ဆူလွယ်နပ်လွယ်

မြန်မာတွေကို ယေဘုယျခြုံကြည့်ရင် တစ်ခုခုကို အစဉ်တစိုက် မြုပ်နှံပြီး လုပ်နေသူ ရှားတယ်။ ဒီ့နောက်ပိုင်း လူတော်တော်များများကို ကြည့်လိုက်ရင် ဆူလွယ်နပ်လွယ် ကိစ္စတွေကိုပဲ လုပ်ကြတာများတယ်။ ဘယ်အရာ လွယ်မလဲဆိုတာပဲ ကြည့်နေတယ်။ ငွေပေါ်လွယ်တာက ဘာဖြစ်မလဲ။ အကျိုးအမြတ် အမြန်ဆုံးရနိုင်တာ ဘာဖြစ်မလဲ ဆိုတာတွေပဲ ကြည့်နေကြတယ်။ ပေါ်ပင်ကိစ္စတွေနောက် အာသာငမ်းငမ်း လိုက်နေကြတာတွေ့ ရတယ်။ ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်စရိုက်နဲ့၊ ကိုယ့်ခံယူချက်နဲ့...

တို့လူငယ်

• ဝမ်းစာဖြည့်ဖို့ • ကိုယ်ခံအားကောင်းဖို့ • ကိုယ့်အလုပ် ကိုယ်လုပ်နေဖို့ ကျနော် လူငယ်တွေတော်တော်များများနဲ့ တွေ့ဖြစ်၊ ဆုံဖြစ်တယ်။ လူငယ်တွေက သူတို့ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ တွေကို ပြောပြတယ်။ သူတို့ရဲ့ချင်ခြင်းတွေကို ဖွင့်ဟတယ်။ သူတို့ဝါသနာနဲ့ လွန်ဆွဲနေတဲ့အရာတွေကို ပြောပြ တယ်။ သူတို့ သွားချင်တဲ့ပန်းတိုင်၊ သူတို့လျှောက်ချင်တဲ့လမ်းကို ပြောကြတယ်။ လူငယ်တွေမှာ ကြီးပွားလိုစိတ်၊ အောင်မြင်လိုစိတ်၊...

ကျင့်ထုံးပျက် လူ့အဖွဲ့အစည်း

• အလုပ်မလုပ်ပဲ အစာမစားရ။ • လုပ်သလောက် စားရမယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ကျင့်ထုံးတွေ ပျက်တာကြာနေပြီ။ အခြေခံကျင့်ဝတ်တွေ ပျက်နေတာကြာပြီ။ လူတွေက အချောင်စားချင်တယ်။ ရေသာခိုတယ်။ ဖြတ်လမ်းနည်း လိုက်တယ်။ မလုပ်ပဲ စားချင်တယ်။ ဖြတ်စား လှီးစား၊ အမှီးကျက် အမှီးစား ခေါင်းကျက် ခေါင်းစား လုပ်တယ်။ လည်ရင် လည်သလို လုပ်တယ်။ ထိုက်တန်တဲ့ ရင်းနှီးမှု...

အမျိုးသားရေးဝါဒ ဘယ်လိုလဲ…

သူရဲကောင်းဖြစ်ချင်သူ ဘယ်သူလဲ အမျိုးသားရေးဝါဒ ဘယ်လိုလဲ… PDF - How NationalismDownload သူရဲကောင်းဝါဒဆိုတာကို အရင်ရှင်းပါ့မယ်။ သူရဲကောင်းဆိုတာ သတ္တိရှိသူကို ခေါ်တယ်။ အန္တရာယ်နဲ့ကြုံလာ ချိန်မှာ ကယ်တင်နိုင်တဲ့သူကို ဆိုလိုတယ်။ • ကူညီတယ်၊ • ကယ်ဆယ်တယ်၊ • စောင့်ရှောက်တယ်၊ • ရဲရင့်တယ်၊ • သတ္တိရှိတယ်၊ • ကိုယ်ကျိုးစွန့်တယ်၊ •...