စာရေးတဲ့စိတ်ကို ကျင့်ရမှာ 

စာရေးတဲ့အလုပ်ဟာ စိတ်အလုပ်နော်။ တချို့က စာရေးတယ်ဆိုတာ လက်က ရေးတယ်လို့ ထင်နေတာ။ မဟုတ်ဘူး။ စာရေးတယ်ဆိုတာ စိတ်အလုပ်။ စိတ်က ရေးနေတာ။ စိတ်က တွေးတဲ့အတိုင်း လက်က လိုက်ပါ ရတာ။ စိတ်က စေစားတဲ့အတိုင်း လက်က လိုက်လုပ်ရတာ။ စိတ်က အမိန့်ပေးတဲ့အတိုင်း လက်က နာခံရတာ။ စိတ်က ပုံဖော်တဲ့အတိုင်း လက်က ကပြအသုံးတော်ခံရတာ။  ဆရာ...

အပြောဟန် နဲ့ အရေးဟန် 

(ရေးသူကမှ ဂဃနဏ မသိဘဲ ရေးရင် ဖတ်သူက ရှင်းရှင်းလင်းလင်း ဘယ်သိနိုင်မလဲ)  ပြောဟန်နဲ့ ရေးတဲ့အခါ အားသားချက်တွေ အများကြီး ရှိတယ်။ ဒါကို ဒီအတိုင်းပြောရင် သိပ်မသိဘူး။ ရေးကြည့်မှ သိတယ်။ စာရေးဖူးမှ သိတယ်။ စာကို အရေးဟန်နဲ့လည်း ရေးဖူးမှ၊ စာကို အပြောဟန်နဲ့လည်း ရေးဖူးမှ။ ဒီနှစ်မျိုးစလုံး ရေးဖူးမှ - အဲသည့် ဟန်နှစ်မျိုးရဲ့...

ကလျာဏမိတ္တ စာအုပ်

ငယ်စဉ်ဘဝတုန်းက၊ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတဲ့ စကားကို ခဏ ခဏ ကြားခဲ့ရဖူးတယ်။ ဆက်ကျော်သက် ဘဝမှာ ကိုယ်တိုင် စာဂျပိုး စစ်စစ် ဖြစ်လာတယ်။ ဒီတော့ စာအုပ်တွေ လျှောက်ဖတ်တယ်။ ရတတ်သမျှ စာအုပ် စာစောင်က ကိုယ်နဲ့ လွတ်တာ မရှိသလောက်။ ဒီလိုနဲ့ ဖတ်ပါများလာရင်း စာအုပ်တွေ အကြောင်း နည်းနည်း သိလာတယ်။ လူ့အကြောင်း...

ဘယ်လို ရေးမှာလဲ

ရေးတာဟာ ပြောတာပဲ  ပြောတာကို ရေးနိုင်ရင် ဒါဟာ စာရေးတတ်တာပဲ  ရေးတဲ့အခါ ဘယ်လို ပြောမလဲ  ဝေ့မပြောနဲ့  ဝိုက်မပြောနဲ့  ဒဲ့ပြော  အပိုဆာဒါးတွေ မထည့်နဲ့  ဆက်စပ်တာကိုတော့ သိုင်းဝိုင်းပြောတတ်ရမယ် သိုင်းဝိုင်းဆက်စပ်ပြောတာကို အပိုဆာဒါးတွေလို့ မထင်နဲ့  လိုရင် အနက်တူ အဖွင့်တူ အသွင်ကူ ဓာတ်ခံတူ နာမ်တွေ၊ နာမ်စားတွေ၊ နာမဝိသေသနတွေကို စီပြီး၊ စဉ်ပြီး၊ ဆက်ပြီး...

စခရင်နဲ့ စက္ကူပေါ်က ရာခိုင်နှုန်းများ

၂၀၂၁ ခုနှစ် ၊ အောက်တိုဘာ (၁၃)။ လွန်ခဲ့သော (၆) လကျော်လောက်က၊ “စာဖတ်သူ စစ်တမ်း” တစ်ခု ကျနော် ကောက်ခံခဲ့ပါတယ်။ မေးခွန်းအားလုံးကို ဖြေဆိုတဲ့သူ စုစုပေါင်း (၆၆၇) ယောက် ရှိပါတယ်။ ‘စာဖတ်သူစစ်တမ်း’ မှာ မေးတဲ့ မေးခွန်း နံပါတ် (၆) နဲ့ (၉) အတွက် တွေ့ရှိချက်တချို့ကို တင်ပြချင်တယ်။...

စာမရေးဆရာ

★ စာတွေ အရေးများလာရင်း၊ “နိုင်ငံရေးဆောင်းပါးတွေ ရေးတဲ့အခါ အလိုအပ်ဆုံးက ဘာပါလိမ့်” လို့ ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ကြည့်တယ်။ လိုအပ်တာတွေကတော့ အများကြီးပါပဲ။ နိုင်ငံရေးဆောင်းပါးတွေ ရေးတဲ့အခါ နိုင်ငံရေးအရ အထူအပါးနားလည်ဖို့ လိုတယ်။ သီအိုရီနဲ့ လက်တွေ့ဖြစ်စဉ်အကြားမှာ မျှခြေညှိနိုင်ဖို့ လိုတယ်။ နိုင်ငံရေးအခြေခံသဘောတရား ကြေညက်ဖို့ လိုတယ်။ နေ့စဉ် သတင်းတွေကို စားသုံးတတ်ရမယ်။ သမိုင်းကို နားလည်ရမယ်။ နိုင်ငံတကာဖြစ်ရပ်...

ဂဃနဏ မကွဲပြားဘဲ ရောထွေးနေသော စကားလုံးများ

★ နေ့စဉ်မြန်မာတွေသုံးနှုန်းတဲ့ စကားလုံးတွေထဲမှာ ဆင်တူကြောင်းကွဲတွေ ခပ်များများရှိတယ်။ လူအတော်များများ ဟာ စကားလုံးတွေကို အဆုံးထိနှိုက်ထုတ်လေ့လာတာမျိုး မလုပ်တတ်ကြဘူး။ သူတို့စိတ်ထင်ကြေးတွေနဲ့ပဲ သတ်မှတ်ခံယူထားတာများတယ်။ စကားလုံးတွေရဲ့ အနက်အဓိပ္ပာယ်ကို ကောင်းစွာနားလည်အောင် လုပ်တာဟာ၊ ပညာသင်ယူခြင်းတစ်မျိုးလည်းဖြစ်တယ်။ တနည်းအားဖြင့် ပညာဆိုတာ စကားလုံးတွေကို နားလည်အောင် လုပ် တာလို့ ဆိုနိုင်တယ်။ ကျနော်တို့ဟာ ကျနော်တို့ နိစ္စဓူဝ သုံးစွဲနေတဲ့ စကားလုံးဝေါဟာရတွေရဲ့ အနက်ကို...

ကျနော် ဘာကြောင့် စာရေးသလဲ

★ ကျနော် ဘာ့ကြောင့် စာရေးသလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို မေးတဲ့အခါ၊ အဖြေတွေ အများကြီး ထွက်လာ တယ်။ အဖြေဆိုတာထက် အကြောင်းပြချက်တွေ အများကြီး ရှိတယ်လို့ ပြောရင် ပိုမှန်မယ်။ အကြောင်းပြချက်တွေ ခပ်များများ ရှိအောင်လည်း ကျနော် ကိုယ်တိုင် ရှာဖွေ တည်ဆောက်ထားတယ်။ “ထောက်ထားတယ်” လို့ ပြောရင် ပိုမှန်မယ်ပေါ့။ ဘာလို့လဲဆိုတော့ …...

ဝေဖန်ရေးသမားတစ်ယောက်၏ သံဝေဂကထာ

★ ကျနော် ရေးတဲ့ ဆောင်းပါးအများစုဟာ ဝေဖန်ရေးဆောင်းပါးတွေလို့ ပြောလို့ ရပါတယ်။ များသောအားဖြင့်၊ နိုင်ငံရေးဝေဖန်ချက်ဆောင်းပါးတွေနဲ့ လူမှုဝေဖန်ချက်ဆောင်းပါး အများစု ဖြစ်ပါတယ်။ စာပေနဲ့ပတ်သက်တဲ့ဆောင်းပါးတွေ ကျနော် ရေးလေ့ရှိပေမယ့်၊ စာပေဝေဖန်ရေး မဆန်ဘူးလို့ ထင်ပါတယ်။ စာပေမှာကတော့ စာအုပ်အကြောင်း၊ စာရေးဆရာအကြောင်း၊ စာရေးခြင်း အကြောင်း၊ စာဖတ်ခြင်းအကြောင်း၊ စာပေရဲ့သဘောသဘာဝအကြောင်း ရှင်းလင်းတင်ပြတာမျိုးသာ ကျနော် အရေးများပါတယ်။ စာအုပ်အညွှန်းအရေးများပေမယ့်၊ စာအုပ်ဝေဖန်ချက်တော့...

ဦးစိုးသိန်း ၏ စာအုပ်

ဦးစိုးသိန်း ကိုယ်တိုင်က၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်သလို၊ ဒုတိယ - ဗိုလ်ချုပ်ကြီး အငြိမ်းစား တစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၀ - ၂၀၁၅ အစိုးရသက်တမ်းကာလအတွင်းမှာ၊ စစ်ယူနီဖောင်းချွတ် အရပ်သားအစိုးရအဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တယ်။ ထိုနည်းလည်းကောင်း သမ္မတရုံးဝန်ကြီး တာဝန်ကို ယူခဲ့သူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဦးစိုးသိန်း၊ ဦးအောင်မင်းနဲ့ ဦးတင်နိုင်သိန်းတို့ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးဖြေလျော့ရေးလုပ်ငန်းစဉ်တွေရဲ့ စီယာတိုင်ကို ထိထိမိမိ...