*** [Ignorance is a Crime]

[Ignorance is a Crime] တဲ့…။ ဒီစာကို ဖတ်ဖူးတာ ကြာပါပြီ။ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်လောက်ကတည်းက၊ ဒီစာကို စိတ်ထဲမှာ စွဲနေတာ။ [Ignorance is a Crime] [Ignorance is a Crime] အစက ဒါကို သိပ်နားမလည်ပါဘူး။ နောက်တော့ တဖြည်းဖြည်းနားလည်လာသလို ရှိတယ်။ ဒါပေမယ့် အခုတော့...

ရယ်ဒီကယ် [radical]

နိုင်ငံရေးမှာ၊ ရယ်ဒီကယ် [radical] ဆိုတဲ့ စကားလုံးကို ခဏ ခဏ တွေ့ဖူး ကြားဖူးမှာပါ။ ဘာကို ဆိုလိုတာလဲ။ ဒီစကားလုံးက အင်္ဂလိပ်ဝေါဟာရကို တိုက်ရိုက် မြန်မာအသံ ဖလှယ်ထားတာဖြစ်ပါတယ်။ မြန်မာလို အနက်ပြန်ရရင် [အလွန်အကျူး] [အလွန်အကျွံ] လို့ အနက်ထွက်တယ်။ ဒါကိုပဲ [အစွန်းရောက်] လို့ အနက်ပြန် ကြတာ ရှိတယ်။ တစ်ခုခုကို အလွန်အကျွံ...

⦿ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။။

ဆယ်ကျော်သက်အရွယ်တုန်းက ဘရုစလီ (Bruce Lee) ရဲ့ ဘဝရုပ်ရှင်ကို ကြည့်ဖူးတယ်။ အဲသည့်တုန်းက ကျနော်က စာဂျပိုး ပေါက်စ။ စာရေးဆရာ ဖြစ်ကို ဖြစ်ရမယ် ဆိုတဲ့စိတ်နဲ့ ရတတ်သမျှ စာအုပ်၊ စာစောင်တွေကို အငမ်းမရ သိမ်းကြုံးဝါးစားနေတဲ့ ကာလ။ ဘရုစလီရဲ့ ဘဝဇာတ်ကြောင်းကို သိပ်စိတ်ဝင်စားတယ်။ ဒီလိုနဲ့ သူ့ဘဝကို ရုပ်ရှင်ထဲက လေ့လာရင်း စာရေးဆရာ ဖြစ်ဖို့...

⦿ ကျော်ဝင်းညွှန်းသော မြန်မာစာအုပ်များနှင့် နိုင်ငံတကာစာအုပ်များ

တချို့စာတွေဟာ မြည်းကြည့်ဖို့။တချို့စာတွေဟာ ဝါးဖို့။တချို့စာတွေဟာ မြိုချဖို့။ _______________________(ဖရန်စစ်ဘေကွန်) • ကျော်ဝင်းဟာ စာအုပ်တွေအကြောင်း ပြောခဲ့ပါတယ်။ စာအုပ်တွေကို အညွှန်းရေးခဲ့ပါတယ်။ စာအုပ်တွေ ဖတ်ပြီး သူမြင်တာကို ပွင့်ပွင့်လင်းလင်း တို့ထိ ရေးသားပါတယ်။ အဲသည့်လို ရေးသားချက်တွေထဲမှာ တချို့ကို တို့ရုံ တို့တယ်။ တချို့ကို ထိရုံ ထိတယ်။ တချို့ကို သဘောထား ထင်မြင်ချက်တွေ ပေးတယ်။ တချို့ကျတော့...

အမှီအခိုကင်းအောင် လုပ်ပေးလိုက်ပါ

⦿ သူ့ဟာသူ တတ်နိုင်တဲ့ကိစ္စမှာ ကိုယ်က ဝင်ပြီး လုပ်ပေးနေတာထက် သူတစ်ပါးပေါ် မှီခိုမှု မရှိဘဲ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူ ဖြစ်လာအောင် အထောက်အကူပြုတာက ပိုပြီး ချစ်ရာရောက်ပါတယ်။ ဒီစာဟာ — ဆရာတော် ဦးဇောတိကရဲ့ မေတ္တာတရား (လမ်းပျောက်ရာမှ လမ်းမှန်ပေါ်ရောက်လာသူ) စာအုပ်၊ စာမျက်နှာ ၂၃ က ကောက်နုတ်ချက်ဖြစ်ပါတယ်။ ကျနော့်အထင် ဒီစာအုပ်ဟာ — ချစ်တတ်တဲ့လူ...

⦿ ဒေါ်စု ပြန်လွတ်လာခဲ့ရင်

ပါတီကိုတော့ သူ လက်လွှတ်မှာ မဟုတ်ပါ။ ဒေါ်စုအနေနဲ့ NLD နဲ့ NUG ဘယ်သူ့ရွေးမလဲလို့ ပြောရင် ဒေါ်စုအနေနဲ့ NLD ကိုပဲ ရွေးပါလိမ့်မယ်။ ဒေါ်စုအနေနဲ့ သူ မရှိခင်၊ သူ မသိဘဲ ပေါ်လာတဲ့ NUG အပေါ် အလုံးစုံ တာဝန်ခံမှာ မဟုတ်ပါ။ တာဝန်ခံစရာလည်း မလိုပါ။ ဒါပေမယ့် လုံးဝ ငြင်းပယ်တာမျိုးလည်း...

⦿ မြန်မာပြည်လက်နက်ကိုင်နိုင်ငံရေးအထာ

မနေ့က ကျနော့် အစ်ကိုနဲ့ စကားပြောရင်း၊ တချို့ ပြောဖြစ်တဲ့ စကားတွေ ရှိတယ်။ တချို့က ထင်နေကြတယ်။ ဒီပွဲကို အနိုင် / အရှုံးရယ်လို့ သိပ်ပြောကြတာပဲ။ ကျနော်ကတော့ သူ့ကို ပြောတယ်။ ဒါက လက်ဝှေ့ပွဲလို မဟုတ်ဘူး။ ဒီတော့ အနိုင် အရှုံးရယ်လို့ ပြောလို့ မရဘူး။ ဘယ်သူ့ ဘယ်လို အားသာလာသလဲ၊ ဘယ်သူက...

စာအုပ်လက်ဆောင်

စာသမားက စာအုပ်လက်ဆောင်ရရင်၊ ပျော်တယ်။ ဆယ်ကျော်သက်အရွယ်တုန်းက မှတ်မိသေးတယ်။ စာအုပ်များများ စားစား ဝယ်မဖတ်နိုင်ဘူး။ အကန့်အသတ် ရှိတယ်။ ဒါ့ကြောင့် ရှိတဲ့ စာအုပ်ကိုပဲ ကြေအောင် ဖတ်ခဲ့ရတယ်။ မှတ်မှတ်ရရ…၊ စိတ်ပညာပဒေသာ ဆိုတဲ့ စာအုပ်။ စိတ်ပညာသုတေသနဆောင်းပါးတွေကို စုစည်းထားတဲ့ စာအုပ်။ အဲသည့်ကနေ စပြီးတော့ စိတ်အကြောင်းကို စိတ်ဝင်စားခဲ့တယ်။ သိပ္ပံနည်းကျစိတ်ပညာကို တို့မြည်းပြီး နောက်ပိုင်း ၊...

⦿ အခြေအနေရဲ့ စေစားခံ မဖြစ်စေနဲ့

တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်အလုပ်ကို လုပ်နေစမ်းပါ။ အခြေအနေတွေ ပြောင်းသွားတိုင်း ဘဝက လိုက်ပြောင်းတာမျိုး မဖြစ်စေရဘူး။ ဒါဆိုရင် သေချာတယ်၊ အခြေအနေက ကိုယ့်ကို လွှမ်းမိုးနေပြီ။ အခြေအနေက ကိုယ့်ကို ပြဋ္ဌာန်းနေပြီ။ အခြေအနေရဲ့ အပြဋ္ဌာန်းခံဘဝကို ရောက်နေပြီဆိုကတည်းက ကိုယ်က အခြေအနေရဲ့ အစေစားခံဖြစ်နေတယ်။ အခြေအနေကို ကိုယ်က မပြုပြင်နိုင်ဘူး၊ မစီရင်နိုင်ဘူး၊ မဖန်တီးနိုင်ဘူးဆိုတဲ့သဘောဖြစ်နေတယ်။ လူဟာ အခြေအနေကို ဖန်တီးနိုင်ရမယ်။...

၁၉၉၁ – ကိုယ်ရေးအတ္ထုပ္ပတ္တိ

စာအုပ် နာမည်က “၁၉၉၁” ဖြစ်ပါတယ်။  ကျနော့် မွေးနှစ်ကို အစွဲပြုပြီး ပေးထားတဲ့ စာအုပ်နာမည်ပါ။   ကျနော့်ကို ၁၉၉၁ ခုနှစ် ဒီဇင်ဘာ (၁) ရက်နေ့မှာ မွေးတယ်။  ဇာတိချက်မြှုပ်က၊ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မြို့မ ရပ်ကွက်ဖြစ်ပါတယ်။  ကျနော်က ပုသိမ်ကြီး အထက ကျောင်းမှာ၊ ဆယ်တန်းအောင်ခဲ့တယ်။  နည်းပညာတ္ကသိုလ် (မန္တလေး) မှာ ငါးနှစ်တက်ခဲ့တယ်။ ...