ပညာတတ်ကိစ္စ

မြန်မာပြည်က နိုင်ငံတည်ဆောက်ရေးကို သွားနေရတယ်။ နိုင်ငံတည်ဆောက်ရေးမှာ အရေးတကြီးလိုအပ်ချက် တွေ ရှိတယ်။ အရေးအကြီးဆုံး လိုအပ်တာကတော့ လူ။ ပညာတတ်တဲ့လူ။ ပညာတတ်ရှိမှ နိုင်ငံတည်ဆောက် ရေးကို သွားလို့ရမယ်။ ပညာမတတ်တဲ့လူတွေနဲ့ ဒီမိုကရေစီကိုလည်း သွားလို့ မရဘူး။ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ ဖြစ်အောင်လည်း မလုပ်နိုင်ဘူး။ ပညာမတတ်တဲ့လူတွေရဲ့လက်ထဲကို ဒီမိုကရေစီစနစ် ထည့်ပေးလိုက်တာ သိပ်ကို အန္တရာယ်ကြီးတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ဆိုတာလည်း သယံဇာတကို...