ရက္ခိုင်အမျိုးသားရေး နယူကလိယက်စ် (သို့မဟုတ်) အမျိုးသားရေးဆဲလ်များ ပြန့်နှံ့ခိုင်မာစေခြင်း

• အမြုတေ ကိုယ်ခံအားကောင်းအောင်တော့ ဖြည့်မှ ရမယ်။ အမြုတေ အားမကောင်းရင် ဆဲလ်တွေ အလုပ်သိပ်မလုပ်ဘူး။ 〓 အင်္ဂလိပ်လို စကားလုံး သုံးနှုန်းရရင် “Nucleus of Arakanese Nationalism” လို့ အနက်ပြန်ရမယ် ထင်ပါတယ်။ အဲသည့်နေရာမှာ နယူကလိယက်စ် [ nucleus ] ဆိုတာ အနက်ဆုံးအတွင်းပိုင်းက “အမြုတေ” ကို ပြောတာဖြစ်ပါတယ်။...

ကွန်ဖက်ဒရေးရှင်းအာဂျင်ဒါ နဲ့ ရက္ခိုင်

ကွန်ဖက်ဒရေးရှင်းနဲ့ အနက်သဘောမှာ - “အချုပ်အခြာအာဏာပိုင်ပြည်နယ်” ဆိုတဲ့အနက်သဘောပါဝင်တာ တွေ့ရပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးသမိုင်းဇာတ်ကို ကြည့်ရင် - အချုပ်အခြာအာဏာဆိုတဲ့ စကား လုံးကို နိုင်ငံတော်နဲ့ တွဲဖက်ပြီး သုံးစွဲတာမျိုးပဲ အလေ့အထုံ ရှိခဲ့ပါတယ်။ မြန်မာလူထုကိုယ်၌ကလည်း အချုပ်အခြာအာဏာဆိုတာ နိုင်ငံနဲ့သာ သက်ဆိုင်တဲ့ ကိစ္စလို့ မြင်ကြတာများတယ်။ ဒါဟာ စွဲနေတဲ့အမြင် ဖြစ်နေတယ်။ public memory ထဲမှာ...

မြန်မာပြည်မြေပုံသစ် အလားအလာနဲ့ ရက္ခိုင်နိုင်ငံတော်

New-Map-of-Burma-by-Min-ThaytDownload ဆောင်းပါးအကျဉ်းချုပ်။ ။ ဤဆောင်းပါးသည် ဖြစ်လာလတ္တံ့သော မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေးအပြောင်းအလဲ အရ နောင် ဆယ်စုနှစ်နှင့် ၂၁ ရာစုအလယ်ပိုင်း (၂၀၅၀ ခုနှစ်) ကာလအတွင်း ဖြစ်လာနိုင်ချေရှိသော မြန်မာပြည် မြေပုံသစ်အလားအလာကို ခန့်မှန်းတွက်ဆ၍ တင်ပြထားသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ဤခန့်မှန်းတွက်ဆ မှု၌၊ ရက္ခိုင်လူမျိုးတွေရဲ့ ခွဲထွက်ရေးအာဂျင်ဒါ (တနည်း) ရက္ခိုင်နိုင်ငံတော်ထူထောင်မှု မြေပုံသစ် တည်ဆောက်မှု...