ဆုတံဆိပ်များ ဘွဲ့ထူးဂုဏ်ထူးများနှင့် ကျွန်မွေးမြူရေး နိဿရည်း

သိုသိုသိပ်သိပ်နေ “keep low profile” လို့ ပြောကြတယ်။ သိုသိုသိပ်သိပ်နေဆိုတာဟာ တမင်တကာ လေ့ကျင့်ရတဲ့ ကိစ္စဖြစ်ပါတယ်။ ပါဝါရဲ့ ဥပဒေသတွေကို ပို့ချတဲ့စာအုပ်တွေမှာ၊ လျှို့လျှို့ဝှက်ဝှက်နေဖို့၊ သိုသိုသိပ်သိပ်နေဖို့၊ တိတ်တိတ်လေးနေဖို့ အတွက် အမြဲ ပို့ချတာတွေ့ရတယ်။ မြန်မာစကားပုံမှာလည်း၊ လူပြောမသန် လူသန် မပြော… လို့ အဆိုရှိတယ်။ ဖြစ်နိုင်ရင် ဟောင်ဖွာဟောင်ဖွာ မလုပ်ဘဲနဲ့ လုပ်စရာရှိတာတွေကို ကြိတ်လုပ်နေဖို့...