မျက်စိဆေးတွေနဲ့ …. ငါ

ကျနော် ပထမနှစ်တက္ကသိုလ်ကျောင်းသားဘဝတုန်းက၊ ထိခိုက်မှု တစ်ခုဖြစ်ခဲ့ဖူးသည်။ လက်မကို ဘလိတ်ဓား နှင့် ခွဲမိခြင်းဖြစ်သည်။ ဒဏ်ရာက အတော်နက်သည်။ တစ်လက်မနီးပါးလောက် ပြဲသွားသည်။ အခုထိ ညာဘက် လက်မှမှာ၊ အလျားလိုက် အမာရွတ်က ရှိနေသေးသည်။ သည်ဒဏ်ရာ ရခဲ့ပုံက၊ ဒီလို။ ကျနော်က၊ မုတ်ဆိတ်ရိတ်သည်။ ဓားကို အကျီ ၤ အိတ်ကပ်ထဲ ဓားဖုံးစက္ကူလေးသာ အုပ်ပြီး ထည့်ထားသည်။...