မင်းသေ့ အမှာစာ

အခုရေးတဲ့စာအုပ်နဲ့ ပတ်သက်ပြီး နာမည် (၂) မျိုးလောက် စဉ်းစားမိခဲ့တယ်။ ပထမ စဉ်းစားမိတာက “မြန်မာသစ်”။ ခေတ်သစ်တစ်ခုကို ချီတက်နေတဲ့ မြန်မာအသစ်ဖြစ်ဖို့ ရည်ရွယ်လို့ ဒီနာမည်ကို စဉ်းစားမိသွား တာဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းဟာ အဟောင်းတွေကို ချန်ထားခဲ့သင့်ပြီ။ အမူအကျင့်ဟောင်း၊ စရိုက် ဟောင်း၊ အကျင့်ဟောင်းတွေကို အသစ်နဲ့ အစားထိုးဖို့ သင့်နေပြီ။ အဟောင်းထဲမှာ အကောင်းက သိပ်မတွေ့ရ တော့လို့ဖြစ်ပါတယ်။...

စိတ် နေ ဆန္ဒ

မသိတာကိုလည်း သိအောင် လုပ်လို့ရတယ်။ မရှိတာကိုလည်း ရှိအောင် လုပ်လို့ရတယ်။ မသိချင်ရင်တော့ ဘာမှ လုပ်လို့ မရဘူး။ မရှိချင်ရင်တော့ ဘာမှကို လုပ်လို့ မရဘူး။ ဒါ့ကြောင့် …. သိချင်စိတ် / ရှိချင်စိတ် ဆိုတာ သိပ်လိုအပ်တယ်။ ဗုဒ္ဓအဟောထဲမှာ ပဌာန်းကျမ်းရှိတယ် မဟုတ်လား။ ပဌာန်းကျမ်းမှာ အဓိပတိပစ္စယသတ္တိဆိုတာ ရှိတယ်။ အဲသည့်ထဲမှာ ဆန္ဒဓိပတိဆိုတာ စိတ်ဆန္ဒပြင်းပြစိတ်ကို...

မှတ်စုထုတ်တာ

မှတ်စုထုတ်တာနဲ့ပတ်သက်ပြီး ကျနော် လုပ်ခဲ့တဲ့အတွေ့အကြုံကို ပြောပြချင်ပါတယ်။ စာဖတ်ရင်း ဖတ်မိထား တဲ့စာအုပ်ထဲက ကြိုက်တဲ့စာကြောင်းတွေ၊ ဝါကျတွေကို လိုင်းတားတာ မှတ်စုထုတ်တာတွေ ကျနော် လုပ်လေ့ရှိ ပါတယ်။ ကျနော် တက္ကသိုလ်ကျောင်းသား ဘဝမှာ စွဲစွဲမြဲမြဲလုပ်ခဲ့ပါတယ်။ ဘွဲ့ရအပြီးနောက်ပိုင်း ၂ နှစ်လောက် မှာလည်း ကျနော် စွဲစွဲမြဲမြဲလုပ်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ မှတ်စုစာအုပ်ထက် ကွန်ပြူတာကီးဘုတ်ခံနဲ့ ပိုပြီးနီး စပ်သွားလို့ ကျနော်...

အခန်း (၃) ဖြတ်သန်းရမှု

နွယ်နှင့်အနေဝေးခဲ့သော နေ့ရက်များသည် များပြားခဲ့ပါသည်။ ဤသို့သော နေ့ညများသည်ကိုလည်း ပြင်းထန် ဖြတ်သန်းခဲ့ရသည်။ ဤဒုက္ခတရားသည် ဘယ်ဆီက လာပါသနည်း။ ချစ်ခြင်းမေတ္တာသည် ဒုက္ခတရားကို မွေးဖွား သည်ဟု ဆိုလျှင် ကျနော် မယုံကြည်နိုင်ပါ။ လိင်မှုကိစ္စသည် ဒုက္ခဖြစ်ခြင်း အစစ်အမှန်ဖြစ်ပါရဲ့လား။ ဤသို့ ပြောရလောက်အောင်လည်း နွယ်နှင့်ကျနော့်အကြားမှာ လိင်တပ်မက်မှု ရမ္မက်ပြင်းထန်လွန်းခဲ့သည် မဟုတ်ပါ။ သိမ်မွေ့သော သံယောဇဉ် တုပ်နှောင်ခဲ့မှုများတော့ ရှိခဲ့ပါသည်။...

ASSK and ICJ

အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး အတိတ်က အဖေအောင်ဆန်း လုပ်ခဲ့တဲ့ကိစ္စကို တစ်ချက်ပြန်စဉ်းစားကြည့် စေချင်တယ်။ အဖေအောင်ဆန်းတုန်းက ကြည့်နော်။ သူ့အသက် ဘယ်လောက်လဲ။ သူ အင်္ဂလန်ကို သွား လွတ်လပ်ရေးအတွက် ညှိနှိုင်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ပြည်သူ့ကိုယ်စားပြုခေါင်းဆောင် ရဲ့အသက်ကို ကြည့်လိုက်နော်။ အင်္ဂလန်ကို လွတ်လပ်ရေးမဖြစ်မနေပေးဖို့ ရည်ရွယ်ချက်နဲ့ သွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ အသက် ၃၂ တောင် မပြည့်သေးဘူးနော်။ ခင်ဗျား...

စိတ်လုံချင်တယ် စိတ်သန့်ချင်တယ်

• ကျနော် စိတ်သန့်ချင်တယ် • ကျနော် စိတ်လုံချင်တယ် အလုပ်တစ်ခုကို လုပ်နေတိုင်း၊ အလုပ်တစ်ခုကို လုပ်ပြီးသွားတိုင်း ကျနော့်ကို ကျနော် ပြန်ပြန်မေးတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ အဲဒီ့မေးခွန်းက စိုင်းထီးဆိုင်ရဲ့သီချင်းတစ်ပုဒ်ထဲက စာသားတစ်ခုဖြစ်ပါတယ်။ ထိုက်တန်တဲ့ရင်းနှီးမှုရှိရဲ့လား…. ဆိုတဲ့ မေးခွန်း။ ကျနော်ကိုယ်တိုင် အလုပ်တစ်ခုခုကနေ အကျိုးရလဒ်တစ်ခုခုကို ခံစားမိတိုင်း ဒီရလဒ်နဲ့ ငါဟာ ထိုက်တန်ရဲ့ လားလို့ ကိုယ့်ကိုယ်ကို ခဏ...

ငါ့မေးခွန်း

ကိုယ့်အကြောင်း ကိုယ်ပြန်သိဖို့ မေးခွန်း (၆) ခု မေးလိုက်တယ်။ • စာပေအပေါ်မှာ ငါ ရိုးသားရဲ့လား။ • စာရေးခြင်းအလုပ်မှာ ငါ တစိုက်မတ်မတ် အားထုတ်ရဲ့လား။ • စာဖတ်ခြင်းနဲ့ ဝမ်းစာအမြဲတမ်း ဖြည့်နေလား။ • လူ့လောကကြီးမှာ မျက်စိကိုဖွင့် နားကိုစွင့်ပြီး မပြတ်စူးစမ်းနေသလား။ • စာပေ ဖြန့်ချိချန်ရစ်ထားမှုမှာ အတ္တပါးရဲ့လား။ • လွတ်လပ်တဲ့စိတ်နဲ့...

အခန်း (၂) ဖော်ကျူး တမ်းတမှု

“ကိုယ် မင်းနဲ့ ဝေးနေစဉ် အချိန်တွေမှာ သီချင်းတွေ နားထောင်ဖြစ်တယ် နွယ်” “သဘာဝကို ရေးဖွဲ့ထားတဲ့ ခင်မောင်တိုးနဲ့ စိုင်းထီးဆိုင်သီချင်းတွေက ပိုများပါတယ်” “နင့်နင့်နဲနဲ ဖြစ်တဲ့ အင်္ဂလိပ်သီချင်းတချို့လည်း နားထောင်ဖြစ်တယ်” “မင်းလိုတော့ အင်္ဂလိပ်သီချင်းတွေကို သိနားလည် နှံ့စပ်လို့ မဟုတ်ပါဘူး” “သီချင်းတွေနားထောင်ရင် ငါ့မှာ ဦးနှောက် မရှိတော့ဘူး” “နှလုံးသားပဲ ရှိတော့တယ်” “ဂီတမှာ ဘာသာစကား မရှိဘူး…....

အခန်း (၁) ဖွင့်ဟသီကုံးမှု

အိပ်မရသည့် ညများကို ကျနော်ဖြတ်သန်းခဲ့ပါသည်။ နွယ်နှင့် ကျနော် ဝေးကွာခါစ အချိန်ကဖြစ်ပါသည်။ ဝေးကွာခြင်းကို ယောင်လို့တောင် မတွေးဝံ့ခဲ့သည့် ကာလများတွင်မှ ကျနော်နဲ့ နွယ်တို့ ဝေးကွာခြင်းဖြစ်စဉ် ကို ကြုံခဲ့ရသည်။ ဝေးကွာခြင်းသည် အတိုင်းအတာ မရှိ။ ပေတံ မရှိ။ စံမရှိ။ အရာ အားလုံး ဗလာနတ္ထိ။ ချစ်ခြင်း နှင့် မုန်းခြင်းများကို မပြောလိုပါ။ အကြောင်းတရားတို့သည်...

ပီလေးလုံး ပြဿနာ

မြန်မာ့လူ့အဖွဲ့အစည်းထဲက နေရာတိုင်းမှာကြုံနေရတဲ့ ပြဿနာ (၄) ခုကို ထုတ်ပြချင်ပါတ်။ ပီလေးလုံးလို့ အတိုကောက် အလွယ်မှတ်လို့ရပါတယ်။ • Personal • Political • Policy နဲ့ • Performance တို့ဖြစ်ပါတယ်။ ၁) ပထမဆုံး ပီက Personal ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးကိစ္စတွေဖြစ်ပါတယ်။ everything is personal လို့ ပြောချင်တယ်။...