▄ ရိုးတဲ့သူ ဖြောင့်တဲ့သူ

• ကွန်ဖြူးရှပ်ပြောခဲ့ဖူးတဲ့ စကားရှိတယ်။ စာရိတ္တကောင်းတဲ့သူဟာ စိုးရိမ်ကြောင့်ကြမှု ကင်းတယ်။ ပညာရှိတဲ့သူက တွေဝေခြင်းကင်းတယ်။ ရဲရင့်တဲ့သူက ကြောက်ရွံ့ခြင်းကင်းတယ်တဲ့။ စကားလုံးအတွဲ အစပ်ကလေးက သိပ်လှတာပဲ။ • စာရိတ္တဆိုတာ တနည်းအားဖြင့် ကိုယ်ကျင့်။ ကိုယ်ကျင့်တရား။ ကိုယ်ကျင့်ထားတဲ့တရား။ ကိုယ်ကျင့်ထားတဲ့ဓမ္မ။ ကိုယ်ကျင့်တရားဆိုတာ ကိုယ်ကျင့်ထားတဲ့ ဓမ္မကို ခေါ်တာ။ ကိုယ်ကျင့်ထားတဲ့ အဓမ္မကို ခေါ်တာ မဟုတ်ဘူး။ အဓမ္မဆိုတာ မတရားတာကို...

▄ စာပေသက်တမ်း

• စာပေ၊ အနုပညာမှာ အသက်ရှည်မှုနှုန်း ရှိတယ်လို့ ထင်ပါတယ်။ စာအုပ်တွေကို ကြည့်လိုက်ပါ။ သီချင်း ဂီတတွေကို ကြည့်လိုက်ပါ။ တခြားသော အနုပညာရပ်တွေလည်း အလားတူပဲဖြစ်မယ်လို့ ထင်ပါတယ်။ လူတွေနဲ့ အမြဲတမ်းလိုလို ထိတွေ့နီးစပ်နေတာကတော့၊ ဂီတနဲ့ စာပေလို့ ကျနော် ထင်ပါတယ်။ • သီချင်းဂီတလို့ပဲ ဆိုဆို၊ စာအုပ်စာပေလို့ပဲဆိုဆို…. ရာသီပေါ်တွေလည်း ရှိသလို၊ ရာသီကို လွန်ရင်...