော ဘယ်လောက်ထက်သန်သလဲဆိုတာကို ဒီဆောင်းပါးမှာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။လူထုဒေါ်အမာ၊လူထုစိန်ဝင်း၊ဒေါက်တာခင်သစ်နှင်း၊ထို့နောက်….. လူထုရေမြေ လူထုဒေါ်အမာ (၁၉၁၅ - ၂၀၀၈) နဲ့ လူထုစိန်ဝင်း (၁၉၄၀ - ၂၀၁၂)တို့မှာ တူတဲ့အချက် တစ်ခုရှိတယ်။ အမေမာရဲ့ ဆောင်းပါးတွေကို ဖတ်ရင် ရိုးရိုးနဲ့ သိပ်သွက်တာပဲ။ ဖတ်ရတဲ့သူမှာ တောင့်နေတယ်၊...

စာရေးတတ်ချင်လား

စာရေးတတ်ချင်လား…. တင်ပါး ကော်သုတ်ထား။ ဖင်မြဲပါလို့ ပြောတာ။ စာရေးတဲ့ အလုပ်မှ၊ မဟုတ်ဘူး။ ဘယ်အလုပ်ကို လုပ်လုပ် ဖင်မမြဲရင် မရဘူး။ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဘာမှ လောက်လောက်လားလားဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ လူတွေက၊ စာရေးတတ်ချင်တယ်လို့၊ တစ်ဖွဖွ ပြောကြတယ်။ ဒါ့ပေမယ့်၊ မှတ်စုစာအုပ်မှာ မှတ်စု ၁၀ မျက်နှာထုတ်ကြည့်ပါလို့ ပြောရင်၊ မလုပ်နိုင်ကြဘူး။ မှတ်စု ထုတ်တာကို၊...