ငါတို့ ချမ်းသာတယ်

ငါတို့မှာ ပေါနေတာ အကြံတွေပဲ။ အလုပ်လုပ်မယ့်သူတွေတော့ မပေါဘူး။ လုပ်ချင်သူစိတ်ရှိသူအဖို့၊ လုပ်ရမယ့် အလုပ်တွေက ရှိပါတယ်။ ဒါပေမယ့် ဘာတွေ လုပ်ရမလဲဆိုတာကို လူတွေ မကြည့်တာ ခက်တယ်။ မကြည့်တော့ မမြင်ဘူး။ မြင်ရင်လည်း မမြင်ချင်ယောင်ဆောင်တယ်။ မမြင်ချင်ယောင်ဆောင်တာ ကောင်းတယ်။ မမြင်ဘူး ဆိုတော့ မလုပ်ရတော့ဘူးပေါ့။ အိပ်ချင်ယောင်ဆောင်တဲ့သူက အနိုးရခက်တယ်လေ။ ငါတို့ မနိုးတာမဟုတ်ပါဘူး။ အိပ်ချင်ယောင်ဆောင်နေကြတာပါ။ သိပ်မပင်ပန်း၊...

▄ ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်း ဖြစ်စေမယ်

• တေးရေး - စိုင်းခမ်းလိတ်• တေးဆို - စိုင်းထီးဆိုင်• သီချင်း - https://www.youtube.com/watch?v=RYvubvXmH2I စကားလုံးတွေက ဘယ်လောက် လှသလဲ…ကြည့်စမ်း။ သဘောထားကြီးမှု၊ ဖေးမမှု၊ စိတ်သဘောထား ကျယ်ပြန့်မှု၊ ချစ်ခြင်းမေတ္တာ၊ ကြင်နာမှု၊ ကရုဏာ၊ ကိုယ်ချင်းစာနာမှု၊ လူ့သဘောတွေ၊ အကောင်းမြင်နိုင်စွမ်း၊ ကတိကဝတ် စတဲ့အရာတွေ အားလုံးကို တွေ့လိုက်ရတယ်။ တွေ့လိုက်ရတယ်ဆိုတာထက် ခံစားလိုက်မိတယ်လို့ ပြောရင်...

▄ သမိုင်းကို ဆစ်ပိုင်းလေ့လာခြင်း

မြန်မာ့နိုင်ငံရေးသမိုင်းကို လေ့လာတဲ့အခါမှာ၊ ဆစ်ပိုင်းလေ့လာရမယ့် နည်းနာလိုပါတယ်။ အချက် (၃) ခုကို တင်ပြချင်ပါတယ်။ • (၁) လူကို လေ့လာတာ။• (၂) ကာလအပိုင်းအခြားကို လေ့လာတာ။• (၃) အကြောင်းအရာကို လေ့လာတာ။ ▄ လူကို လေ့လာတာ မြန်မာ့နိုင်ငံရေးသမိုင်းကို ဂဏနဃနားလည်ဖို့အတွက်ဆိုရင် လူတွေကို လေ့လာခြင်းဟာ အဓိကအချက်အနေနဲ့ ပါဝင်ပါတယ်။ အထူးသဖြင့် key stakeholders...

ရေစက်

ဘယ်လိုလူဟာ နှစ်လိုဖွယ်ရာဖြစ်သလဲ။ လူတစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ကိုယ့် ဓာတ်ခံနဲ့ ဘယ်လိုလူက ငြိသလဲဆိုတာ စိတ်ထဲက သိနေပါတယ်။ ခံစားမိနေတယ်။ သူနဲ့ ပေါင်းသင်းဆက်ဆံရ တာ၊ သူနဲ့အလုပ်အတူတူ လုပ်ရတာ၊ သူနဲ့ သွားလာရတာ၊ သူနဲ့ ပြောဆိုရတာ၊ သူနဲ့ ပူးတွဲရတာ… စတာတွေ ဟာ နှစ်လိုဖွယ်ရာဖြစ်တယ်ဆိုတာ ဘာ့ကြောင့်လဲ။ သူနဲ့ အပေးအယူတည့်နေတယ်။ သူနဲ့ ကိုယ်နဲ့အကြားမှာ...

ပြောဆိုဆုံးမရလွယ်ခြင်း

သီချင်းပဲဖြစ်ဖြစ် တရားတစ်ပုဒ်ဖြစ်ဖြစ် ကျနော် ကြိုက်ရင် ထပ်ခါထပ်ခါ ခဏ ခဏ နားထောင်နေမိတတ်တာ ကျနော့်အကျင့်ဖြစ်ပါတယ်။ ထပ်ခါထပ်ခါ နာဖြစ်တဲ့တရားတွေမှာ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒာမာလရဲ့ တရားတွေလည်းပါတယ်။ သီတဂူဆရာတော်ရဲ့တရားတွေလည်းပါတယ်။ ဆရာတော်ဦးဇောတိက ရဲ့ တရားတွေလည်းပါပါတယ်။ ပါချုပ်ဆရာတော်ကြီးရဲ့ မေတ္တာသုတ်အနှစ်ချုပ်တရားကို ကျနော် ဆယ်ကြိမ် မက နားထောင်ဖြစ်တယ်။ အဲဒီ့အထဲမှာ မေတ္တာသုတ်အကြောင်း ရှင်းလင်းရင်းနဲ့ လူတစ်ယောက်ရဲ့ ကိုယ်ရည်...

မင်းသေ့ အမှာစာ

အခုရေးတဲ့စာအုပ်နဲ့ ပတ်သက်ပြီး နာမည် (၂) မျိုးလောက် စဉ်းစားမိခဲ့တယ်။ ပထမ စဉ်းစားမိတာက “မြန်မာသစ်”။ ခေတ်သစ်တစ်ခုကို ချီတက်နေတဲ့ မြန်မာအသစ်ဖြစ်ဖို့ ရည်ရွယ်လို့ ဒီနာမည်ကို စဉ်းစားမိသွား တာဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းဟာ အဟောင်းတွေကို ချန်ထားခဲ့သင့်ပြီ။ အမူအကျင့်ဟောင်း၊ စရိုက် ဟောင်း၊ အကျင့်ဟောင်းတွေကို အသစ်နဲ့ အစားထိုးဖို့ သင့်နေပြီ။ အဟောင်းထဲမှာ အကောင်းက သိပ်မတွေ့ရ တော့လို့ဖြစ်ပါတယ်။...

စိတ် နေ ဆန္ဒ

မသိတာကိုလည်း သိအောင် လုပ်လို့ရတယ်။ မရှိတာကိုလည်း ရှိအောင် လုပ်လို့ရတယ်။ မသိချင်ရင်တော့ ဘာမှ လုပ်လို့ မရဘူး။ မရှိချင်ရင်တော့ ဘာမှကို လုပ်လို့ မရဘူး။ ဒါ့ကြောင့် …. သိချင်စိတ် / ရှိချင်စိတ် ဆိုတာ သိပ်လိုအပ်တယ်။ ဗုဒ္ဓအဟောထဲမှာ ပဌာန်းကျမ်းရှိတယ် မဟုတ်လား။ ပဌာန်းကျမ်းမှာ အဓိပတိပစ္စယသတ္တိဆိုတာ ရှိတယ်။ အဲသည့်ထဲမှာ ဆန္ဒဓိပတိဆိုတာ စိတ်ဆန္ဒပြင်းပြစိတ်ကို...

အခန်း (၃) ဖြတ်သန်းရမှု

နွယ်နှင့်အနေဝေးခဲ့သော နေ့ရက်များသည် များပြားခဲ့ပါသည်။ ဤသို့သော နေ့ညများသည်ကိုလည်း ပြင်းထန် ဖြတ်သန်းခဲ့ရသည်။ ဤဒုက္ခတရားသည် ဘယ်ဆီက လာပါသနည်း။ ချစ်ခြင်းမေတ္တာသည် ဒုက္ခတရားကို မွေးဖွား သည်ဟု ဆိုလျှင် ကျနော် မယုံကြည်နိုင်ပါ။ လိင်မှုကိစ္စသည် ဒုက္ခဖြစ်ခြင်း အစစ်အမှန်ဖြစ်ပါရဲ့လား။ ဤသို့ ပြောရလောက်အောင်လည်း နွယ်နှင့်ကျနော့်အကြားမှာ လိင်တပ်မက်မှု ရမ္မက်ပြင်းထန်လွန်းခဲ့သည် မဟုတ်ပါ။ သိမ်မွေ့သော သံယောဇဉ် တုပ်နှောင်ခဲ့မှုများတော့ ရှိခဲ့ပါသည်။...