ဘယ်အချိန်မှာ စာရေးဆရာဖြစ်သလဲ

ဘယ်အချိန်မှာ စာရေးဆရာဖြစ်တယ်လို့ သတ်မှတ်နိုင်သလဲ။ စာမရေးရ မနေနိုင်တဲ့ အချိန်မှာ စာရေးဆရာတစ်ယောက်ဖြစ်ပြီလို့ သတ်မှတ်နိုင်ပါပြီ။ ဒီအဖြေကို စာဖတ်ရင်း တွေ့တာ မဟုတ်ပါ။ စာရေးရင်း တွေ့တာပါ။ ဘယ်မှာတွေ့သလဲဆိုတော့ ကိုယ့်ကိုယ်မှာ တွေ့တယ်။ တခြားသော စာရေးဆရာတွေမှာလည်း ကိုယ်စီ ရှုထောင့် ရှိလိမ့်မပေါ့။ ဒါပေမယ့် ကျနော့်အတွက်တော့ — စာကို ရူးသွပ်စွာ ရေးနိုင်ဖို့ ကြိုးစားတဲ့ လူတစ်ယောက်မှာ...

ပုံပြောတဲ့ အကောင် 

စာရေးဆရာတစ်ယောက်ဖြစ်ဖို့အတွက် သူ့မှာ မဖြစ်မနေ ပါလာရမယ့် ဉာဉ် တစ်ခု ရှိတယ်။ စာရေးဆရာမှ မဟုတ်ပါဘူး၊ အနုပညာသမားတိုင်းလိုလိုမှာ ဒီဉာဉ်လေးက ပါလာတယ်လို့ ထင်တယ်။ အဲဒါကတော့ storyteller လို့ ခေါ်တဲ့ ပုံပြင်ပြောတတ်စရိုက်ဉာဉ် လို့ ပြောချင်တယ်။ ဒီနေရာမှာ အရပ်သုံးစကားဖြစ်တဲ့ “ဒီကောင် ငါ့ကို ပုံပြင်ပြောသွားပြီ” ဆိုတဲ့ အသုံးနဲ့တော့ ထပ်တူ မပြုစေချင်ဘူး။ အဲဒါ...

ကျနော့် ဘဝကို ပြောင်းလဲစေခဲ့ဖူးတဲ့ စာအုပ် တစ်အုပ် 

ဆယ်ကျော်သက်ဘဝမှာ ကိုယ့်နံဘေးကအရာတွေရဲ့ တန်ဖိုးကို မြင်အောင် ပြပေးခဲ့တဲ့ စာအုပ်လေး တစ်အုပ်ရှိတယ်။ စာအုပ်ကလေးကတော့ ခပ်ပါးပါးပါပဲ။ လူအတော်များများ ဖတ်ခဲ့ဖူးလိမ့်မယ်။ မူရင်းက – ရပ်ဆယ်ကွန်းဝဲလ်ရေးတာ။ ဘာသာပြန်သူက ဆရာ ဖေမြင့်။ စာအုပ်နာမည်က စိန်မြေဧကပေါင်းများစွာ…တဲ့။ ဒီစာအုပ်ပါးပါးလေးက ဘဝမှာ အတော်လွှမ်းမိုးမှု အားကြီးခဲ့ပါတယ်။  ကျနော်တို့တတွေဟာ ကိုယ့်နံဘေးက အရာတွေကို ကျော်ကျော်မြင်တတ်လေ့ရှိတယ်။ ကိုယ့်နံဘေးမှာ ရှိတဲ့အရာတွေရဲ့ တန်ဖိုးကို...

ဝါသနာကို လိုက်ပါ

ဟျောင့်…. မင်း ဘာအလုပ်မှ မလုပ်ဘဲနဲ့ ပိုက်ဆံမရချင်ဘူးလား….. ဘာလုပ်ရမလဲ အလုပ်ဆိုတာ အဲဒါပဲ…. အဲတော့ မင်းပိုက်ဆံရချင်ရင် မင်း ဝါသနာပါတာ သင်လိုက်…  အဲတော့ မင်းဝါသနာနဲ့ လုပ်ရမယ်… အဲဒါဆိုရင် မင်း အလုပ် မဟုတ်တော့ဘူး…. အလုပ်မလုပ်ဘဲနဲ့ ပိုက်ဆံရတဲ့ကောင်ဖြစ်သွားမယ်….. ဒီစကားတွေဟာ – ဆရာဝင်းဖေ ပြန်ပြောပြတဲ့ မော်ဒန်ဝါဒအကြောင်း အင်တာဗျူးထဲက ကောက်နုတ်ချက် တချို့...

စာဂျပိုး ဘဝ 

ကျနော် စာဂျပိုး လုံးလုံးဖြစ်နေတဲ့ အရွယ်တုန်းက၊ ကြုံခဲ့ရတဲ့ အဖြစ်အပျက် တချို့ ရှိတယ်။ မင်း ဒီစာအုပ်တွေ ဖတ်လို့ ဘာရမှာလဲ…. လို့ ခဏ ခဏ အငေါ်တူးခံရဖူးတယ်။ စာအုပ်တွေ သဲကြီးမဲကြီး ဖတ်နေလို့ ဘာဖြစ်လာမှာလဲ… လို့ ခဏ ခဏ အထေ့အငေါ့ခံခဲ့ရဖူးတယ်။ ဘယ်သူတွေ ကျနော့်ကို ထေ့သလဲ ငေါ့သလဲဆိုတာကို မှတ်မိပေမယ့် မပြောလိုပါ။...

နိုင်ငံရေးကျောင်းဆရာ 

ကျနော်ဟာ အစိုးရကျောင်းတွေ၊ တက္ကသိုလ်တွေမှာ သင်ကြားရေးအလုပ်ကို လုပ်တဲ့ ကျောင်းဆရာ မဟုတ်ပေမယ့်၊ အစိုးရမဟုတ်တဲ့ ကျောင်းတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေမှာ သင်ကြားရေးအလုပ်ကို လုပ်တဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ကျနော့် အသက် (၂၂) မှာ သင်ကြားရေးအလုပ်ကို လုပ်တဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်ခဲ့တယ်။ နိုင်ငံရေးဘာသာရပ်တွေကို သင်တဲ့ နိုင်ငံရေးကျောင်းဆရာတစ်ယောက်ပေါ့။  တက္ကသိုလ်ကျောင်းသားဘဝတုန်းက၊ ကျနော့်ရဲ့ စရိုက်သကန်ကို ကြည့်ပြီး ကျနော့် သူငယ်ချင်းရဲ့ ဒေါ်လေးတစ်ယောက်က...

ဟာသဉာဏ်ရွှင်တဲ့ မိတ်ဆွေ သူငယ်ချင်း တစ်ယောက်ယောက်

ခင်ဗျား နံဘေးနားမှာ၊ ဟာသဉာဏ်ရွှင်တဲ့လူတစ်ယောက်လောက် ရှိနေရင် သိပ်ကောင်းမယ်။ ဒါဟာ ဒီနေ့ ဒီခေတ် အခြေအနေမှာ ကံကောင်းတယ်လို့တောင် ပြောနိုင်တဲ့ အရာ။ ဟာ…. ဘာလို့လဲ၊ ဘာ့ကြောင့်လဲလို့ ခင်ဗျား မေးချင် မေးလိမ့်မယ်။ ဟုတ်တယ်။ မေးရပါလိမ့်မယ်။  အခြေအနေအရပ်ရပ်က အကျပ်အတည်းနဲ့ ကြုံတွေ့နေတယ်။ ခင်ဗျား နေ့စဉ် ကြားနေ၊ တွေ့နေ၊ မြင်နေရတဲ့ အရာ အားလုံးဟာ...

မဟာဂန္ဓာရုံဆရာတော်၏ သွန်သင်ချက်

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသထံမှ ရသော ဘဝဒဿန  ကျနော်ဟာ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ အပေါ်မှာ၊ ပုဂ္ဂိုလ်ရေးအားဖြင့် တိမ်းညွှတ် လေးစားသူ ဖြစ်ပါတယ်။ ကျနော်ဟာ စာတွေ ရေးတိုင်း၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ နဲ့ မဟာမြိုင်တောရ ဆရာတော် ဦးဇောတိကရဲ့ စာပေတွေကို ခဏ ခဏ ညွှန်းဆို၊ ကိုးကားတာကို သတိထားမိကြမယ်လို့ မျှော်လင့် တယ်။  မဟာဂန္ဓာရုံဆရာတော်ရဲ့...

စကားလုံးတွေကို ချစ်လို့

ကျနော် ဘာလို့ စာရေးဆရာဖြစ်လာသလဲဆိုတာကို မေးရင် - စကားလုံးတွေကို ချစ်လို့ပါပဲ လို့ အရိုးဆုံး ဖြေချင် တယ်။ စကားလုံးတွေအပေါ် ကိုယ့်ရဲ့ စွဲလမ်းတပ်မက်မှုကို တဖြည်းဖြည်း သတိထားကြည့်တယ်။ ဝေါဟာရ တစ် လုံး၊ စကားလုံးတစ်ခုကို အမှုမဲ့ အမှတ်မဲ့ မထားဘဲ - ဂရုတစိုက် စဉ်းစားတတ်တဲ့သဘာဝဟာ ကျနော့်ဆီမှာ ကိန်း ဝပ်နေတာ ကြာပြီ။...

မသေမျိုးကို သယ်ဆောင်ခြင်း

မသေမျိုးကို သယ်ဆောင်ခြင်း —- တဲ့။  စကားလုံးက လှလိုက်တာ။ တကယ်တော့ ဒီစကားလုံးကို Country Roads စာအုပ်တိုက်က ကိုဇော်သက်ဆီက ရတာပါ။  သူ က ကျနော့်ကို ပြောတယ်။  “အစ်ကို … ကျနော် စာအုပ်တွေ ပြန်လုပ်ချင်ပြီ” တဲ့။  စာအုပ်ထုတ်ဝေရေးနဲ့ပတ်သက်ရင်၊ ကျနော်က အမြဲတမ်း နောက်မတွန့်တမ်း အားပေးသူ။ ချဗျာ… ချကွာ…...