ပရော်ဖက်ရှင်နယ်သမားအတွက် ပေတံလေးချောင်း

ပရော်ဖက်ရှင်နယ်ဆိုတာ ဟိုစပ်စပ်၊ ဒီစပ်စပ်သမား မဟုတ်ဘူး။ ေယာင်ဝါးလည်း မဟုတ်ဘူး။ အပေါ်ယံရှပ်ပြေး သိထားသူလည်း မဟုတ်ဘူး။ နက်နက်နဲနဲ လေ့လာထားတဲ့သူ။ ထုသားပေသားကျအောင် လေ့ကျင့်ထားတဲ့သူ။ သီအိုရီနဲ့ လက်တွေ့ကို ပေါင်းစပ်နိုင်သူ။ ပရော်ဖက်ရှင်နယ်ဆိုတဲ့စကားလုံးကို တော်တာ်များများ ကြားဖူးလိမ့်မယ်။ ပြောလည်းပြောဖူးလိမ့်မယ်။ သို့ပေမယ့် အနက်သဘောကိုမေးရင်၊ သေချာရှင်းရှင်းလင်းလင်း နားလည်ထားသူ နည်းလိမ့်မယ် ထင်တယ်။ ပရော်ဖက်ရှင်နယ်လို့ ပြောပေမယ့် အနက်သဘောကို တိတိကျကျနားမလည်ထားရင်...