ဆူလွယ်နပ်လွယ်

မြန်မာတွေကို ယေဘုယျခြုံကြည့်ရင် တစ်ခုခုကို အစဉ်တစိုက် မြုပ်နှံပြီး လုပ်နေသူ ရှားတယ်။ ဒီ့နောက်ပိုင်း လူတော်တော်များများကို ကြည့်လိုက်ရင် ဆူလွယ်နပ်လွယ် ကိစ္စတွေကိုပဲ လုပ်ကြတာများတယ်။ ဘယ်အရာ လွယ်မလဲဆိုတာပဲ ကြည့်နေတယ်။ ငွေပေါ်လွယ်တာက ဘာဖြစ်မလဲ။ အကျိုးအမြတ် အမြန်ဆုံးရနိုင်တာ ဘာဖြစ်မလဲ ဆိုတာတွေပဲ ကြည့်နေကြတယ်။ ပေါ်ပင်ကိစ္စတွေနောက် အာသာငမ်းငမ်း လိုက်နေကြတာတွေ့ ရတယ်။ ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်စရိုက်နဲ့၊ ကိုယ့်ခံယူချက်နဲ့...