တည်နေရာ ရန်ကုန်

“ဘဝဟာ ဘက်စ်ကားစီးသလိုပါပဲလား…” ဘားလမ်းတစ်လျှောက် ထီးကောက်ကို လက်မှာကိုင်ရင်း မှတ်တိုင်ရှိရာကိုလာခဲ့သည်။ မိုးကတော့ မအုံ့တအုံ့။ ဘယ်အချိန် ရွာမယ်မှန်း မသိခြင်းများစွားနှင့် အခြေအနေ။ တခါတရံ ကတ္တရာလမ်းမပေါ် ခေါင်းငိုက်ငိုက် လျှောက်မိသည်။ ဘေးဘီဝဲယာကို ကြည့်သည်။ မုန့်ဟင်းခါးဆိုင်လည်း ရှိသည်။ တန်းစီရပ်ထားသော ကားများ ရှိသည်။ ရှေ့က လာနေသော ကားတစ်စီးတွေ့ရသလို၊ နောက်မှ ဟွန်းသံပေးနေသော ကားများလည်း ရှိသည်။...