မဲပေးခြင်းဓလေ့

၂၀၂၀ ခုနှစ်ကို ရောက်လာခဲ့ပြီဖြစ်သည်။ ၂၀၂၀ နှစ်ကုန်ပိုင်းတွင် အထွေထွေရွေးကောက်ပွဲတစ်ခုရှိမည်။ အစိုးရ အပြောင်းအလဲ၊ အုပ်ချုပ်သူအပြောင်းအလဲလုပ်ရန် ပြည်သူများ မဲပေးရွေးချယ်ရမည်ဖြစ်သည်။ မြန်မာပြည်သူ တို့သည် နှစ်ပေါင်းများစွာ မဲပေးခြင်းဓလေ့နှင့် အဆက်ပြတ်ခဲ့သည်။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲမှစ၍ မြန်မာပြည်သူတို့သည် မဲပေးခြင်းဓလေ့နဲ့ ပြန်လည် လက်ဆက်ခွင့်ရလိုက်ကြသည်။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ပြည်သူတို့ တခဲနက် အုံလိုက်ကျင်းလိုက် မဲရုံသို့သွား၍...