မြန်မာ့တပ်မတော် နေထွက်ချိန်နှင့် နေဝင်ချိန် (The Rise and Fall of Tatmadaw)

မြန်မာစစ်တပ်ဟာ ပြိုကွဲဖို့ ခဲယဉ်းလှတယ်လို့ ထင်မြင်ခဲ့သူတွေထဲမှာလည်း ကျနော်ပါခဲ့တယ်လို့ ဝန်ခံပါရစေ။ သို့သော်လည်း စစ်အာဏာသိမ်းမှု နောက်ပိုင်းကာလ အတွင်းဖြစ်ပျက်တဲ့ဖြစ်စဉ် ဖြစ်ရပ်တွေကို ကျနော် မပြတ် စောင့်ကြည့်လေ့လာခဲ့ပါတယ်။ အထူးသဖြင့် မြေပြင်သတင်းတွေကို အနီးစပ်ဆုံးရနိုင်အောင် ကျနော် လုပ်ခဲ့ပါ တယ်။ အောက်ခြေက အဖြစ်အပျက်တွေဟာ သတင်းတိုက်ပွဲတွေနဲ့ ဝါဒဖြန့်ချိနေတာတွေလား၊ ဘယ်အရာ ဘယ်လောက်ဖြစ်တန်ခြေရှိတယ်ဆိုတာကို မပြတ် အကဲခတ်ခဲ့ပါတယ်။ အခုလည်း မပြတ်ကြည့်နေဆဲဖြစ်ပါ...