▄ အနာဂတ်ဝါဒီတစ်ယောက်၏ မေးခွန်းများ

ဒီဆောင်းပါးဟာ အနာဂတ်ဝါဒီတစ်ယောက်ရဲ့ စဉ်းစားချက်ဖြစ်ကောင်းဖြစ်မှာပါ။ သို့တည်းမဟုတ် အနာဂတ် ဝါဒီတစ်ယောက်ရဲ့ စိုးရိမ်သောကလည်း ဖြစ်ကောင်းဖြစ်မယ်။ သို့မဟုတ် အနာဂတ်ဝါဒီတစ်ယောက်ရဲ့ မေးခွန်း များလည်းဖြစ်ကောင်းဖြစ်မယ်။ ဘယ်လောက်ထိ စဉ်းစားမလဲ ကျနော်တို့ခေတ်၊ ကျနော်တို့ မျိုးဆက်၊ ကျနော်တို့လူ့အဖွဲ့အစည်းထဲမှာ အနာဂတ်အကြောင်းကို စဉ်းစားတဲ့သူ ဘယ်လောက်လောက်ရှိနိုင်မယ် ထင်ပါသလဲ။ အနာဂတ်အကြောင်းကို စဉ်းစားတာဟာ လက်တစ်ကမ်းက မနက်ဖြန်အကြောင်းကို စဉ်းစားရုံနဲ့ မရပါဘူး။ လာမယ့်နှစ်အတွက် စဉ်းစားရုံနဲ့လည်း...

▄ အတွေးအခေါ်သစ်ပင်

အတွေးအခေါ် အယူအဆတွေဟာ သစ်ပင်မျိုးစိတ်တွေနဲ့တူတယ်။ အတွေးအခေါ်၊ အယူအဆတွေကို သေချာ ပြင်ဆင်ထုပ်ပိုးထားတဲ့ the set of ideas လို့ အိုင်ဒီယော်လိုဂျီတွေဟာလည်း သစ်ပင်မျိုးစိတ်တွေနဲ့တူတယ်။ သစ်ပင်တွေဟာ ရေခံမြေခံပေါ်လိုက်ပြီးတော့၊ ပေါက်ပွားလေ့ရှိတယ်။ ပေါက်ရောက်တဲ့ရေမြေဓာတ်ခံနဲ့ မျိုးစိတ် ရဲ့ သဘာဝကိုက်ညီတဲ့အခါ၊ ဓာတ်ကိုက်ညီတဲ့အခါမှာ ဖြစ်ထွန်းတယ်။ တခါတရံလည်း ပိုးမွှားကျလို့ မျိုးသုဉ်း တာလည်း ကြုံတာပေါ့။ ရေမြေအလိုက် ပေါက်ရောက်တဲ့...

တိုင်းပြည် ကိုယ်ကျင့်

ကျနော်တို့ ငယ်ငယ်တုန်းက အတန်းကျောင်းဖတ်စာမှာ၊ ပညာသင်ခါ မရှက်ရာ…. ဆိုပြီး သင်ကြားခံရဖူးတာ မှတ်မိတယ်။ မနက်က ရုံးကိုလမ်းလျှောက်လာရင်း၊ ဘာမှန်းမသိ ဒီစကားလုံးက ခေါင်းထဲကို ဝင်လာတယ်။ ပညာသင်ခါ မရှက်ရာ။ ပညာသင်ခါ မရှက်ရာ…..။ငယ်ရွယ်စဉ်မှာ ပညာရှာဆိုတော့၊ ဆယ်ကျော်သက်အရွယ်၊ လူငယ်အရွယ်မှာ ပညာသင်ဖို့ မရှက်ရဘူး…. ရှက်ရင် ပညာရသင့်သလောက် မရဘူးလို့ တွေးပြီး နှလုံးသွင်းမိတယ်။ အခုတော့ လူလည်း...

၂၀၂၀ ရွေးကောက်ပွဲ နှင့် ပါတီစုံစနစ် အသက်ဝင်ဖွယ်ရာ ရှိ / မရှိ

https://www.theworldtodaymagazine.com/%e1%81%82%e1%81%80%e1%81%82%e1%81%80-%e1%80%9b%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%bd%e1%80%b2%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%95/?fbclid=IwAR0OqO4HBJqievzUXUIGrqDNkUXjduySJNx_AWE5eFRq_2_c45RaIq4eulM ရွေးကောက်ပွဲ မရှိရင် ဒီမိုကရေစီ မရှိဘူး လို့ ဆိုတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ရှိတိုင်း ဒီမိုကရေစီ ရှိတာတော့ မဟုတ်ဘူး။ အဲသည့်ရွေးကောက်ပွဲဟာ ဘယ်လောက် ဒီမိုကရေစီနည်းကျသလဲဆိုတာကို ပြန်တိုင်းတာရမယ်။ အာဏာရှင်တစ်ပိုင်းတစ်စဖြစ်တဲ့နိုင်ငံတွေမှာ၊ အစိုးရကို ရွေးကောက်ပွဲနဲ့ ရွေးတာပဲ။ ဒါပေမယ့် ရွေးကောက်ပွဲ ဟာ ဒီမိုကရေစီ အပြည့်အဝ မရှိဘူး။ အခြေခံအားဖြင့်တော့၊ လွတ်လပ်ပြီး တရားမျှတတဲ့...

လူမမာ လူ့အဖွဲ့အစည်း

မျိုးဆက်ဟောင်းဆီကနေ လက်ဆင့်မကမ်းသင့်တဲ့ ရောဂါ (၂) မျိုးရှိတယ်။ လူတော်ကြောက်ရောဂါနဲ့ မနာလိုမစ္ဆိရိယရောဂါ ဖြစ်ပါတယ်။ လူတော်ကြောက်ရောဂါဟာ ဘာ့ကြောင့် စဖြစ်တာလဲ။ အကြောင်းကတော့ ကိုယ်ကိုယ်တိုင် မတော်လို့ ဖြစ်ပါ တယ်။ ကိုယ်ကိုယ်တိုင် မတော်တဲ့သူဟာ လူတော်ကို ကြောက်တယ်။ အထူးသဖြင့် ကိုယ့်နဘေးကလူ တော်မှာ ကို သိပ်ကြောက်တယ်။ ပြီးတော့ ကိုယ့်အောက်က လူတော်မှာကို သိပ်ကြောက်တယ်။ ကိုယ်နဲ့...

သံဃာ့အဖွဲ့အစည်း

မြန်မာပြည်မှာ ဘာသာရေးစာအုပ်တွေ အများကြီးရှိပါတယ်။ ဘာသာရေးလို့ ပြောတဲ့နေရာမှာ ၊ ဗုဒ္ဓဘာသာ ကို ညွှန်းတာဖြစ်တယ်။ ဘာသာရေးစာအုပ်တွေကို ရဟန်းပုဂ္ဂိုလ်တွေကလည်း ရေးသားပြုစုတယ်။ လူပုဂ္ဂိုလ်တွေ ကလည်း စီရင်ရေးသားတယ်။ မြန်မာပြန်တွေလည်း ရှိသလို၊ ဇာတ်နိပါတ်တွေလည်း ရှိတယ်။ ဗုဒ္ဓဝင်တွေလည်း အမျိုးမျိုး ရှိသလို၊ ထေရုပ္ပတ္တိတွေလည်း အမြောက်အမြားပါပဲ။ ဝိနည်းဆိုရင်လည်း ဝိနည်းအလျောက်၊ ဝိနိစ္စယ ဆိုလည်း ဝိနိစ္စယအလျောက် စာအုပ်အမျိုးမျိုးတွေ့ရပါတယ်။...

စာတောထဲ မျက်စိလည်ကြပါစေ…

မှတ်မှတ်ရရ ၂၀၀၇ ခုနှစ်နှစ်ကုန်ပိုင်း၊ နိုဝင်ဘာလမှာပဲ ကျနော် စာဖတ်ခြင်းဓလေ့နဲ့ လက်ထပ်နိုင်ခဲ့တယ်။ ကျနော့် ဆယ်ကျော်သက်ဘဝကို ကျနော် အမှတ်ရနေမိတယ်။ ကျနော် ကိုယ်တိုင် စာဖတ်ခြင်းအလေ့ကို စွဲစွဲမြဲ မြဲဖြစ်လာတော့၊ စာနဲ့ပတ်သက်ပြီး “ဆရာ” ရှာခဲ့တယ်။ အထူးသဖြင့်ကတော့ ကျနော့် စာဖတ်ခြင်းအလေ့ကို ပိုပြီး ခိုင်မာအားကောင်းအောင် လမ်းညွှန်နိုင်မယ့် “mentor” တစ်ယောက်ယောက်လိုချင်ခဲ့တယ်။ ကံအကြောင်း မသင့်လို့ ကျနော့်မှာ...

ဘဝနေနည်း စိတ်ထားနည်း

ပညာရေးရဲ့ရည်ရွယ်ချက်က ဘာလဲလို့ မေးလိုက်ရင်၊ အဖြေတွေ အများကြီးထွက်လာလိမ့်မယ်။ လူတော်တော် များများက ကိုယ့်ထောင့်ကနေ ကိုယ်ကြည့်ကြတယ်။ ကိုယ်ကြည့်တာကိုယ် မြင်တယ်။ ကိုယ်မြင်ချင်တာ ကိုယ် ရွေးကြည့်ကြတယ်။ ဒါကတော့ ထုံးစံ။ ပညာရေးလို့ ပြောရင် အတွေ့အကြုံနဲ့ အတွေးအကြံကို လက်ဆင့်ကမ်းတာလို့ ပြောတယ်။ ထိုနည်းလည်း ကောင်းပဲ ပညာရေးရဲ့ ရည်ရွယ်ချက်ဟာ စဉ်းစားတတ်ဖို့ လို့ ဆိုတယ်။ တစ်ဆင့်တက်ပြီးတော့...

အမျိုးဝါဒ

Race-Ideology-by-Min-ThaytDownload အမျိုးသားရေးနဲ့ ဘာသာရေးကို တွဲပြီးပြောကြပါတယ်။ ကိုလိုနီခေတ်မှာ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုကို စတင်လိုက်တာက အမျိုး ဘာသာ သာသနာ ပညာ လှုပ်ရှားမှုဖြစ်ပါတယ်။ သို့ပေမယ့် နိဒါန်းအစမှာ ပါခဲ့တဲ့ ပညာဟာ ဘယ်နေရာမှာ ပြုတ်ကျကျန်ရစ်ခဲ့လည်း မသိပါ။ သည့်နောက်ပိုင်း အမျိုးသားရေးနဲ့ ပတ်သက်ပြီး ပြောကြရေးကြတဲ့ရေးသားပြောဆိုချက်တွေမှာ အမျိုးသားရေးနဲ့ ဘာသာရေးကို ဇောင်းပေးတွဲဖက်တာတွေ့ရ တယ်။ • အမျိုးသားရေးတာဝန်…. ဘာသာရေးတာဝန်တွေ...

တရုတ်မျိုးချစ်

မြန်မာကိုင်ဆွဲထားတဲ့ အမျိုးသားရေးဝါဒနဲ့ တရုတ်အမျိုးသားရေးဝါဒ အကြား ထိပ်တိုက်တွေ့မှုဖြစ်လာနိုင် သလား။ Nationalist-China-by-Min-ThaytDownload မြန်မာပြည်မှာ အမျိုးသားရေးဝါဒလို့ ပြောရင် များသောအားဖြင့် မြန်မာ့တပ်မတော်ကိုသွားမြင်ကြတယ်။ နောက်ပြီး မဘသ အုပ်စုကို မြင်ကြပါလိမ့်မယ်။ အမျိုးသားရေးဝါဒဆိုတာကို လက်နက်ကိုင်မြန်မာတပ်နဲ့ မဘသ အုပ်စုနှစ်ခုကိုပဲ ကိုင်ပြီး အနက်ဖွင့်မယ်ဆိုရင် အင်မတန် ကျဉ်းမြောင်းရာကျပါတယ်။ အမျိုးသားရေးဝါဒဆိုတာ ကျယ်ပြန့်နက်ရှိုင်းတဲ့သဘောဆောင်ပါတယ်။ မြန်မာပြည်မှာ တပ်နဲ့ မဘသ အုပ်စုဟာ...