သင့်နော်အမှာစာ

လူများ အမူအကျင့်များ အယူအဆများနှင့် ချဉ်းကပ်ခံယူမှုများ သင့်နော် သမိုင်းကြောင်းတစ်လျောက် ပါဝင် စီးမျောခဲ့ကြ သည့် ကိစ္စပေါင်း အသင်္ချေ အနန္တရှိသည့်အနက် လူ့ယဉ်ကျေးမှု ဖြစ်ထွန်းပြီးပါမှ သမိုင်းတင်ခဲ့ကြရ သည် ဖြစ်၏။ စကြဝဠာ၏ သမိုင်း။ နေစကြာဝဠာ၏သမိုင်း။ ကမ္ဘာမြေကြီး၏သမိုင်း။ ပြီးမှ လူ့သမိုင်း။ လေးဘက်တွား ဘဝမှ ခြေနှစ်ချောင်းပေါ် မတ်မတ်ရပ်နိုင်သည်အထိ ဆင့်ကဲဖြစ်စဉ်၏ အံ့မခန်းထွန်းကားမှုများမှ တဆင့်...

ဒေါက်တာဇော်စိုး အမှာစာ

စာဖတ်သမားသို့ / စာအုပ်အတွက် ၊ ဆရာ ဒေါက်တာဇော်စိုး၏ စာရေးသူအတွက် အမှာစာ။ မင်းသေ့ ……. နာမည်အရင်းက အောင်ကိုကိုတိုး …. စာရေးဆရာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်သူ…. စာရေးခြင်းအလုပ်ကို တပ်မက်သူ ….. စာပေလောကမှာ နေရာတစ်နေရာဆုတ်ကိုင် ပိုင်ဆိုင်ထားသူ ……. ပြီးတော့ ….. ထူးပြီးမိတ်ဆက်ပေးစရာမလိုသူ …….။ လွန်ခဲ့သောငါးနှစ်က… မန္တလေးတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနက...

မူဝါဒရေးရာဆွေးနွေးခန်း အပိုင်း (၁) ၊ (၂) ၊ (၃)

Sandhi Governance Institute ၏ အုပ်ချုပ်မှုဒါရိုက်တာ တစ်ဦးဖြစ်ပြီး ၊ မူဝါဒရေးရာလေ့လာသုံးသပ်သူ ဆရာ ဦးခိုင်ဝင်း နှင့် ဆွေးနွေး မေးမြန်းခန်း အစီအစဉ်ဖြစ်ပါတယ်။ အစီအစဉ် အပိုင်း (၁) ၊ (၂) ၊ (၃) အထိ နားဆင်နိုင်ပါသည်။ https://www.youtube.com/watch?v=x2MyIYzgdPg&t=89s မူဝါဒရေးရာဆွေးနွေးခန်း အပိုင်း (၁) https://www.youtube.com/watch?v=6YFabpmZGF4 မူဝါဒရေးရာဆွေးနွေးခန်း အပိုင်း...

ဒဿနအမြင်

စာညွှန်း / အနောက်တိုင်းဒဿနကို မြန်မာမျက်စိဖြင့် ကြည့်ခြင်း (၂) ဒေါက်တာခင်မောင်ဝင်း (ဒဿနဗေဒ) စာအုပ္အညႊန္း Audio Book ဒဿနဓာတ်ခံ အခြေခိုင်ခိုင်ရရှိလိုသူတို့ ဖတ်သင့်သည်ဟု မြင်သည်။ ဒေါက်တာခင်မောင်ဝင်းကိုယ်တိုင်က ဒဿနိကဗေဒ ပါမောက္ခ။ သူ့တပည့်တွေက အခုဆို နိုင်ငံရေးနယ်၊ ပညာရပ်ဆိုင်ရာနယ်တွေမှာ ပေါက်မြောက် အောင်မြင်နေသူတွေ။ ကျနော့် အသိမိတ်ဆွေ လူကြီးများထဲတွင် ဒေါက်တာခင်မောင်ဝင်း တပည့်တွေ ရှိသည်။...

အင်တာဗျူး

ကိုမျိုးဇင်က မေးတယ်။ ကျနော်က ဖြေတယ်။ ဒီလိုနဲ့ အင်တာဗျူး တစ်ပုဒ် ထွက်လာတယ်။ ၁) မင်းသေ့ ဖြစ်လာပုံကို ပြောပြပေးပါအုံး။ မင်းသေ့ ဖြစ်လာပုံကတော့ တက္ကသိုလ်ကျောင်းသားဘဝ အစက စတယ်လို့ ပြောလို့ရမယ်။ တက္ကသိုလ်ရောက် တော့ တက္ကသိုလ်ပညာရေးကို အများကြီးမျှော်လင့်တယ်။ ဒါပေမယ့် ကိုယ်မျှော်လင့်သလို ဖြစ်မလာဘူး။ ကိုယ် မျှော်လင့်တာက ဒီတက္ကသိုလ်ကျောင်းကြီးဟာ ငါ့ကို တကယ့်ပညာတတ်...

သာသနာ့ အသက်

ဘုရားဥပဒေတော်ကြီး အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်ကြီး) “ ဝိနယော နာမ သာသနဿ အာယု ” ဝိနည်းတရားတော်သည် သာသနာတော်၏ အသက် ဟု ရဟန္တာအရှင်မြတ်တို့ မိန့်တော်မူခဲ့ဖူးသည်။ စည်းမရှိသောရွာ၊ အကွပ် မရှိသောကြမ်း ဗရမ်းဗတာ… ဆိုသည့် စကားပုံရှိသည်။ တစ်ဦးတစ်ယောက်တည်း တည်ရှိနေသော ဧကစာရီကျင့် သူတော်ကောင်းအဖို့ စည်းကမ်းတို့ မလိုအပ်။ သို့သော် ထိုသူတော်တောင်မှ၊ မိမိ...

Burma Version Buddhism အကြောင်း ရှင်းချက်။

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာ,က ဟောကြားခဲ့ပြီးပါပြီ။ ဘုရားပေါ်ကို အမျိုးသမီး မတက်ရ ဆိုတာကို ‘it’s not Buddhism, it’s tradition’ လို့ ဟောခဲ့ပြီးပါပြီ။ အမျိုးသမီး၊ အမျိုးသားကိစ္စဟာ ဗုဒ္ဓ အဟော မဟုတ်ပါဘူး။ ဗုဒ္ဓအဆုံးအမလည်း မဟုတ်ပါဘူး။ ဗုဒ္ဓကိုယ်တိုင်က လူမျိုးအားဖြင့်၊ လိင်အားဖြင့်၊ ဆင်းရဲချမ်းသာအားဖြင့်၊ ရာထူးအာဏာအားဖြင့်၊ ဒေသအားဖြင့်၊ ဂုဏ်အဆင့်အတန်း ခွဲခြားဆက်ဆံခြင်း မရှိပါဘူး။...

ရင်းနှီးမြုပ်နှံမှုကို မြူဆွယ်ခြင်းနှင့် ခရမ်းပျိုးချိန်အလွန်

လက်ဝဲရှုထောင့်ဖြင့်ကြည့်လျှင်၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုမှာ သွေးစုပ်အမြတ်ထုတ်ခြင်းဟု ပညတ်သည်။ ၂၀၀၀ ခုနှစ်နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအပေါ် အမြင်ပြောင်းသွားသည်။ သွေးစုပ်ခံချင်လွန်းလို့ လက်ယက်ခေါ် နေရသည့် အဖြစ်မျိုးရောက်လာသည်။ ကိုယ့်ကို သွေးမစုပ်,စုပ်အောင် မြူဆွယ်နေရသော အနေအထားမျိုး ရောက်လာသည်။ ယခုမူ ပြောင်းပြန်ဖြစ်သွားပြီ။ သွေးစုပ်ရမည့်သူက လူကို ရွေးလာသည်။ လူတိုင်း၏ သွေးကို မစုပ်။ သူလိုချင်သည့် လူကို စိတ်ကြိုက်ရွေးနေရသည့်သဘော။ တတိယနိုင်ငံများက...

ယောနသံ

ဘသန်း(ဓမ္မိက) ဘာသာပြန်တဲ့ ယောနသံစင်ရော် ကို ဖတ်မိတယ်။ ကြိုက်တယ်။ စာအုပ်အညွှန်းတောင် ရေးဖြစ်တယ်။ ယောနသံစင်ရော်ကို ဖတ်ရင်း၊ ငါနဲ့အတော်တူပါ့လားလို့ တွေးမိတယ်။ တချို့အရာတွေဆို ထပ်တူထပ်မျှ။ ယောနသံကို ဖတ်တယ်။ ငါ့ကိုယ်ငါ ပြန်ကြည့်တယ်။ ယောနသံကို ကြည့်ရင်း ငါ့အကြောင်းကို ပြန်တွေးမိတယ်။ ပြန်မြင်မိတယ်။ ဒီလိုနဲ့ ငါ့ အကြောင်းငါရေးဖို့ ဖြစ်လာတယ်။ ငါဟာ ယောနသံ။ မင်းသေ့ရဲ့...

ကဗျာရှည်။

၂၀၁၈ ခုနှစ်မှာ ရေးကြည့်ခဲ့တဲ့ ကဗျာ….။ ကဗျာလို့တော့ ထင်တာပဲ…. ကဗျာရှည်လို့ ၊ ဘာမသိ ညာမသိ နဲ့ တပ်လိုက်တယ်….။ မြစ်ရဲ့ တစ်ဖက်ကမ်း မြို့ကြီး ပြကြီးမှာ ငါနေတယ်။ အဲ့ဒီမှာ လူတွေလည်း စုံတယ်။ စရိုက်တွေလည်း စုံတယ်။ အလုပ်အကိုင်တွေလည်း စုံတယ်။ အသွေးအရောင်လည်း စုံတယ်။ ချစ်ခြင်း မေတ္တာတွေ စုံသလို၊ အမုန်းတရားတွေလည်း...