ကျနော် စာသမား

ရှေးရှေးတုန်းက၊ အထုံဓလေ့ရှိခဲ့တယ်လို့ ထင်ပါတယ်။ ကျနော် ဆယ်ကျော်သက်ဘဝမှာပဲ စာဖတ်ဝါသနာထုံခဲ့ တယ်။ သာမန်ထက်လွန်ကဲစွာ ထုံခဲ့တယ်။ ဒါဟာ သဘာဝက ပေးတဲ့ ကံကောင်းခြင်း လက်ဆောင်လို့ တွေးမိပါ တယ်။ ကျနော်ဟာ စာဖတ်ဝါသနာ မပါခဲ့ရင် ဘယ်လောက်များ လူနုံလူအ တစ်ယောက်ဖြစ်လိမ့်မယ် မသိပါ ဘူး။ စာဖတ်အလေ့သာ မထုံခဲ့ရင်၊ ကျနော်ဟာ အခုဆိုရင် ပေါ့ပေါ့နေ ပေါ့ပေါ့စား...