ကုလား ဗမာ အဓိကရုဏ်းများ

၁၉၃၈ ခုနှစ်၊ သူရိယသတင်းစာ၌ ဖော်ပြသောကာတွန်းတစ်ပုဒ်မှာ နိုင်ငံခြားသားဝင်ရောက်မှုများလာသော မြန်မာ ပြည်တွင် ဗမာများအတွက် နေရာမရှိပုံကို ရေးဆွဲထားသည်။ ဗြိတိသျှကိုလိုနီနယ်မြေဖြစ်သော မြန်မာပြည်သည် အိန္ဒိယ၏ ပြည်နယ်တစ်ခုအနေဖြင့် သွတ်သွင်းခံရသည်။ မြန်မာပြည်၌ ဗြိတိသျှများ၊ အိန္ဒိယ (ကုလားများ) နှင့် တရုတ်လူမျိုးများဝင်ရောက်နေထိုင်မှု အားကြီးလာသည်။ မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သော ရန်ကုန်မြို့သည် ပင် တရုတ် ၊ ကုလားများ ကြီးစိုးသည့်မြို့ဟု...