အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး အတိတ်က အဖေအောင်ဆန်း လုပ်ခဲ့တဲ့ကိစ္စကို တစ်ချက်ပြန်စဉ်းစားကြည့် စေချင်တယ်။ အဖေအောင်ဆန်းတုန်းက ကြည့်နော်။ သူ့အသက် ဘယ်လောက်လဲ။ သူ အင်္ဂလန်ကို သွား လွတ်လပ်ရေးအတွက် ညှိနှိုင်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ပြည်သူ့ကိုယ်စားပြုခေါင်းဆောင် ရဲ့အသက်ကို ကြည့်လိုက်နော်။ အင်္ဂလန်ကို လွတ်လပ်ရေးမဖြစ်မနေပေးဖို့ ရည်ရွယ်ချက်နဲ့ သွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ အသက် ၃၂ တောင် မပြည့်သေးဘူးနော်။ ခင်ဗျား စဉ်းစားကြည့်။

အသက် ၃၂ ဆိုတာ လူငယ်ဘဝကို လွန်ပြီး လူလတ်ပိုင်းအရွယ်ပဲ ရှိသေးတာနော်။ လောက် လောက်လားလားဆိုတဲ့ အင်္ဂလန်က ဗြိတိသျှအင်ပါယာက ငနဲတွေနဲ့ level တူ ပြောတာ။ ဟိုကောင်တွေက သိပ်ကိန်းကြီးခမ်းကြီးနိုင်ကြတာ။ သူ ကိုယ်စားပြုပြီးဆွေးနွေးတယ်နော်။ ဒါကို ဟိုငနဲ သားတွေက ညစ်လိုက်သေးတယ်။

“ကိုအောင်ဆန်း ကျနော်က ဗမာနယ်တွေကိုပဲ လွတ်လပ်ရေးပေးမယ်… ခင်ဗျားက ဗမာလေ။ ဒါ့ကြောင့် ခင်ဗျားက ဗမာတွေကိုပဲ ကိုယ်စားပြုနိုင်မယ်၊ အခု ခင်ဗျားတောင်းတဲ့ လွတ်လပ်ရေးကို ခင်ဗျားပဲ ပေးမယ်ဗျာ။ ကျန်နဲ့ နယ်တွေ အသာထားအုံး။ ဟာ အဲသည်လိုတော့ မဖြစ်ဘူး။ ကျနော်က တစ်နိုင်ငံလုံးကိုယ်စားပြုလာတာ။ ခင်ဗျားတို့ လွတ်လပ်ရေးကို တစ်နိုင်ငံလုံး တစ်ပြည်လုံးကို ပေးမှဖြစ် မယ်။ နေပါအုံးကွ…. ကိုအောင်ဆန်းရ…။ ခင်ဗျားကသာ လွတ်လပ်ရေးတစ်နိုင်ငံလုံးပေးဖို့ ပြောနေတာ။ ဟိုလူတွေရဲ့သဘောထားဆန္ဒကိုလည်း ကျနော်တို့ မသိရဘူးလေဗျာ။ ခင်ဗျားကသာ တစ်တိုင်းပြည်လုံး လွတ်လပ်ရေးအတူ ပေးဖို့ ပြောနေတာ။ ဟိုလူတွေက လိုချင် မလိုချင် ဘယ်လိုလုပ် သိနိုင်မတုန်းဗျ။ ခင်ဗျားဆန္ဒဟာ ခင်ဗျားဆန္ဒပဲလေ။ တခြားသူတွေရဲ့သဘောထားမှ မဟုတ်တာ။ ဒါ့ကြောင့် ကျနော်တို့က လွတ်လပ်ရေးပေးရင် ခင်ဗျားတို့ဗမာပြည်အတွက်ပဲ လောလောဆယ်ပေးထား မယ်။ ကျန်တဲ့ပြည်နယ်တွေက ကျနော်တို့ ဆက်စဉ်းစားမယ်။ ဟာ… အက်တလီ ခင်ဗျား မဟုတ်သေး ဘူး။ ဒီလိုလုပ် ကျနော့် နိုင်ငံ ကျနော် ပြန်မယ်။ ပြီးရင် ပြန်လာမယ်။ ကျနော် ဟိုမှာ ညှိနှိုင်းပြီးတော့ တစ်တိုင်းပြည်လုံး လွတ်လပ်ရေးအတူယူမယ့်သဘောတူညီချက်ကို လုပ်ခဲ့ပြီး ခင်ဗျားတို့ကို သက်သေ ပြမယ်။ ဟုတ်ပြီလား။ ကျနော် ခဏပြန်မယ်။ ပြီးရင် ပြန်လာမယ်။ ကျနော်တို့ အားလုံး အတူတူ လွတ်လပ်ရေးကို ပေါင်းပြီးယူကြမှဖြစ်မယ်ဗျ….”

ဒီလိုနဲ့ဗိုလ်ချုပ်အောင်ဆန်းလည်း အရွယ်နဲ့မလိုက်အောင် ပြည်တွင်းပြည်ပ လွန်းထိုးပြီး နိုင်ငံရေးနည်းနဲ့ ပြန်တိုက်ရပြန်တယ်။ ဒီလိုနဲ့ ပင်လုံစာချုပ်ဆိုတာ ဖြစ်လာတယ် မဟုတ်လား။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်။

အပေါ်က ပြောခဲ့တဲ့ ဒိုင်ယာလော့ခ်တွေကတော့ ကျနော် ဖြည့်စဉ်းစားကြည့်တာပါ။ သမိုင်းနောက်ခံကို မှီးပြီး စာပန်းချီချယ်ပြတာပေါ့။

ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန်ကို သွား။ အက်တလီကို တွေ့။ လွတ်လပ်ရေးပေးဖို့ နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုလုပ်။ အင်္ဂလန်က ကောင်တွေက ဒုတိယကမ္ဘာစစ်ကြောင့် ချိနဲ့နေတယ်သာ ပြောတာ မြန်မာပြည်လို ကိုလိုနီပြုခဲ့တဲ့ နိုင်ငံငယ်လေးကို ရသလောက် ကစားကြည့်ချင်သေးတာ။ ဒီလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်းလည်း မြန်မာပြည်အမြန်ပြေးပြီး ပြည်တွင်းမှာ “ခင်ဗျားတို့ လာကြ…. ကျနော်တို့ တစ်တိုင်းပြည်လုံးကိစ္စ အရေးကြီးနေတယ်။ ဟိုကောင်တွေက ညစ်နေတယ်။ ခင်ဗျားတို့ ကျနော်တို့ သဘောထားဆန္ဒကို သက်သေပြနိုင်မှဖြစ်မယ်။ အချိန်မရှိဘူး။ ကျနော်တို့တွေ သင့်တော်တဲ့ နေရာမှာ စုပြီး အားလုံးကိုယ်စားပြု သဘောတူစာချုပ်လက်မှတ်ထိုးကြရအောင်ဗျာ….” ဆိုပြီး ပြောမှာ ပေါ့။ ဒီတော့ လူမျိုးစုခေါင်းဆောင်တွေကလည်း အောင်ဆန်းရဲ့ စိတ်ဓာတ်ကို သိတယ်လေ။ သူက ရိုးသားတာကိုး။ သူတို့တွေ ကိုယ်တိုင်ကလည်း ခေတ်အမြင်ရှိသလို၊ တကယ် တိုင်းပြည်ကို စုပေါင်း တည်ထောင်ချင်ကြတယ်။ တိုင်းပြည်ကြီးပွားတာကိုပဲ မြင်ချင်တယ်။ ငါတို့ အကျိုးစီးပွားအတွက် အောင်ဆန်းကို နည်းနည်းညစ်ထားမယ်ဆိုတဲ့ စိတ်မရှိဘူး။ ဒါ့ကြောင့် သိပ်များများစားစား လေဖောင်ဖွဲ့ မနေဘူး။ သူတို့က လွတ်လပ်ရေးကို တကယ်လိုချင်တာကိုး။ ဒါ့ကြောင့် ပင်လုံသဘောတူစာချုပ်က မြန်မြန်ဆန်ဆန်ပဲဖြစ်သွားတယ်။ ဒါက ဘာကို ပြသလဲဆိုရင် တကယ်လိုချင်ရင်ဖြစ်ပါတယ်။ တကယ် မလိုချင်ရင်တော့ ၁၀ နှစ်လည်း မဖြစ်ဘူး။ နှစ် ၂၀ လည်းမဖြစ်ဘူး။ နှစ် ၅၀ လည်း မဖြစ်ဘူး။ အဲဒါ ခင်ဗျားမြဲမြဲမှတ်ထား။ အင်္ဂလန်က ပြန်လာပြီး ပင်လုံစာချုပ်ချုပ်တဲ့နေ့က ဘာကြာလို့လဲ။ ခင်ဗျားစဉ်းစား ကြည့်။ သမိုင်းကို ပြန်လှန်ကြည့်။ လွယ်တယ်လို့ ထင်ချင်ထင်မယ်နော်။

ရှင်းရှင်းပြောရရင် ဟုတ်တယ်။ လွယ်တယ်။ ဘာလို့ လွယ်သလဲ သိလား။ အောင်ဆန်းကို လူထုက ယုံကြည်စွာ အပ်နှံထားပြီးသားမို့။ ခင်ဗျားစဉ်းစားကြည့်။ ပြီးတော့ လူမျိုးစုခေါင်းဆောင်တွေမှာ တကယ် လွတ်လပ်ရေးကို လိုလားထက်သန်တဲ့စိတ်က စစ်မှန်လို့။ ပြီးတော့ သူတို့ဆီမှာ ကိုယ်ကျိုးစီးပွား ဆိုတာတွေလည်း ထည့်မစဉ်းစားကြဘူးလေ။ အောင်ဆန်းက တကယ်လုပ်တယ်ဆိုတာ လည်း ယုံကြည်လို့ လွယ်တာ။ အခုနဲ့တော့ နည်းနည်းပဲ ကွာတယ်။ နည်းနည်းလေးပဲနော်။ တကယ့်နည်းနည်း လေး။ ဟဲ ဟဲ ဟဲ ….

အခုဘာလို့ မလွယ်လဲ။ ရှင်းရှင်းလေးပဲလေ။ သိပ်ပြောမနေတော့ဘူး။ ခင်ဗျားတို့ အားလုံးသိပြီးသားပဲ။ ဒီတော့ ပင်လုံစာချုပ်ချုပ်ပြီး သိပ်မကြာပါဘူး။ ပြည်ပက ငနဲသား အင်္ဂလန်က ကောင်တွေက ညစ်ထား လိုက်။ ပြည်တွင်းမှာ အောင်ဆန်းကို မျက်စိစပါးမွှေးစူးပြီး မနာလိုမရှုစိတ်နဲ့ ကဖျက်ယဖျက်လုပ်ချင်တဲ့ ကောင်တွေက ကျားချောင်းချောင်းနေတယ်။ ဒီလိုနဲ့ ဝန်ကြီးများရုံးမှာ လုပ်ကြံမှု ဖြစ်တော့တာပဲ။ ခင်ဗျား စဉ်းစားသာကြည့်။ အောင်ဆန်းခမြာ ဘယ်လောက်ကသီရှာမလဲ။

ဒုတိယကျောင်းသား သပိတ်ဖြစ်တော့ ၁၉၃၆ ။ သူ့အသက် ဘယ်လောက်ပဲ ရှိအုံးမလဲ။ အသက် ၂၃ လောက်ပဲ ရှိသေးတာနော်။ ခင်ဗျားစဉ်းစားကြည့်။ အဲဒီမှာ သူက ကျောင်းသားခေါင်းဆောင်။ ပြီးတော့ နောက်ပိုင်းမှာ နိုင်ငံရေးအလုပ်တွေ လုပ်ပြီး လူထုတိုက်ပွဲတွေမှာ ဦးဆောင်တယ်။ ပြီးတော့ ဒီနည်းနဲ့ မရတော့ဘူးဆိုပြီး ပြည်ပထွက် အကူအညီရှာတယ်။ အဆက်အသွယ်ရပြီး စစ်ပညာသင်ဖို့ လူစုတယ်။ ဂျပန်လက်အောင်မှာ စစ်ပညာသွားသင်လိုက်သေးတယ်။ ပြီးတော့ ထိုင်းဘက်ကနေ လူစုပြီး အင်္ဂလိပ် ကို တိုက်တယ်။ ပြီးတော့ စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းတာဝန်တွေ ထမ်းဆောင်လိုက်သေးတယ်နော်။ ဂျပန်က မဟန်ဘူး။ ဒါ့ကြောင့် ဂျပန်ကို ထပ်တိုက်ဖို့ လုပ်ရပြန်တယ်။ ဒါကလည်း လွယ်တယ်မထင်နဲ့။

အတွင်းစည်းထဲမှာ ရောက်နေတဲ့သူက အတွင်းထဲကို ပြန်တိုက်ရတာ။ လျှို့ဝှက်ရတယ်။ သိမ်မွေ့ရ တယ်။ ဒီနေ့ခေတ်လို သိပ်ဟောင်ဖွာ ဟောင်ဖွာ လုပ်နေလို့ မရဘူး။ ခင်ဗျားစဉ်းစားကြည့်။ အခြေအနေ မဟန်ရင် ဂျပန်ထဲမှာပဲ ရာထူးကြီးကြီးယူထားတဲ့ အောင်ဆန်းကို ဂျပန်တွေ ဖြောင်ဖို့ သိပ်ခက်မှာ မဟုတ်ဘူးနော်။ သိုသိုသိပ်သိပ်လုပ်ရတယ်။ ဒါကလည်း အောင်မြင်တာပဲ။

အင်္ဂလိပ်နဲ့ပြန်ပေါင်းတဲ့ကိစ္စကိုလည်း ကြည့်နော်။ အင်္ဂလိပ်ဖက်က ကြည့်ရင် အောင်ဆန်းဟာ ရန်သူပဲ။ ဒါပေမယ့် ဂျပန်ကို တိုက်ဖို့ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ရတယ်။ ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေပဲ မဟုတ်လား။ ဒီတော့ မြန်မာပြည်တိုက်ပွဲမှာ ဂျပန်ရှုံးတယ်။ အင်္ဂလိပ်က မြန်မာနဲ့ ပေါင်းပြီးနိုင်လိုက် တယ်ပေါ့။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်ပြီးပေမယ့် အင်္ဂလိပ်က ညစ်ထားတယ်။ လွတ်လပ်ရေးချက်ချင်း မပေးဘူး။ ဒါ့ကြောင့် လက်နက်ကိုင်တော်လှန်ရေးနည်းပြီးတော့ နိုင်ငံရေးတိုက်ပွဲ ပြန်စရတယ်။ ဒီမှာ အောင်ဆန်း သိပ်ပင်ပန်းခဲ့တယ်။ ပြည်တွင်းမှာ စေ့စပ်ညှိနှိုင်းရေးတွေ လုပ်ရတယ်။ လွတ်လပ်ရေးရ တော့မယ်ဆိုတာ သေချာတော့ ရာထူးအာဏာ ထိုင်ခုံတွေလည်း ပေါ်လာတော့မယ်လေ။ လုကြယက် ကြတော့တာပေါ့။ ဒီလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်းလည်း မသူတော်တရားဘေးကို ကျရောက်ရရှာတယ်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတော့ သူ့အသက် (၃၂) နော်။ ခုခေတ်အနေနဲ့ ကြည်ရင် ၃၂ နှစ်ဆို တာ လူငယ်လူလတ်ပိုင်းပဲ ရှိသေးတာ။ သူ့အသက်နဲ့ သူလုပ်ခဲ့တဲ့ အလုပ်တွေ၊ သူထမ်းထားတဲ့ ဝန်ကို ခင်ဗျားစဉ်းစားကြည့်။ မလွယ်ဘူး မလွယ်ဘူး။ အခုခေတ်မှာ ၃၀ ကျော် ၄၀ နီးပါးတွေတောင် သိပ် သူငယ်နာစင်ကြသေးတာ မဟုတ်ဘူး။ ဂိမ်းလေး တစ်နှိပ်နှိပ်။ ဖေ့ဘုတ်လေး တစ်ပွတ်ပွတ်နဲ့ သောက် ဖောင်းထုနေကြသေးတာ…..။

အခုလည်းကြည့်။

အဖေအောင်ဆန်းခမြာ… အရွယ်နဲ့ မလိုက်အောင် ဝန်ကို ထမ်းထားခဲ့ရတာ။ ပြီးတော့ က္ကဿာမစ္ဆရိယ နဲ့ မနာလိုဝန်တိုပြီး အောင်ဆန်းသတ်ရင် သူနန်းရမယ်လို့ ထင်တဲ့ကောင်က ရှိသေး။

အခုလည်း ကြည့်။
သမီးအောင်ဆန်းအလှည့်။ ဒေါ်စုခမြာ အသက် (၇၄) ရှိနေပြီ။ တကယ်တမ်းပြောရရင် ကျနော်တို့ အဖွားအရွယ်။ အသက်အရွယ် အိုမင်းနေပြီ။ အသက်အရွယ်ကြီးရင့်နေပြီ။ သူ ထမ်းထားတဲ့ ဝန်ကို ခင်ဗျား စဉ်းစားကြည့်စမ်းပါ။ သူ့အပေါ်မှီခိုကပ်ရပ်နေသူတွေကိုလည်း စဉ်းစားကြည့်စမ်းပါ။ သူရှိမှ ပြောင်ရောင်နိုင်တဲ့ သူတွေအကြောင်းကိုလည်း စဉ်းစားကြည့်စမ်းပါ။ ယောက်ျားတန်မယ့် မိန်းမလို မိန်းမရနဲ့ သောက်ဖောင်းထုနေတဲ့ ကောင်တွေကိုလည်း ခင်ဗျားမြင်ကြည့်လိုက်စမ်းပါ။ ဟိုအမယ်အိုကြီး ခမြာ အရွယ်နဲ့ မလိုက်အောင် သူ့မှာ ထမ်းထားရတဲ့ ဝန်က မသေးဘူး။ စဉ်းစားကြည့်။ မျက်လုံးလေး ကိုလည်း ပြူးပြဲကြည့်။ သူ့မှာ ဆုပ်ကိုင်ထားတာ မရှိဘူး။ သူ့မှာ ကိုယ်ကျိုးစီးပွားဆိုတာ မရှိဘူး။ သူ့မှာ ချမ်းသာကြွယ်ဝပြီး ဇိမ်နဲ့ နေမယ်ဆိုတာ မရှိဘူး။ သူ့မှာ သူ့ကိုယ်ကျိုးစီးပွားအတွက် ဘာမှ လုပ်မထားဘူး။ နောက်လည်း လုပ်မှာ မဟုတ်ဘူး။ စည်းစိမ်လည်း သူ မမက်ဘူး။ သူ့သားသမီး ကောင်းစားရေးဆိုတာလည်း သူ့ခေါင်းထဲမှာ မရှိဘူး။ ခင်ဗျားစဉ်းစားကြည့်။ သူက ဖြတ်စားလှီးစား လုပ်တဲ့သူလည်း မဟုတ်ဘူး။ နိုင်ငံကိုလည်းပေါင်မစားဘူး။ ရောင်းလည်း မစားဘူး။ သယံဇာထုတ်ပြီး အမြတ်ထုတ်တာလည်း သူ မလုပ်ဘူး။ သူ့ဆွေမျိုးကောင်းစားရေးဆိုတာကိုလည်း ပံ့ပိုးတယ်ဆိုတာ ကြားဖူးသလား။ နိုးနိုးနိုး။ လုံးဝ မရှိဘူး။

ခင်ဗျားစဉ်းစားကြည့်။
တစ်နိုင်ငံလုံးအရေးက သူ့ခေါင်းပေါ်မှာ ။ သောက်ဖောင်းထုမယ့် ငနဲသားတွေက တစ်ပုံကြီး။ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ ဝင်ငံနေတဲ့ကောင်တွေက တစ်ပုံကြီး။ ကိုယ့်ထမင်းကိုယ်စားပြီး အကုသိုလ်ဝင်ယူနေတဲ့လူတွေကလည်း တစ်ပုံကြီး။ ကိုယ်ကျိုးစီးပွားပျက်မှာစိုးလို့ ဒေါ်စု မရှုမလှဖြစ်ရေး၊ မရှုနိုင်မကယ်နိုင်ဖြစ်ရေးကို ဘေးတီးပေးကြတဲ့ငနဲသားတွေကလည်း တစ်ပုံကြီး။

ကြည့်ကြသေးတာပေါ့။
အိုင်စီဂျေ ကို သွားတာ မသွားတာ အပထား။
သွားပြီးဖြေရှင်းမယ်ဆိုတာကို ရင်ဆိုင်ရဲတဲ့စိတ်နဲ့ သတ္တိကတော့ အံ့မခန်းပဲ။
လေးစားစရာကောင်းတယ်။
ချီးကျူးစရာကောင်းတယ်။
ဒီကိစ္စဟာ နိုင်ငံရေးအရ မဟာဗျူဟာ ချွင်းချက်ရှိနိုင်တယ်။
အောင်မြင်မှလည်းအောင်မြင်မှာပေါ့။ ဒါပေမယ့် ဘာမှ မဖြစ်ဘူး။
ဒေါ်စုနောက်မှာ လူထုရပ်နေဖို့ပဲ လိုတယ်။
လူထုရပ်နေသရွေ့ ဒေါ်စု လဲမကျဘူး။
လဲကျမယ့် အမျိုးသမီးလည်း မဟုတ်ဘူး။
သူ့ရိုးသားမှုက ထုသားပေသားကျအောင် အစမ်းသပ်ခံခဲ့ပြီးသား။

ဒါဟာ လက်ရုံးရည်တိုက်ပွဲ မဟုတ်ဘူး။
နှလုံးရည်တိုက်ပွဲ။
ခေါင်းဆောင်အရာကို ရောက်တာဟာ ဉာဏ်ပညာဆိုတာထက် စိတ်နေသဘောထားကို ပိုညွှန်းဆိုတာ။ လူတွေဟာ သတ္တိရှိကြပါတယ်။
ဒါပေမယ့် ဗျတ္တိမရှိကြဘူး။
လက်ရုံးအားကိုးနဲ့ သတ္တိရှိပါတယ်လို့ ပြောတဲ့လူတွေ ဗျတ္တိကို အစမ်းသပ်ခံနိုင်လို့လား။
သေရဲမှ သတ္တိမဟုတ်ဘူးနော်။
နေရဲတာလည်း သတ္တိ။

ဒီစကားက ရိုင်းချင်ရိုင်းမယ်။
ခင်ဗျားတို့ ဘယ်လိုပဲ ထင်ထင် ခပ်ကြမ်းကြမ်းပဲ ပြောချင်တယ်။
သိပ်နုရွမနေချင်ဘူး။
ပညာတတ်ဆန်တယ်လို့လည်း အထင်မခံချင်ဘူး။
နလပိန်းတုံးဆန်ချင်တယ်လို့ ထင်ချင်ထင်။
ပြတ်ပြတ်သားသားပဲ ပြောချင်တယ်။

အခု လက်ရှိ ဒေါ်စု အိုင်စီဂျေကို ရင်ဆိုင်လိုက်တဲ့ကိစ္စကို ထောက်ခံတယ်။
ဒေါ်စုဘက်က ရပ်ပါတယ်။

ဒီကိစ္စမှာ ဒေါ်စု လက်တွေ့အရ သွားဖြစ်သည် ဖြစ်စေ၊ မသွားဖြစ်သည် ဖြစ်စေ ရင်ဆိုင်မယ်ဆိုတဲ့စိတ် ဓာတ်ကို ကြိုဆိုတယ်။ အားပေးတယ်။ ဝမ်းသာတယ်။ ချီးကျူးတယ်။
ဒီကိစ္စမှာ မဟာဗျူဟာအရ ချွင်းချက်ရှိပြီး လွဲကောင်းလွဲနိုင်တာပဲ။
ဒါပေမယ့် ဒီလိုသတ္တိကို လေးစားတာ။
ဒီလိုစိတ်ဓာတ်မျိုးကို လေးစားတာ။
လုပ်ငန်းအောင်မြင်မှုဆိုတာက အမျိုးမျိုးဖြစ်နိုင်တယ်။
ကြက်ဥနှစ်ရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်တယ် မဟုတ်လား။
ဒါပေမယ့် ကျနော်တို့ယုံကြည်ထားတယ်။

ကျနော်က ဘယ်ပါတီဝင်မှလည်းမဟုတ်ဘူး။
လော်ဘီလည်း မဟုတ်ဘူး။
ဆော်ဘီလည်း မဟုတ်ဘူး။
အန်အယ်လ်ဒီကို မျက်စိမှိတ်ထောက်ခံနေတဲ့ ငနဲသားလည်းမဟုတ်ဘူး။
လမ်းချင်းတူလို့ လူချင်းတွေ့ရင် ပူးပေါင်းပြီး ကူညီတယ်။
ဒီအရေးကိစ္စမှာ။
ဒေါ်စုရဲ့ စိတ်ဓာတ်ကို သိရလို့ လေးစားတယ်။
ကြည်ညိုတယ်။
ဒေါ်စုဟာ တို့ကို သဘာဝက ပေးထားတဲ့ လက်ဆောင်ပဲ။
ထပ်မရနိုင်ဘူး။

မင်းသေ့
We stand with Aung San Suu Kyi.

နေ့လယ် ၁၂ း ၁၀
၂၂ ၊ နိုဝင်ဘာ ၊ ၂၀၁၉ ။

Previous post စိတ်လုံချင်တယ် စိတ်သန့်ချင်တယ်
Next post အခန်း (၃) ဖြတ်သန်းရမှု