တရုတ်မုန်းတီးရေးအသံ လေနဲ့ ဝမ်းနဲ့ ကွဲရဲ့လား

၁။ မြန်မာတွေ တရုတ်ရဲ့ လွှမ်းမိုးမှုကို မရှောင်နိုင်ပါ။ လောလောဆယ်မှာ တရုတ်ကို ထိပ်တိုက်တွေ့တာထက် တရုတ်နဲ့ ဘယ်လို အလိုက်သင့်အလျားသင့်နေထိုင်မလဲဆိုတာကိုသာ တွေးသင့်တယ်။ ဒါဟာ မြန်မာ့နိုင်ငံရေးကို ဦးဆောင်နေတဲ့သူတွေရဲ့ အဓိက သဘောထားတိမ်းညွှတ်ချက်ဖြစ်သင့်တယ်။ မြန်မာ့လူ့အဖွဲ့အစည်းအနေနဲ့ ကြည့်ရင်လည်း၊ တရုတ် ရဲ့ ဝါးမြိုမှုကို လက်ခံဖို့လည်း မဟုတ်ဘူး၊ လိုက်လျောပေးလိုက်ရမှာလည်း မဟုတ်ဘူး။ ကိုယ့်ဘက်က လက်တွေ့ အားထုတ်မှုနဲ့ တုံ့ပြန်ဖို့ဖြစ်ပါတယ်။...