စစ်ဘောင်ချဲ့ခြင်း နှင့် စစ်ဘုရင်တို့၏ အကျိုးစီးပွား

• မြန်မာတွေရဲ့ ပဒေသရာဇ်သမိုင်းကို ကြည့်ရင်၊ ဘုရင်တွေဟာ စစ်ကို လက်ကိုင်ပြုပြီး ဘုရင်ဖြစ်လာတာတွေ့ရပါလိမ့်မယ်။ ဒါ့ကြောင့် ဘုရင်တွေဟာ သူ့ဩဇာအာဏာစက်ကျယ်ဝန်းအောင်၊ စစ်ကို ချဲ့လေ့ ရှိတယ်။ စစ်ဘောင်ကို ချဲ့လေ့ ရှိတယ်။ စစ်ဘောင်ကျယ်လေလေ၊ လက်နက်ကိုင်တပ်ခေါင်းဆောင်ဟာ လုပ်ပိုင်ခွင့်နဲ့ ဩဇာအာဏာစက် ကျယ်ဝန်းလေလေ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်နဲ့ လုပ်ပိုင်ခွင့် အာဏာ / ဩဇာဟာ စစ်ခေါင်းဆောင်...

ပြည်သူတွေဟာ လက်နက်ကိုင်လမ်းစဉ်ကို ဘာ့ကြောင့် ရွေးချယ်လိုက်ရသလဲ

ဆွန်ဇူးက ပြောတယ်။ အဆိုးရွားဆုံး အနေအထားရောက်နေရင်• ကြောက်စိတ် မရှိတော့။ • ပြေးစရာ မရှိရင် ၊ • ရင်ဆိုင်လိုက်ရုံသာပဲ။ • ရန်သူ့ပိုင်နက်ထဲ ပိုဝင်လေ• ပိုပြီး စုစည်း ညီညွှတ်ပေ။ • မျှော်လင့်ချက် မရှိတော့ရင် • တိုက်ခိုက်ကြရုံပါပေ။ ဒီတော့ စစ်သည်တွေဟာ• နှိုးဆော်နေစရာမလိုဘဲ • အသင့်ဖြစ်နေကြ။ • ညွှန်ကြားမနေရဘဲ•...

▄ တွေ့ဆုံဆွေးနွေးရေး…. မမျှော်လင့်နိုင်သေး

• တော်လှန်တဲ့ နိုင်ငံရေးမှာ၊ တွေ့ဆုံဆွေးနွေးရေးနည်းနာနဲ့ အကျပ်အတည်းတွေကို ဖြေရှင်းတာက၊ အညင်သာဆုံးနဲ့ ပြည်သူ့အတွက် အထိနာမှု အနည်းဆုံးလမ်းကြောင်းဖြစ်ပါတယ်။ သို့ပေမယ့် မြန်မာပြည်တော်လှန်ရေးမှာ၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကို ရောက်ဖို့ ဘယ်လိုမှ မျှော်လင့်လို့ မရနိုင်သေးပါ။ ဘာ့ကြောင့်ဆိုတဲ့ အကြောင်းအချက်တွေကတော့ မြောက်မြားစွာ ရှိနေပါတယ်။ အကြောင်းရင်းတွေထဲမှာ လတ်တလော အကြောင်းနဲ့ နောက်ခံက အကြောင်းတရားတွေ ရှိနေပါတယ်။ ▄ လတ်တလော အကြောင်း...

▄ တိုင်းပြည်သည် တပ်မတော်အတွက်လား

(၁) တိုင်းပြည်အတွက် တပ်မတော် ဖြစ်ရမှာ ဖြစ်ပါတယ်။ တပ်မတော်သည် တိုင်းပြည်အတွက် ဖြစ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ ပြောင်းပြန်ဖြစ်နေပါတယ်။ တပ်မတော်ဟာ၊ တိုင်းပြည်ကို စစ်တပ်အကျိုးစီးပွားအတွက် အသုံးချခဲ့ပါတယ်။ အသုံးချနေပါတယ်။ အသုံးချလည်း ချပါလိမ့်အုံးမယ်။ စစ်ဗိုလ် စစ်သားတွေရဲ့ စိတ်ထဲမှာ…. • ငါတို့ဟာ တိုင်းပြည်ရဲ့ကယ်တင်ရှင်တွေ ဖြစ်တယ်၊ • ငါတို့က တိုင်းပြည်ကို ချစ်တယ်၊...

မြန်မာတွေ အမှတ်သည်းခြေရှိတယ်ဆိုတာ တကယ်ရော ဟုတ်ရဲ့လား

• မြန်မာပြည်က အာဏာရှင်တွေရဲ့ နိဂုံးကို ပြန်ပြောင်းကြည့်မိပါတယ်။ အထူးသဖြင့်…. ဗိုလ်နေဝင်းနဲ့ ဗိုလ်သန်းရွှေ တို့ အကြောင်း။ •(၁) မြန်မာတွေရဲ့စရိုက်က ခံပြင်းစိတ်၊ အတေးအမှတ်ကြီးတဲ့စရိုက်၊ မခံချင်စိတ်၊ အမှတ်သညာကြီးတဲ့စိတ် အားကြီးတယ်လို့ ထင်ချင်စရာ ရှိပေမယ့်၊ တကယ်တော့ အချိန်ကြာလာရင် အဲသည်လိုမျိုးစိတ်တွေ အားပျော့သွားပြီး ခွင့်လွှတ်နားလည်ပေးတဲ့စိတ်တွေ ရှိတယ်ဆိုတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဗမာ့စရိုက်နဲ့ပတ်သက်ပြီး ကျနော် ဆောင်းပါးတွေ...

တော်လှန်ရေးအရွေ့

• ခေတ်အဆက်ဆက်က ဒီမိုကရက်တစ်နိုင်ငံရေးအင်အားစုနဲ့ လက်နက်ကိုင်လမ်းစဉ်ဟာ ဝေးကွာသလို ဖြစ်နေခဲ့တာကြာညောင်းလှပါပြီ။ ခေတ်အခြေအနေအရ၊ အကြောင်းအကျိုးတွေ ကိုက်ညီပေါင်းဆုံလာတဲ့အခါမှာ၊ ဒီမိုကရေစီဒီလှိုင်းဟာ ကျောက်စိုင်၊ ကျောက်သားတွေကို ချိုးဖျက်ဖို့ မုန်တိုင်းရဲ့ တွန်းအားနဲ့ ပိုပြီး လှိုင်းကြီးလာပါတယ်။ အင်အားတွေဟာ လူထုက ပေးတဲ့ စွမ်းအားတွေကြောင့် ထုနဲ့ ထည်နဲ့ ပေါ်လာနေပါတယ်။ ယခင်က လက်နက်ကိုင်နိုင်ငံရေး အလုပ်မဖြစ်ပါဘူးလို့ ယူဆထားတဲ့ နိုင်ငံရေးသမားဟောင်းကြီးတွေကတောင်၊ စစ်ရေးနဲ့...

တပ်စရိုက်လား…. စစ်ဗိုလ်စရိုက်လား….

• (၁) မြန်မာစစ်ဗိုလ်တွေရဲ့ အကျင့်က၊ ရှေ့လူလုပ်သွားခဲ့တာတွေကို နောက်ကလူက ပြန်ပြန်ဖျက်တတ်တဲ့ အကျင့် စွဲမြဲနေပါတယ်။ လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီခေတ်မှာ တည်ဆောက်ခဲ့သမျှ ရေခံမြေခံကောင်းတွေကို ဗိုလ်နေဝင်းလည်း ၆၂ မှာ အာဏာသိမ်းပြီးရော၊ အားလုံးဖျက်စီးလိုက်တယ်။ ပါလီမန် ဒီမိုကရေစီခေတ်မှာ တည်ဆောက်ခဲ့တဲ့ ဈေးကွက်စနစ်ရဲ့ ရေခံမြေခံကောင်းတွေဟာ၊ အားလုံး ဘူးသီးနုနု အမွှေးသပ်ပစ်လိုက်သလို။ တော်လှန်ရေးကောင်စီလက်ထက် ခေတ်ပြောင်းတော်လှန်ရေးလို့ ကြွေးကြော်ပြီး...

ဗကပ နိဂုံး

• The Rise and Fall of The Communist Party of Burma by Bertil Lintner• ဗမာပြည်ကွန်မြူနစ်ပါတီ၏ နေထွက်ချိန် နှင့် နေဝင်ချိန်• ကျော်ဝင်း (ဘာသာပြန်)• လွင်ဦး စာပေ၊ ၂၀၁၃ ၊ ပထမအကြိမ်။ ဇာတ်အစ ၁၉၃၉ ခုနှစ်၊ ဩဂုတ်လ ၁၅...

ဖွံ့ဖြိုးရေးရှုထောင့်

• မပြုံးတဲ့ ပိုဆန် (ဖွံ့ဖြိုးရေးဇာတ်ကြောင်းများ)• ဒေါက်တာ မြင့်ဇော်• သာလာယံ စာအုပ်တိုက်၊ ၂၀၂၀ ၊ ပထမအကြိမ်။ ပိုဆန်ကို ဇာတ်ကောင်ထားပြီး၊ နိဒါန်းအစမှာ ရိုးရှင်းစွာ ရှင်းလင်းတယ်။ သဘာဝနဲ့ ဖွံ့ဖြိုးရေးအကြားက အဆက် အစပ်ဟာ စာဆန်ဆန်၊ ပညာရှင်ဆန်ဆန် စကားလုံးတွေ ကြားမှာ၊ ပျောက်ဆုံး ပုံပျက်နေတာ ကြာပြီ။ ဖွံ့ဖြိုးရေး အမည်ခံပြီး သဘာဝကို...

• စစ်သား စစ်ဗိုလ်

• တော်လှန်ရေးကာလမှာ ဘူးပေါ်သလို ပေါ်လာတယ်။ ဖုံးထားတာတွေ ပေါ်လာတယ်။ ငုပ်တာတွေ ပေါ်လာတယ်။ ဘယ်သူဟာ နိုင်ငံရေးသမား အစစ်လဲဆိုတာ ဘွင်းဘွင်းကြီးမြင်ရတယ်။ နိုင်ငံရေးမှာ သတ္တိ၊ သတိနဲ့ အသိတို့ ပိုလိုကြောင်း လူထုက နားလည်လာတယ်။ နိုင်ငံရေးပါတီတွေထဲမှာ အခွင့်အရေးသမားတွေ၊ ကိုယ်ကျိုးရှာသမားတွေနဲ့ ပြည့်နေကြောင်း လူထုဟာ သိလိုက်ရတယ်။ အရပ်ဘက်အောက်ကို ဇွတ်အတင်း ထိုးထည့်ခံရတဲ့ စစ်တပ်က စစ်ဗိုလ်တွေဟာလည်း...