အန်တီ – ဒေါ်စု

မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ကာယကံမြောက်ပါဝင်နိုင်ပါအုံးမလား။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဇာတ်ခုံပေါ် ထပ် မမြင်ချင်တဲ့သူတွေ ရှိသလား။  ရှိနိုင်ပါတယ်။ ရှိနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ထပ်ပြီး ပေါ်မလာစေချင် တဲ့သူတွေ ရှိနိုင်ပါတယ်။ ဒီလိုလူတွေဟာ အုပ်စုတစ်ခုတည်းကပဲ ရှိမယ်လို့ ယူဆနိုင်ပါသလား။ မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်နေတဲ့ အုပ်စုကြီးတစ်ခုတည်းမှာတင် ရှိနိုင် မယ်လို့ တရားသေ မှတ်ယူလို့ မရနိုင်ပါ။...

အောင်ဆန်းစုကြည်စကား

အောင်ဆန်းစုကြည်၊ ဒီစကား ၁၀၀စာအုပ်စျေးစာပေ၊ ပထမအကြိမ်၂၀၁၆ မေ ။ ၂၀၁၂ ခုနှစ် ဧပြီလမှ စ၍ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်နိုင်ငံရေးထဲဝင်ရောက်လာခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း မြန်မာ့နိုင်ငံရေးထဲတွင် ပေါ်ပေါ်ထင်ထင် လှုပ်ရှားလာပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပါတီအာဘော်ဂျာနယ်ဖြစ်သည့် ဒီလှိုင်းစာစောင်သည်လည်း မှန်မှန်ကြီး ထွက်ရှိလာပါသည်။ ဒီလှိုင်းစာစောင်တွင် ဒေါ်အောင်ဆန်းစုကြည်ရေးသားခဲ့သော ဆောင်းပါးများကို စုစည်း ထုတ်ဝေထားသော စာအုပ်ဖြစ်ပါသည်။ ဒီစကား ၁၀၀ ဟု...

တပ်စရိုက်လား…. စစ်ဗိုလ်စရိုက်လား….

• (၁) မြန်မာစစ်ဗိုလ်တွေရဲ့ အကျင့်က၊ ရှေ့လူလုပ်သွားခဲ့တာတွေကို နောက်ကလူက ပြန်ပြန်ဖျက်တတ်တဲ့ အကျင့် စွဲမြဲနေပါတယ်။ လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီခေတ်မှာ တည်ဆောက်ခဲ့သမျှ ရေခံမြေခံကောင်းတွေကို ဗိုလ်နေဝင်းလည်း ၆၂ မှာ အာဏာသိမ်းပြီးရော၊ အားလုံးဖျက်စီးလိုက်တယ်။ ပါလီမန် ဒီမိုကရေစီခေတ်မှာ တည်ဆောက်ခဲ့တဲ့ ဈေးကွက်စနစ်ရဲ့ ရေခံမြေခံကောင်းတွေဟာ၊ အားလုံး ဘူးသီးနုနု အမွှေးသပ်ပစ်လိုက်သလို။ တော်လှန်ရေးကောင်စီလက်ထက် ခေတ်ပြောင်းတော်လှန်ရေးလို့ ကြွေးကြော်ပြီး...

||| ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ |||

မှာ / ||| မွေးဖွားခြင်း အထိမ်းအမှတ် |||| အသက် (၃၀) ပြည့်ပြီ။ ခရီးကြမ်းကိုလည်း ဖြတ်သန်းခဲ့ရပြီးပြီ။ ရှေ့ဆက် ကြုံတွေ့ရမယ့် ခလုတ်ကသင်းတွေက လည်း ရှိသေးတယ်။ လောလောဆယ် အနှောက်အယှက်တွေကလည်း ကြုံနေရဆဲပဲ။ ကောင်းသောလမ်းကို လျှောက်သူအဖို့၊ ဖြောင့်တယ်ဆိုတာ မရှိပါဘူး။ ကွေ့ကောက်ကောက်နဲ့ အခုအခံ၊ အတားအဆီး၊ ပြဿနာတွေ ရှိနေမှာပါပဲ။ ဘာပဲ ပြောပြော...