▄ အိန္ဒိယကို လေ့လာခြင်း

★ • Discovery of India by Nehru• အိန္ဒိယကို တွေ့ရှိခြင်း၊ ဘိုးလှိုင် (ဘာသာပြန်)• မုံရွေး စာပေ၊ ၂၀၀၉ ၊ ပထမအကြိမ်။• ၂၀၁၀ ခုနှစ် အမျိုးသားစာပေ (ဘာသာပြန်) ပထမဆုရ စာအုပ်။ အိန္ဒိယရဲ့ အဓိပတိ၊ ပထမဦးဆုံး ဝန်ကြီးချုပ် နေရူးရဲ့ ကိုယ်တိုင်ရေး စာအုပ်။ အိန္ဒိယအကြောင်း...

ဦးဝိစာရ (သို့မဟုတ်) အာဏာဖီဆန်ရေး၏ သင်္ကေတ၊ တော်လှန်သော သတ္တိရှေ့ဆောင်

ဆရာတော် ဦးဝိစာရကို ဆရာတော် ဦးဥတ္တမထက် ပိုပြီး ထင်ရှားလူသိများစေတဲ့အရာတွေ ရှိပါတယ်။ တကယ်တော့၊ ဆရာတော် ဦးဥတ္တမဟာ ဆရာတော် ဦးဝိစာရရဲ့ နိုင်ငံရေးလမ်းပြ ပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။ သို့သော် ဆရာတော် ဦးဝိစာရဟာ ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြမှုနဲ့ ထင်ရှားပါတယ်။ ကိုလိုနီအစိုးရကို အာဏာဖီဆန်တဲ့နေရာမှာ၊ အဆုံးစွန်ဆုံးအထိ မလျော့သောဇွဲနပဲနဲ့ အာခံမှုဟာ ပြင်းထန်လွန်းတာကြောင့် ဦးဝိစာရကို လူအများက ပိုပြီး သတိရတာဖြစ်ပါလိမ့်မယ်။...

ရခိုင်လူမျိုး ဗမာ့ဝံသာနုနိုင်ငံရေးရှေ့ဆောင် ဆရာတော် ဦးဥတ္တမ

ဆရာတော် ဦးဥတ္တမဟာ ရခိုင်လူမျိုး ပညာတတ် ရဟန်းတစ်ပါးဖြစ်ပါတယ်။ ဦးဥတ္တမဟာ သာမန်ပညာတတ် ရဟန်းတစ်ပါး မဟုတ်ပါဘူး။ ပါဠိ ပိဋကတ်ကိုသာ တတ်ကျွမ်းတဲ့ ရဟန်းလည်း မဟုတ်ပါဘူး။ အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်တယ်။ ပါဠိ ပိဋကတ်ကိုလည်း ကျွမ်းကျင်တတ်မြောက်တယ်။ နိုင်ငံတကာကို ခရီးသွားလာ၊ လှည့်ပတ်ပြီးတော့ အထွေထွေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ဘာသာရေး အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်ထားတဲ့...

ဗမာ့လွတ်မြောက်ရေးတိုက်ပွဲတွင်းက ဆရာတော်နှစ်ပါး

မြန်မာထုရဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွင်းမှာ၊ ထင်ရှားတဲ့ လူပုဂ္ဂိုလ် အမြောက်အမြား ရှိခဲ့ပါတယ်။ ထိုလူတွေထဲမှာ၊ မျိုးချစ်တွေ ပါတယ်။ ပညာတတ်တွေ ပါတယ်။ ကျောင်းသားတွေ ပါတယ်။ သတင်းစာဆရာတွေ ပါတယ်။ စာပေ အနုပညာသမားတွေ ပါတယ်။ နိုင်ငံရေးသမားတွေ ပါတယ်။ တောင်သူလယ်သမားတွေ၊ အလုပ်သမားတွေလည်း ပါဝင်ကြတယ်။ လူမျိုးစုနိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်ကြတယ်။ ပြည်ပမှာ ပညာသင်ကြားလာတဲ့ မြန်မာပညာတတ်တွေ ပါဝင်ကြပါတယ်။ နောင်အခါမှာ၊...

တစ်ခြမ်းပဲ့ အသိ

လူူ့အဖွဲ့အစည်းရဲ့သဘောက၊ ဘယ်တော့မှ ပြင်ညီကွင်းပြင်မှာ ရှိနေတယ်ဆိုတဲ့ သဘော မရှိပါဘူး။ ဓနဥစ္စာအားဖြင့်၊ အသိအားဖြင့်…. လူနေမှု အဆင့်အတန်းအားဖြင့်၊ ဓလေ့စရိုက်အားဖြင့်။ ဒီနေရာမှာ၊ အသိကွင်းပြင် မညီမျှမှု အကြောင်းတွေကို ပြောချင်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ တစ်ချမ်းပဲ့အသိတွေနဲ့ လူအုပ်စုတွေ အကြောင်း ပြောချင်ပါတယ်။ ၂၀၂၁ ၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့တယ်။ အာဏာသိမ်းမှုကို တော်လှန်တဲ့...

အသေးအဖွဲလေးက အစ တော်လှန်ပါ။

• ပညာအစ မေးခွန်းက လို့ ပြောတယ်။ ကျနော်တို့ ပညာရေးမှာ မေးခွန်း ထုတ်တတ်ဖို့ မသင်ပေးနိုင်သေးဘူး။ မြန်မာပြည် ပညာရေးက အစိုးရနဲ့ လူကြီးတွေ သိစေချင်တဲ့ အဖြေတွေကို ကလေးတွေကို ကျက်မှတ်ခိုင်းထားတာမျိုးဖြစ်ပါတယ်။ ကျက်မှတ်ခိုင်းတဲ့နေရာမှာလည်း၊ ကြောင်းကျိုးပြပြီး ရှင်းလင်းပြတာမျိုး မဟုတ်ဘူး။ ထိုးထည့်တာ။ သိပ်ထည့်တာ။ အဖြေဆိုတာကို ကိုယ်ပိုင်ဉာဏ်နဲ့ မစဉ်းစားနဲ့။ ကိုယ့်ဘာသာကို စဉ်းစားပြီး အဖြေထုတ်တဲ့သူဟာ...

သူတို့ ဒီမိုကရေစီကို မုန်းတယ်၊ ဘာ့ကြောင့်လဲ….

ဒီမိုကရေစီဆိုတာ အကောင်းဆုံး အစိုးရပုံစံတော့ မဟုတ်ဘူး။ ဒါပေမယ့် စစ်အစိုးရထက် ပိုကောင်းတယ်။ စစ်အာဏာရှင်အစိုးရ ပုံစံထက် ပိုကောင်းတယ်။ ဘာလို့လဲဆိုတော့ ၊ ဒီမိုကရေစီမှာ လူသား လွတ်လပ်ခွင့်တွေ ရှိတယ်။ ကိုယ့်ကြမ္မာ ကိုယ်ပြဌာန်းခွင့်ရှိတယ်။ ကိုယ့်ဘဝကို လွတ်လွတ်လပ်လပ် ဖန်တီးနိုင်ခွင့် ရှိတယ်။ လွတ်လပ်မှုဟာ ဒီမိုကရေစီရဲ့ အခြေခံ အနှစ်သာရ ဖြစ်တယ်။ လွတ်လပ်ခွင့်သာ ရှိရင် ကိုယ်စွမ်းကိုယ်စတွေ...

စီနီယာ ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ်ကို ကဖျက်ယဖျက် လုပ်လေသလား ဖျက်လိုဖျက်စီး လုပ်တာလား

၁။ လမ်းပြ မြေပုံ (၇) ချက်ချပြီး၊ လမ်းစဉ်အတိုင်း အကောင်အထည်ဖော်ခဲ့တဲ့၊ ဗိုလ်သန်းရွှေနဲ့ သူ့နောက်လိုက်များ။ ဦးသိန်းစိန်၊ သူရရွှေမန်း၊ ဦးတင်အေး၊ ဦးတင်နိုင်သိန်း၊ ဦးစိုးသိမ်း၊ ဦးအောင်မင်း။ သူတို့ဟာ စစ်ဘက်ဗိုလ်ချုပ်ကြီးဟောင်းတွေ ဆိုတာ လူတိုင်းသိထားပြီးသားဖြစ်ပါတယ်။ ၂။ ၁၉၅၀ တစ်ဝိုက်က၊ တောင်ကိုရီးယားနိုင်ငံက သမ္မတ ပတ်ချုံဟီးဟာ၊ စစ်ယူနီဖောင်းချွတ်ပြီး အရပ်သားအစိုးရအသွင် အုပ်ချုပ်ခဲ့ပါ တယ်။ ရွေးကောက်ပွဲကျင်းပပေးပြီး...

ထွက်ပေါက်မဟာဗျူဟာ အယူအဆ

၁။ ၁၉၈၈ လူထုအရေးတော်ပုံနဲ့ ပတ်သက်ပြီး၊ မောင်စူးစမ်းက မဟာဗျူဟာ ပြဿနာတချို့ကို တင်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် မောင်စူးစမ်းတင်ပြခဲ့တဲ့ မဟာဗျူဟာနဲ့ပတ်သက်ပြီး ဝေဖန်ချက်တွေ၊ လူအများ မနှစ်မြို့ခဲ့တာတွေ အတော်များများရှိခဲ့ပါတယ်။ အထူးသဖြင့် မြန်မာ့နိုင်ငံရေးဓလေ့မှာ မဖောက်ထွက်နိုင်သေးတဲ့ အကျင့်ဓလေ့တွေရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်။ အခုလည်း မောင်စူးစမ်းတင်ပြခဲ့ဖူးတဲ့ မဟာဗျူဟာ အယူအဆတွေထဲက၊ ထွက်ပေါက်ပေးရေး မဟာဗျူဟာနဲ့ပတ်သက်ပြီး တိုက်ဆိုင်တာတွေ ရှိနေလို့၊ ထပ်မံ...