တို့မျိုးဆက်

တို့မျိုးဆက်ဟာ ပညာတတ်အောင်သင်ကြရမယ်။ တကယ့်ပညာတတ်ဖြစ်အောင် ကြိုးစားရမယ်။ မကျက်တကျက် ပေါင်မုန့်တွေ ဖြစ်လို့ မရဘူး။ ပညာသင်တဲ့အခါမှာ လောက်လောက်လားလားဖြစ်ဖို့ လိုတယ်။ အပေါ်ယံ ရှပ်သိတယ်ဆိုတာ ဘာမှ အလုပ်မဖြစ်ဘူး။ မြည်တွန်တောက်တီးတတ်တာ ပညာ မဟုတ်သေးဘူး။ ကြားဖူးနားဝနဲ့ ရမ်းတုပ်တတ်တာ ပညာမဟုတ်သေးဘူး။ သူများ ပြောတာ ကြားပြီး ပြန်ပြောပြနိုင်တာ ပညာ မဟုတ်သေးဘူး။ ပညာသင်တယ်ဆိုတာ အသုံးချမှု တန်ဖိုးလည်း...