သမိုင်းအမြင်နဲ့ အတိတ် အနာဂတ်ကိစ္စ

သမိုင်းဟာ အတိတ်ဖြစ်ပါတယ်။ သမိုင်းဟာ အတိတ်က ကိစ္စဖြစ်ပါတယ်။ အတိတ်ကို အာရုံပြုပါများတဲ့အခါမှာ အနာဂတ်ဟာ ရှေ့မရောက်တော့ဘူး။ သမိုင်းဆိုင်ရာကိစ္စတွေကို စာအုပ်တွေထဲနေ လေ့လာတယ်။ လူတွေထဲကနေလေ့လာတယ်။ သမိုင်းအမြင်တွေ ဟာ သိပ်ဆန်းကြယ်တယ်။ အတွေ့အကြုံရှိတဲ့လူတွေ၊ ဖြတ်သန်းမှု ရှိခဲ့တဲ့လူတွေ၊ စာဖတ်ပေဖတ်ရှိတဲ့လူတွေ၊ ကိုယ့်လူ့အသိုင်းအဝိုင်းကို အမှုမဲ့အမှတ်မဲ့မနေဘဲ ဂရုတစိုက်ကြည့်တတ်တဲ့လူတွေဆီက ရတဲ့သမိုင်းအမြင်ဟာ အမြင်သစ်တွေကို ရတယ်။ မြင်ထားပြီးသားအရာတွေဟာ ပိုလို့ ပုံပေါ်လာတယ်။ အဆက်အစပ်တွေကို...

ကျေးလက်တောရွာက ဆရာ ဆရာမတွေ…

ပညာရေးဟာ နိုင်ငံ့ရဲ့ အနာဂတ်ကို ပြဌာန်းပါတယ်။ အခြေခံကျောင်းတွေဟာ ကလေးသူငယ်တွေရဲ့ ဘဝ အခြေခံ အုတ်မြစ်ကို တည်ဆောက်ပေးတဲ့ ဌာနဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေခံကျောင်းတွေရဲ့ အဓိက မောင်း နှင်အားဖြစ်တဲ့ ဆရာ ဆရာမတွေရဲ့ လုပ်ငန်းခွင်ဘဝ၊ ဘဝရပ်တည်မှု၊ စိတ်လုံခြုံမှုအခြေအနေ၊ လူနေမှု အဆင့် အတန်း ဆိုတာတွေက အလွန် အရေးကြီးပါတယ်။ အလွန်အရေးပါပါတယ်။ ကျေးလက်က ဆရာဆရာမတွေ...

စာသင်ခန်း ဆိုတာ……

• စာသင်ခန်းဟာ ဝါဒဖြန့်ချိရေးအခန်း မဟုတ်ဘူး။ • စာသင်ခန်းဟာ တရားသေဝါဒကို အုတ်မြစ်ချပေးတဲ့နေရာ မဟုတ်ဘူး။ • စာသင်ခန်းဟာ ငါတကောကောသူရဲ့ အင်ပါယာ မဟုတ်ဘူး။ • စာသင်ခန်း ဟာ ပြဌာန်းစာအုပ်မှာ တင် လမ်းဆုံးနေတဲ့ ဘူတာ မဟုတ်ဘူး။ • စာသင်ခန်းဟာ အဖြေတစ်ခုတည်းအတွက် သီးသန့်အခန်း မဟုတ်ဘူး။ • စာသင်ခန်းဟာ အာဂုံရွတ်ဆိုတဲ့...

နိုင်ငံရေးသမား

နိုင်ငံရေးသမားအတွက် ကျောင်းရှိသလား…. အာဏာရဖို့အတွက် ရည်ရွယ်ပြီး လုပ်တဲ့ နိုင်ငံရေးသတ္တဝါတိုင်းကို နိုင်ငံရေးသမားလို့ ယေဘုယျသတ်မှတ်လို့ ရပါတယ်။ နိုင်ငံရေးသမားတစ်ယောက်အတွက် လေ့လာစရာ၊ သင်ယူစရာ ကွင်းဟာ ဘာဖြစ်နိုင်ပါသလဲ။ နိုင်ငံရေးသမားတစ်ယောက်အဖို့ လူ့အရေးအရာကိစ္စတိုင်းဟာ လေ့လာသင်ယူစရာတွေချည်းပါပဲ။ လူနဲ့ ဆက်စပ်နေတဲ့ မြေကိစ္စတွေဟာ လေ့လာစရာတွေချည်းပါပဲ။ လူနဲ့မြေကို ပေါင်းထားတဲ့ နိုင်ငံ့အရေးအရာကိစ္စ တွေဟာ လေ့လာသင်ယူစရာတွေ ဖြစ်ပါတယ်။ လူနဲ့မြေကြီးကိစ္စတွေကို စီမံခန့်ခွဲတဲ့ အစိုးရကိစ္စ၊...