အမျိုးသားရေး… အားကစားနဲ့ မဘသ

မြန်မာပြည်ရဲ့အမျိုးသားရေးကို တည်ဆောက်ချင်ရင်၊ မဘသ နဲ့ မတည်ဆောက်ပါနဲ့။ အားကစားနဲ့ တည်ဆောက်ပါ။ အားကစားမှာ လူမျိုးမရှိဘူး။ နိုင်ငံပဲ ရှိတယ်။ မြန်မာတွေရဲ့ အားကစားအပေါ် အားပေးတဲ့ အမူအကျင့်တွေကို သေချာဂရုစိုက်လေ့လာကြည့်ပါ။ အားကစားဟာ လက်ရှိမြန်မာပြည်အတွက် အမျိုးသားရေး စိတ်ဓာတ်ကို ဆွဲစုနိုင်မယ့် သံလိုက်ဖြစ်တယ်ဆိုတာ တွေ့လိမ့်မယ်။ အထူးသဖြင့် ဘောလုံး အားကစား။ ပြည်ပ နဲ့ ပြိုင်နဲ့ ပွဲတွေမှာ...