နိုင်ငံတည်ဆောက်ရေး

တည်ဆောက်ရေးလို့ ပြောတဲ့နေရာမှာ၊ တွဲပြီး ပြောရမယ့်ကိစ္စရှိတယ်။ အဲဒါကတော့ ဖြိုဖျက်ရေးကိစ္စဖြစ်ပါ တယ်။ ရှင်းလင်းတဲ့မြေပေါ်မှာ၊ အဆောက်အအုံသစ်ကို ဆောက်လုပ်ဖို့အတွက်ဆိုရင် မြေရှင်းလင်းရေးကို လုပ်ရတယ်။ ဆောက်မယ့်နေရာမှာ၊ ဟောင်းနွမ်းပျက်စီးအိုမင်းနေတဲ့ အဆောက်အအုံပျက်ရှိနေရင်၊ အဲဒါကို တူးဖြိုဖျက်ပစ်ရတယ်။ အဟောင်းအပေါ်မှာ အသစ်ကို ဆောက်လို့ မရဘူး။ အဟောင်းအပေါ်မှာ အသစ်ထပ် ဆောက်လို့ မရဘူး။ ဆောက်ရင် အဆောက်အအုံသစ်ဟာ မပီပြင်ဘူး။ မခိုင်ခံ့ဘူး။ အရည်အသွေးလည်း...