◾ ဗမာ့ အတိတ် ၊ ပစ္စုပ္ပန် ๑ ─────●●───── ๑

မြန်မာပြည်နိုင်ငံရေးကို ကြည့်လျှင်၊ အတိတ်၏ လွှမ်းမိုးမှုများ ကြီးစိုးနေသည်ကိုတွေ့ရသည်။ သမိုင်းဖြတ်သန်းမှု မှလာသော နာကျည်းချက်များ၊ အာဃာတများကို လက်ရှိပစ္စုပ္ပန်အထိ သယ်ဆောင်လာသည်ကို တွေ့ရသည်။ မြန်မာတို့သည် အတိတ်လွမ်းဝေဒနာ စွဲကပ်နေသော လူ့အဖွဲ့အစည်းဖြစ်နေသည်။ အတိတ်၏ ခါးသီးသော ဖြစ်ရပ်များ၊ မေ့မရနိုင်သော ဒဏ်ရာဟောင်းများသည် ပစ္စုပ္ပန်ကို လွန်၍ အနာဂတ်ထိအောင် သယ်ဆောင်လို သော သဘောကို တွေ့နေရသည်။ ပြင်းထန်သော ဖိနှိပ်မှု၊...