ပြည်သူ့ရေးရာမူဝါဒကျောင်းသား

၂၀၂၃ ဩဂုတ် ၂၈ ၊ ဗန်ကူးဘား ကနေဒါ။ ကျနော် ပညာသင်ဆုရပါပြီ။ ကနေဒါနိုင်ငံ၊ University of British Columbia (UBC) မှာ ပြည်သူ့ရေးရာမူဝါဒ နဲ့ ကမ္ဘာ့အရေး ဘာသာရပ်နဲ့ မဟာဘွဲ့ကို တက်ရောက်ခွင့်ရတာ ဖြစ်ပါတယ်။ အခုတော့ ပြည်သူ့ရေးရာမူဝါဒ ကျောင်းသား ဖြစ်ဖို့ ၊ ကြုံပါပြီ။ တချိန်က နိုင်ငံရေးသိပ္ပံကျောင်းသားဖြစ်ခဲ့ဖို့၊...

ပြည်တွင်းစစ် နဲ့ မြန်မာပြည်

၂၀၂၃ ဩဂုတ် ၂၉ ၊ ဗန်ကူးဘား ကနေဒါ။ ဆောင်းပါးအကျဉ်းချုပ်။။ ဒီဆောင်းပါးဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် အလွယ်တကူ ရပ်တန့်ပြီးဆုံးနိုင် ဖွယ် မရှိကြောင်း ရေးသားတင်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။ ဤအဆိုကို ထောက်ခံတင်ပြရမှာ၊ ဆောင်းပါးရှင်ဟာ အကြောင်းပြချက် (၄) ရပ်နဲ့ ပြဆိုရှင်းလင်းထားပါတယ်။ မြန်မာပြည်မှာ၊ ပြည်တွင်းစစ်က လုံးဝ ပြီးပြီးပြတ်ပြတ် ဖြစ်ဖို့ ခဲယဉ်းတယ်။ ကာလရှည်ကြာ...

အထိန်းအထေစနစ်နဲ့ ဒီမိုကရေစီ

၂၀၂၃ ဩဂုတ် ၃၀ ၊ ဗန်ကူးဘား ကနေဒါ။ လစ်ဘရယ်ဒီမိုကရေစီရဲ့ အဓိက အနှစ်အသားတစ်ခုဖြစ်တဲ့ အထိန်းအထေစနစ်ကို ဘယ်လို ထည့်သွင်းမြှုပ်နှံပြီး အစိုးရကို ထိန်းကျောင်းသလဲဆိုတာကို ဒီဆောင်းပါးက ဖော်ပြထားပါတယ်။ ဒီမိုကရေစီကို ဘာလို့ ထောက်ခံတာလဲ၊ ဒီမိုကရေစီကို ဘာလို့ သဘောကျရသလဲလို့ ပြောရင် အဓိက အချက် (၂) ချက် ရှိတယ်။ key word...

ထွက်ပေါက် အယူအဆနဲ့ သမိုင်းလိုအပ်ချက် ဟုတ် / မဟုတ်

***ဂုဏ်သိက္ခာရှိစွာ ထွက်ပေါက်ပေးရေးကိစ္စ [Honorable Exit] ၁။ တချိန်က မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ပတ်သက်ပြီး ဂုဏ်သိက္ခာရှိစွာ ထွက်ပေါက်ပေးရေး (honorable exit) ကိစ္စကို စဉ်းစားခဲ့ကြဖူးတာ ရှိတယ်။ စဉ်းစားတယ်ဆိုပေမယ့် ဒီအယူအဆဟာ ရေပန်းမစားပါဘူး။ အငြိုးအတေးနဲ့ အမုန်းတရား သိပ်ကြီးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ၊ ဒီလိုအယူအဆမျိုးက တိုးမပေါက်ခဲ့သလို အစွန်းရောက်နိုင်ငံရေးဓလေ့ အားကြီးတဲ့ ဗမာနိုင်ငံရေးအသိုင်းအဝိုင်းကြားမှာလည်း ရှုတ်ချစရာ အယူအဆဖြစ်ကောင်း ဖြစ်ခဲ့မှာပါ။...

*** [Public intellectual]

လူထုပညာတတ်ဆိုတာ ဘာလဲ။ [Public intellectual] ဆိုတာ ဘယ်လိုမျိုးလဲ။ [Public intellectual] ဆိုတာ ဘာလဲ။ [Public intellectual] ဆိုတာကို မြန်မာလို အနက်ပြန်ရမယ် ထင်ပါတယ်။ [Public intellectual] ဆိုတာ ပညာတတ် တစ်ယောက်ပါ။ ဒါပေမယ့် ဘယ်လို ပညာတတ်မျိုးလဲဆိုတော့၊ လူထုပညာတတ် လို့ ပြောရမယ် ထင်ပါတယ်။ ဒီစကားလုံးက ကျနော့်အတွက်...

စာပေ – နိုင်ငံရေး – တော်လှန်ရေး

စာပေဟာ နိုင်ငံရေးရဲ့ လက်အောက်ခံလား။ စာပေဟာ နိုင်ငံရေးရဲ့ လက်အောက်ခံ မဟုတ်ဘူး။ နိုင်ငံရေးကလည်း စာပေရဲ့ လက်အောက်ခံ မဟုတ်ဘူး။ စာပေနဲ့ နိုင်ငံရေးဟာ ဘယ်သူ့ ဘယ်သူမှ လက်အောက်ခံ လုပ်ဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် လူတွေက ကိုယ်ရပ်ခံတဲ့ဘက်မှာ ဩဇာကြီးအောင် လုပ်ချင်ကြတယ်။ ဒီတော့ နိုင်ငံရေးက စာပေကို လက်အောက်ခံသဘော မြင်လာတာတွေ ရှိတယ်။ အတိတ်သမိုင်းဖြတ်သန်းမှုကို...

*** [Comparative Politics]

နိုင်ငံရေးသိပ္ပံ ဘာသာရပ်မှာ၊ မဖြစ်မနေ သင်ရတဲ့ ဘာသာရပ် တစ်ခုရှိတယ်။ အဲဒါကို [Comparative Politics] လို့ ခေါ်တယ်။ မြန်မာလို အနက်ပြန်ရရင်တော့ “နှိုင်းယှဉ်နိုင်ငံရေး” လို့ ခေါ်ပါတယ်။ နှိုင်းယှဉ်နိုင်ငံရေး [Comparative Politics] ဟာ နိုင်ငံရေးသိပ္ပံရဲ့ ထီးရိပ်အောက်က ဘာသာရပ်ခွဲတစ်ခုလို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးစနစ်တွေ၊ အစိုးရတွေ၊ နိုင်ငံရေးအပြုအမူတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကို နိုင်ငံအလိုက်...

*** [Ignorance is a Crime]

[Ignorance is a Crime] တဲ့…။ ဒီစာကို ဖတ်ဖူးတာ ကြာပါပြီ။ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်လောက်ကတည်းက၊ ဒီစာကို စိတ်ထဲမှာ စွဲနေတာ။ [Ignorance is a Crime] [Ignorance is a Crime] အစက ဒါကို သိပ်နားမလည်ပါဘူး။ နောက်တော့ တဖြည်းဖြည်းနားလည်လာသလို ရှိတယ်။ ဒါပေမယ့် အခုတော့...

ရယ်ဒီကယ် [radical]

နိုင်ငံရေးမှာ၊ ရယ်ဒီကယ် [radical] ဆိုတဲ့ စကားလုံးကို ခဏ ခဏ တွေ့ဖူး ကြားဖူးမှာပါ။ ဘာကို ဆိုလိုတာလဲ။ ဒီစကားလုံးက အင်္ဂလိပ်ဝေါဟာရကို တိုက်ရိုက် မြန်မာအသံ ဖလှယ်ထားတာဖြစ်ပါတယ်။ မြန်မာလို အနက်ပြန်ရရင် [အလွန်အကျူး] [အလွန်အကျွံ] လို့ အနက်ထွက်တယ်။ ဒါကိုပဲ [အစွန်းရောက်] လို့ အနက်ပြန် ကြတာ ရှိတယ်။ တစ်ခုခုကို အလွန်အကျွံ...

⦿ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။။

ဆယ်ကျော်သက်အရွယ်တုန်းက ဘရုစလီ (Bruce Lee) ရဲ့ ဘဝရုပ်ရှင်ကို ကြည့်ဖူးတယ်။ အဲသည့်တုန်းက ကျနော်က စာဂျပိုး ပေါက်စ။ စာရေးဆရာ ဖြစ်ကို ဖြစ်ရမယ် ဆိုတဲ့စိတ်နဲ့ ရတတ်သမျှ စာအုပ်၊ စာစောင်တွေကို အငမ်းမရ သိမ်းကြုံးဝါးစားနေတဲ့ ကာလ။ ဘရုစလီရဲ့ ဘဝဇာတ်ကြောင်းကို သိပ်စိတ်ဝင်စားတယ်။ ဒီလိုနဲ့ သူ့ဘဝကို ရုပ်ရှင်ထဲက လေ့လာရင်း စာရေးဆရာ ဖြစ်ဖို့...