ဆရာစံ လယ်သမားတော်လှန်ရေး

ဆရာစံ လယ်သမားလက်နက်ကိုင်တော်လှန်မှု • ၁၉၃၀ ခုနှစ်၊ ဒီဇင်ဘာလ။• သာယာဝတီခရိုင် အခြေပြု။• ဆရာစံဦးဆောင်သော လယ်သမား ဂဠုန်တပ်ဖွဲ့။• လွတ်လပ်ရေးလှုပ်ရှားမှုအတွက်။• လယ်သမား လက်နက်ကိုင် သူပုန်တပ်မကြီး။• ဗြိတိသျှ အင်္ဂလိပ်ကို တော်လှန် ပုန်ကန် ထကြွ။ ဆရာစံ ဦးဆောင်တဲ့ လယ်သမားလက်နက်ကိုင်ပုန်ကန်မှုဟာ အင်္ဂလိပ်အစိုးရကို အတော်အတန် တုန်လှုပ်စေခဲ့ တယ်။ လက်နက်ကိုင် ပုန်ကန်မှုက ချို့ယွင်းချက်တွေ...

• ယဉ်ကျေးမှုတံခါးတွေ ဖွင့်ဖို့။

• ဒီခေတ်က ကူးလူးဆက်ဆံမှု မြန်ဆန်တဲ့ခေတ်ပဲ။ ယဉ်ကျေးမှုပေါင်းစုံတယ်။ ဖလှယ်စရာတွေ အများကြီး ရှိတယ်။ ပေါင်းစည်းရမှာတွေ အများကြီးရှိတယ်။ လေ့လာစရာတွေ၊ သင်ယူစရာတွေ အများကြီးရှိတယ်။ တိုးတက်မှုအတွက်၊ ပြောင်းလဲမှုအတွက် ဒါတွေက အရေးကြီးတယ်။ ဒါတွေအတွက် အရေးအကြီးဆုံးက တံခါးတွေကို ဖွင့်ထားဖို့ပဲ။ • ယဉ်ကျေးမှုတွေ ကူးလူးခြင်းဟာ မင်္ဂလာဖြစ်တယ်။ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်တန်ဖိုးထားခြင်းဟာ လည်း မင်္ဂလာဖြစ်တယ်။ ဒါပေမယ့်…....

▄ ရိုးတဲ့သူ ဖြောင့်တဲ့သူ

• ကွန်ဖြူးရှပ်ပြောခဲ့ဖူးတဲ့ စကားရှိတယ်။ စာရိတ္တကောင်းတဲ့သူဟာ စိုးရိမ်ကြောင့်ကြမှု ကင်းတယ်။ ပညာရှိတဲ့သူက တွေဝေခြင်းကင်းတယ်။ ရဲရင့်တဲ့သူက ကြောက်ရွံ့ခြင်းကင်းတယ်တဲ့။ စကားလုံးအတွဲ အစပ်ကလေးက သိပ်လှတာပဲ။ • စာရိတ္တဆိုတာ တနည်းအားဖြင့် ကိုယ်ကျင့်။ ကိုယ်ကျင့်တရား။ ကိုယ်ကျင့်ထားတဲ့တရား။ ကိုယ်ကျင့်ထားတဲ့ဓမ္မ။ ကိုယ်ကျင့်တရားဆိုတာ ကိုယ်ကျင့်ထားတဲ့ ဓမ္မကို ခေါ်တာ။ ကိုယ်ကျင့်ထားတဲ့ အဓမ္မကို ခေါ်တာ မဟုတ်ဘူး။ အဓမ္မဆိုတာ မတရားတာကို...

▄ စာပေသက်တမ်း

• စာပေ၊ အနုပညာမှာ အသက်ရှည်မှုနှုန်း ရှိတယ်လို့ ထင်ပါတယ်။ စာအုပ်တွေကို ကြည့်လိုက်ပါ။ သီချင်း ဂီတတွေကို ကြည့်လိုက်ပါ။ တခြားသော အနုပညာရပ်တွေလည်း အလားတူပဲဖြစ်မယ်လို့ ထင်ပါတယ်။ လူတွေနဲ့ အမြဲတမ်းလိုလို ထိတွေ့နီးစပ်နေတာကတော့၊ ဂီတနဲ့ စာပေလို့ ကျနော် ထင်ပါတယ်။ • သီချင်းဂီတလို့ပဲ ဆိုဆို၊ စာအုပ်စာပေလို့ပဲဆိုဆို…. ရာသီပေါ်တွေလည်း ရှိသလို၊ ရာသီကို လွန်ရင်...

▄ ကမ်ပိန်း (Campaign)

အင်တာနက်၊ အွန်လိုင်းကြောင့် လူမှုလှုပ်ရှားမှုတွေဟာ ခပ်သွက်သွက်နဲ့ ခပ်စိပ်စိပ်ဖြစ်လာတာတွေ့ရတယ်။ သွက်လာသလို၊ စိပ်လာသလို အပျံ့ကျယ်မှုနှုန်းကလည်း မြင့်လာတယ်။ များလာတယ်။ ကျယ်လာတယ်။ ရိုက်ခတ်မှုဟာ လူ့အဖွဲ့အစည်းတွင်းက မွတ်သိပ်မှုအခံ အားပြင်းနေရင် သက်ရောက်မှု အားကြီးတယ်။ ကမ်ပိန်း တွေ၊ လှုံ့ဆော်မှုတွေ၊ နှိုးဆော်မှုတွေဟာ ခေတ်သစ်မှာ တော်လှန်ရေးပုံစံနဲ့ ဦးတည်သွားတတ်တယ်။ ဒါပေမယ့် ခေတ်ရဲ့သဘောအတိုင်း ဖြစ်လွယ်ပျက်လွယ်များတယ်။ ကမ်ပိန်းတစ်ခုချင်းစီဟာ ပေါ်လိုက် ပျောက်လိုက်ဖြစ်နေ...

▄ ရူးခွင့် ထူးခွင့်

• သူများတကာ မလုပ်နိုင်တာ လုပ်နိုင်ရင် တော်တယ်လို့ ခေါ်တယ်။ တော်တဲ့သူတွေ မလုပ်နိုင်တာကို လုပ်နိုင်ရင် ထူးချွန်တယ်လို့ခေါ်တယ်။ တော်ခြင်းနဲ့ ထူးချွန်ခြင်းဟာ ဒီလိုအနက်ကွဲပြားပါတယ်။ လူ့အဖွဲ့အစည်းထဲမှာ တော်တဲ့လူတွေ တော်တော်များများ ရှိပါတယ်။ ဒါပေမယ့် ထူးချွန်တဲ့သူ များများစားစားတော့ မရှိတတ်ဘူး။ ဘာလို့လဲဆိုတော့ လူတစ်ယောက် ထူးပြီ၊ ချွန်ပြီဆိုရင် ပတ်ဝန်းကျင် ရဲ့ တုံ့ပြန်မှုတွေဟာ မတူတတ်ဘူး။ ဒါက...

▄ အိမ်ဖြည့်

• ကျောင်းမပြီးခင်၊ ဘွဲ့မရခင် ကတည်းက ကွန်မြူနတီအလုပ်တွေလုပ်ဖို့ ကျနော် ခြေလှမ်းစလှမ်းခဲ့တယ်။ ကျောင်းပြီးတော့လည်း နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ ကွန်မြူနတီအလုပ်တွေ လုပ်ရင်း တိုးဝင်ခဲ့တာ အခုဆို ရင် ၁၀ စုနှစ် တစ်ခုတောင် ပြည့်တော့မယ်။ ကွန်မြူနတီနဲ့ပတ်သက်တဲ့အလုပ်တွေဆိုတာက တစ်ဦး တစ်ယောက်တည်း လုပ်ရတဲ့အလုပ်တွေ မဟုတ်ဘူး။ အများနဲ့ စုပေါင်းပြီး လုပ်ရတဲ့အလုပ်တွေ။ နိုင်ငံရေး အလုပ်တွေကလည်း ထိုနည်းလည်းကောင်းပဲ။ ပါတီနိုင်ငံရေးလမ်းကြောင်းကို...