စာပေ၊ အနုပညာ ဖန်တီးခြင်း

အထူးသဖြင့် စာပေနဲ့ အနုပညာနယ်။ အောင်မြင်တယ် / မအောင်မြင်ဘူးဆိုတဲ့ ကြားမှာ စည်းလေး ခပ်ပါးပါးပဲ ခြားတယ်လို့ ထင်တယ်။ ဒါက ကျနော့် ရှုမြင်ချက်ပါ။ အဲသည့်ဟာက ဘာလဲဆိုတော့၊ တစ်ခုကောင်း နှစ်ခုကောင်း ဖန်တီးပြီး ရပ်သွားတာပဲ။ စာပေမှာပဲ ဖြစ်ဖြစ်၊ အနုပညာမှာပဲ ဖြစ်ဖြစ် တကယ့် ပရိသတ်ရှေ့ကို ဒေါင်းဒေါင်းပြေး ရောက်လာပြီး နှစ်ပေါင်းများစွာကတည်းက လက်ခံမှုလည်း...

နိုင်ငံရေး – ဒဿနိက – သမိုင်း

၂၀၂၃ ဩဂုတ် ၂၉ ၊ ဗန်ကူးဘား ကနေဒါ။ နိုင်ငံရေးကို လေ့လာတဲ့နေရာမှာ၊ အခြေခံသီအိုရီ ကြေညက်ဖို့ လိုတယ်။ အခြေခံသီအိုရီကို လေ့လာတဲ့နေရာမှာ အဓိက ကျတာကတော့ နိုင်ငံရေးဒဿနိကဗေဒ (နိုင်ငံရေးအတွေးအခေါ်) ကို လေ့လာဖို့ လိုတယ်။ ဒါကို political philosophy လို့ ခေါ်တယ်။ political science ကို လေ့လာတဲ့နေရာမှာ political...

လှိုင်းနဲ့ လူငယ်

၂၀၂၃ ဩဂုတ် ၂၈ ၊ ဗန်ကူးဘား ကနေဒါ။ အပျိုး။ တချိန်တုန်းက စတိုင်သစ်မဂ္ဂဇင်းမှာ ဖော်ပြထားခဲ့တဲ့ ကျော်ဝင်းရဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်ဖြစ်ခဲ့တယ်။ ဒီဆောင်းပါးကို ပြန်ဖတ်မိချိန်မှာ နှစ်ပေါင်း (၂၀) ရှိခဲ့ပြီဆိုတာကို သတိချပ်စေချင်ပါတယ်။ (စတိုင်သစ်၊ ဧပြီ ၂၀၀၃) ဖြစ်ပါတယ်။ စိန်ခေါ်ကြသူများ စာအုပ်မှာ ပြန်လည်ဖော်ပြတာတွေ့ရတယ်။ လူငယ် အကြောင်းရေးထားတဲ့အပိုင်း။ ခေါင်းစဉ်က...

ပြည်သူ့ရေးရာမူဝါဒကျောင်းသား

၂၀၂၃ ဩဂုတ် ၂၈ ၊ ဗန်ကူးဘား ကနေဒါ။ ကျနော် ပညာသင်ဆုရပါပြီ။ ကနေဒါနိုင်ငံ၊ University of British Columbia (UBC) မှာ ပြည်သူ့ရေးရာမူဝါဒ နဲ့ ကမ္ဘာ့အရေး ဘာသာရပ်နဲ့ မဟာဘွဲ့ကို တက်ရောက်ခွင့်ရတာ ဖြစ်ပါတယ်။ အခုတော့ ပြည်သူ့ရေးရာမူဝါဒ ကျောင်းသား ဖြစ်ဖို့ ၊ ကြုံပါပြီ။ တချိန်က နိုင်ငံရေးသိပ္ပံကျောင်းသားဖြစ်ခဲ့ဖို့၊...

ပြည်တွင်းစစ် နဲ့ မြန်မာပြည်

၂၀၂၃ ဩဂုတ် ၂၉ ၊ ဗန်ကူးဘား ကနေဒါ။ ဆောင်းပါးအကျဉ်းချုပ်။။ ဒီဆောင်းပါးဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် အလွယ်တကူ ရပ်တန့်ပြီးဆုံးနိုင် ဖွယ် မရှိကြောင်း ရေးသားတင်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။ ဤအဆိုကို ထောက်ခံတင်ပြရမှာ၊ ဆောင်းပါးရှင်ဟာ အကြောင်းပြချက် (၄) ရပ်နဲ့ ပြဆိုရှင်းလင်းထားပါတယ်။ မြန်မာပြည်မှာ၊ ပြည်တွင်းစစ်က လုံးဝ ပြီးပြီးပြတ်ပြတ် ဖြစ်ဖို့ ခဲယဉ်းတယ်။ ကာလရှည်ကြာ...

အထိန်းအထေစနစ်နဲ့ ဒီမိုကရေစီ

၂၀၂၃ ဩဂုတ် ၃၀ ၊ ဗန်ကူးဘား ကနေဒါ။ လစ်ဘရယ်ဒီမိုကရေစီရဲ့ အဓိက အနှစ်အသားတစ်ခုဖြစ်တဲ့ အထိန်းအထေစနစ်ကို ဘယ်လို ထည့်သွင်းမြှုပ်နှံပြီး အစိုးရကို ထိန်းကျောင်းသလဲဆိုတာကို ဒီဆောင်းပါးက ဖော်ပြထားပါတယ်။ ဒီမိုကရေစီကို ဘာလို့ ထောက်ခံတာလဲ၊ ဒီမိုကရေစီကို ဘာလို့ သဘောကျရသလဲလို့ ပြောရင် အဓိက အချက် (၂) ချက် ရှိတယ်။ key word...

ထွက်ပေါက် အယူအဆနဲ့ သမိုင်းလိုအပ်ချက် ဟုတ် / မဟုတ်

***ဂုဏ်သိက္ခာရှိစွာ ထွက်ပေါက်ပေးရေးကိစ္စ [Honorable Exit] ၁။ တချိန်က မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ပတ်သက်ပြီး ဂုဏ်သိက္ခာရှိစွာ ထွက်ပေါက်ပေးရေး (honorable exit) ကိစ္စကို စဉ်းစားခဲ့ကြဖူးတာ ရှိတယ်။ စဉ်းစားတယ်ဆိုပေမယ့် ဒီအယူအဆဟာ ရေပန်းမစားပါဘူး။ အငြိုးအတေးနဲ့ အမုန်းတရား သိပ်ကြီးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ၊ ဒီလိုအယူအဆမျိုးက တိုးမပေါက်ခဲ့သလို အစွန်းရောက်နိုင်ငံရေးဓလေ့ အားကြီးတဲ့ ဗမာနိုင်ငံရေးအသိုင်းအဝိုင်းကြားမှာလည်း ရှုတ်ချစရာ အယူအဆဖြစ်ကောင်း ဖြစ်ခဲ့မှာပါ။...

*** [Public intellectual]

လူထုပညာတတ်ဆိုတာ ဘာလဲ။ [Public intellectual] ဆိုတာ ဘယ်လိုမျိုးလဲ။ [Public intellectual] ဆိုတာ ဘာလဲ။ [Public intellectual] ဆိုတာကို မြန်မာလို အနက်ပြန်ရမယ် ထင်ပါတယ်။ [Public intellectual] ဆိုတာ ပညာတတ် တစ်ယောက်ပါ။ ဒါပေမယ့် ဘယ်လို ပညာတတ်မျိုးလဲဆိုတော့၊ လူထုပညာတတ် လို့ ပြောရမယ် ထင်ပါတယ်။ ဒီစကားလုံးက ကျနော့်အတွက်...

စာပေ – နိုင်ငံရေး – တော်လှန်ရေး

စာပေဟာ နိုင်ငံရေးရဲ့ လက်အောက်ခံလား။ စာပေဟာ နိုင်ငံရေးရဲ့ လက်အောက်ခံ မဟုတ်ဘူး။ နိုင်ငံရေးကလည်း စာပေရဲ့ လက်အောက်ခံ မဟုတ်ဘူး။ စာပေနဲ့ နိုင်ငံရေးဟာ ဘယ်သူ့ ဘယ်သူမှ လက်အောက်ခံ လုပ်ဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် လူတွေက ကိုယ်ရပ်ခံတဲ့ဘက်မှာ ဩဇာကြီးအောင် လုပ်ချင်ကြတယ်။ ဒီတော့ နိုင်ငံရေးက စာပေကို လက်အောက်ခံသဘော မြင်လာတာတွေ ရှိတယ်။ အတိတ်သမိုင်းဖြတ်သန်းမှုကို...

*** [Comparative Politics]

နိုင်ငံရေးသိပ္ပံ ဘာသာရပ်မှာ၊ မဖြစ်မနေ သင်ရတဲ့ ဘာသာရပ် တစ်ခုရှိတယ်။ အဲဒါကို [Comparative Politics] လို့ ခေါ်တယ်။ မြန်မာလို အနက်ပြန်ရရင်တော့ “နှိုင်းယှဉ်နိုင်ငံရေး” လို့ ခေါ်ပါတယ်။ နှိုင်းယှဉ်နိုင်ငံရေး [Comparative Politics] ဟာ နိုင်ငံရေးသိပ္ပံရဲ့ ထီးရိပ်အောက်က ဘာသာရပ်ခွဲတစ်ခုလို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးစနစ်တွေ၊ အစိုးရတွေ၊ နိုင်ငံရေးအပြုအမူတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကို နိုင်ငံအလိုက်...