မြန်မာ့တပ်မတော် နေထွက်ချိန်နှင့် နေဝင်ချိန် (The Rise and Fall of Tatmadaw)

မြန်မာစစ်တပ်ဟာ ပြိုကွဲဖို့ ခဲယဉ်းလှတယ်လို့ ထင်မြင်ခဲ့သူတွေထဲမှာလည်း ကျနော်ပါခဲ့တယ်လို့ ဝန်ခံပါရစေ။ သို့သော်လည်း စစ်အာဏာသိမ်းမှု နောက်ပိုင်းကာလ အတွင်းဖြစ်ပျက်တဲ့ဖြစ်စဉ် ဖြစ်ရပ်တွေကို ကျနော် မပြတ် စောင့်ကြည့်လေ့လာခဲ့ပါတယ်။ အထူးသဖြင့် မြေပြင်သတင်းတွေကို အနီးစပ်ဆုံးရနိုင်အောင် ကျနော် လုပ်ခဲ့ပါ တယ်။ အောက်ခြေက အဖြစ်အပျက်တွေဟာ သတင်းတိုက်ပွဲတွေနဲ့ ဝါဒဖြန့်ချိနေတာတွေလား၊ ဘယ်အရာ ဘယ်လောက်ဖြစ်တန်ခြေရှိတယ်ဆိုတာကို မပြတ် အကဲခတ်ခဲ့ပါတယ်။ အခုလည်း မပြတ်ကြည့်နေဆဲဖြစ်ပါ...

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)

မနေ့က - “အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးတပ်ဦးလား (သို့တည်းမဟုတ်) စင်ပြိုင်အစိုးရလား” ဆိုတဲ့ ဆွေးနွေးပွဲတစ်ခုမှာ၊ ဝိုင်းဝန်းဆွေးနွေးချက်တွေ နားထောင်ဖြစ်ခဲ့တယ်။ ဒီဆွေးနွေးပွဲမှာ၊ ကြားရတဲ့ သဘောထားတွေနဲ့ ကျနော့် ထင်မြင်ယူဆချက်ကို ပေါင်းစပ်ပြီးတော့ အနီးစပ်ဆုံးထင်ဟပ်နိုင်တဲ့ ပုံတစ်ခုကို ချဆွဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ အခု ဖော်ပြထားတဲ့ပုံ ထွက်လာပါတယ်။ သဘောမညီမှု​တွေ ရှိနိုင်သည့်တိုင်၊ တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်နေသူတွေရဲ့ အများစုထင်မြင်ယူဆချက်ကို ထင်ဟပ်နိုင်လိမ့်မယ်လို့...

သူတို့ ဒီမိုကရေစီကို မုန်းတယ်၊ ဘာ့ကြောင့်လဲ….

ဒီမိုကရေစီဆိုတာ အကောင်းဆုံး အစိုးရပုံစံတော့ မဟုတ်ဘူး။ ဒါပေမယ့် စစ်အစိုးရထက် ပိုကောင်းတယ်။ စစ်အာဏာရှင်အစိုးရ ပုံစံထက် ပိုကောင်းတယ်။ ဘာလို့လဲဆိုတော့ ၊ ဒီမိုကရေစီမှာ လူသား လွတ်လပ်ခွင့်တွေ ရှိတယ်။ ကိုယ့်ကြမ္မာ ကိုယ်ပြဌာန်းခွင့်ရှိတယ်။ ကိုယ့်ဘဝကို လွတ်လွတ်လပ်လပ် ဖန်တီးနိုင်ခွင့် ရှိတယ်။ လွတ်လပ်မှုဟာ ဒီမိုကရေစီရဲ့ အခြေခံ အနှစ်သာရ ဖြစ်တယ်။ လွတ်လပ်ခွင့်သာ ရှိရင် ကိုယ်စွမ်းကိုယ်စတွေ...

စီနီယာ ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ်ကို ကဖျက်ယဖျက် လုပ်လေသလား ဖျက်လိုဖျက်စီး လုပ်တာလား

၁။ လမ်းပြ မြေပုံ (၇) ချက်ချပြီး၊ လမ်းစဉ်အတိုင်း အကောင်အထည်ဖော်ခဲ့တဲ့၊ ဗိုလ်သန်းရွှေနဲ့ သူ့နောက်လိုက်များ။ ဦးသိန်းစိန်၊ သူရရွှေမန်း၊ ဦးတင်အေး၊ ဦးတင်နိုင်သိန်း၊ ဦးစိုးသိမ်း၊ ဦးအောင်မင်း။ သူတို့ဟာ စစ်ဘက်ဗိုလ်ချုပ်ကြီးဟောင်းတွေ ဆိုတာ လူတိုင်းသိထားပြီးသားဖြစ်ပါတယ်။ ၂။ ၁၉၅၀ တစ်ဝိုက်က၊ တောင်ကိုရီးယားနိုင်ငံက သမ္မတ ပတ်ချုံဟီးဟာ၊ စစ်ယူနီဖောင်းချွတ်ပြီး အရပ်သားအစိုးရအသွင် အုပ်ချုပ်ခဲ့ပါ တယ်။ ရွေးကောက်ပွဲကျင်းပပေးပြီး...

စစ်ဘောင်ချဲ့ခြင်း နှင့် စစ်ဘုရင်တို့၏ အကျိုးစီးပွား

• မြန်မာတွေရဲ့ ပဒေသရာဇ်သမိုင်းကို ကြည့်ရင်၊ ဘုရင်တွေဟာ စစ်ကို လက်ကိုင်ပြုပြီး ဘုရင်ဖြစ်လာတာတွေ့ရပါလိမ့်မယ်။ ဒါ့ကြောင့် ဘုရင်တွေဟာ သူ့ဩဇာအာဏာစက်ကျယ်ဝန်းအောင်၊ စစ်ကို ချဲ့လေ့ ရှိတယ်။ စစ်ဘောင်ကို ချဲ့လေ့ ရှိတယ်။ စစ်ဘောင်ကျယ်လေလေ၊ လက်နက်ကိုင်တပ်ခေါင်းဆောင်ဟာ လုပ်ပိုင်ခွင့်နဲ့ ဩဇာအာဏာစက် ကျယ်ဝန်းလေလေ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်နဲ့ လုပ်ပိုင်ခွင့် အာဏာ / ဩဇာဟာ စစ်ခေါင်းဆောင်...

တပ်စရိုက်လား…. စစ်ဗိုလ်စရိုက်လား….

• (၁) မြန်မာစစ်ဗိုလ်တွေရဲ့ အကျင့်က၊ ရှေ့လူလုပ်သွားခဲ့တာတွေကို နောက်ကလူက ပြန်ပြန်ဖျက်တတ်တဲ့ အကျင့် စွဲမြဲနေပါတယ်။ လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီခေတ်မှာ တည်ဆောက်ခဲ့သမျှ ရေခံမြေခံကောင်းတွေကို ဗိုလ်နေဝင်းလည်း ၆၂ မှာ အာဏာသိမ်းပြီးရော၊ အားလုံးဖျက်စီးလိုက်တယ်။ ပါလီမန် ဒီမိုကရေစီခေတ်မှာ တည်ဆောက်ခဲ့တဲ့ ဈေးကွက်စနစ်ရဲ့ ရေခံမြေခံကောင်းတွေဟာ၊ အားလုံး ဘူးသီးနုနု အမွှေးသပ်ပစ်လိုက်သလို။ တော်လှန်ရေးကောင်စီလက်ထက် ခေတ်ပြောင်းတော်လှန်ရေးလို့ ကြွေးကြော်ပြီး...

• စစ်သား စစ်ဗိုလ်

• တော်လှန်ရေးကာလမှာ ဘူးပေါ်သလို ပေါ်လာတယ်။ ဖုံးထားတာတွေ ပေါ်လာတယ်။ ငုပ်တာတွေ ပေါ်လာတယ်။ ဘယ်သူဟာ နိုင်ငံရေးသမား အစစ်လဲဆိုတာ ဘွင်းဘွင်းကြီးမြင်ရတယ်။ နိုင်ငံရေးမှာ သတ္တိ၊ သတိနဲ့ အသိတို့ ပိုလိုကြောင်း လူထုက နားလည်လာတယ်။ နိုင်ငံရေးပါတီတွေထဲမှာ အခွင့်အရေးသမားတွေ၊ ကိုယ်ကျိုးရှာသမားတွေနဲ့ ပြည့်နေကြောင်း လူထုဟာ သိလိုက်ရတယ်။ အရပ်ဘက်အောက်ကို ဇွတ်အတင်း ထိုးထည့်ခံရတဲ့ စစ်တပ်က စစ်ဗိုလ်တွေဟာလည်း...

သူခိုးတွေ သူခိုးတွေ

• သူခိုးတွေ ပြန်တက်လာပြီ။• သူခိုးတွေ ပြန်တက်လာပြီ။ • ဒီတစ်ခါတော့၊ သူခိုးတွေတင် မဟုတ်။ သူဝှက်တွေလည်း ပါသည်။ သရဲ ၊ သဘက်တွေလည်း ပါသည်။ သူရဲထက် သဘက်က ပိုဆိုးသည်။ တစ္ဆေအခြောက်ခံရသော ဘဝမှ၊ သဘက်များ၏ ဂုတ်ချိုးစားခံရမည့် ကိန်း။ • သူခိုးနဲ့အတူ ဓားပြများလည်း ပါသည်။ လူမိုက်များလည်း ပါသည်။ သူခိုး၊...