ဆင်ခြင်တုံတရားဝါဒ

ဝါဒဖြန့်ချိရေးနဲ့ စာရေးဆရာအကြောင်းကို ကျနော် စာတစ်ပုဒ်ရေးခဲ့ဖူးပါတယ်။ အခုလည်း ဝါဒတစ်ခုအကြောင်း ရေးချင်ပါသေးတယ်။ စာရေးဆရာဟာ တနည်းအားဖြင့် ဝါဒဖြန့်ချိရေးသမားဖြစ်တယ်။ စာရေးဆရာဟာ သူယုံကြည်တဲ့ဝါဒကို သူဖြန့် လေ့ရှိတယ်။ သူဆွဲကိုင်ထားတဲ့ဝါဒနဲ့ ဖီလာဆန့်ကျင်ဘက်ဖြစ်တဲ့ဝါဒကို တိုက်ခိုက်တယ်။ ထိုးနှက်တယ်။ ဝေဖန် တယ်။ ရှုတ်ချတယ်။ စာရေးဆရာဟာ သူနှစ်သက်တဲ့ဝါဒကို သိမ်သိမ်မွေ့မွေ့နဲ့ ဖြန့်ချိနိုင်ဖို့ ကြိုးစားတယ်။ စာရေးဆရာဟာ ဘာဝါဒကို ယုံသလဲ။ ဒါကတော့...